Wimax အင်တာနက်လိုင်း ရောင်းချသည့် Redlink ကုမ္ပဏီ သည် ယခုလအတွင်း
ရန်ကုန်ဆေး တက္ကသိုလ် (၁) ၌ အခမဲ့အင်တာနက် စနစ်အသုံးပြုနိုင်ရန် စီစဉ်ပေးခဲ့
သည်ဟု သိရသည်။ Redlink အနေဖြင့် ရန်ကုန် တက္ကသိုလ်၊ ရန်ကုန်ဘူတာကြီး၊
ရန်ကုန်ပြည်တွင်းလေဆိပ်၊ မန္တလေး တက္ကသိုလ်၊ မန္တလေးအပြည်ပြည်
ဆိုင်ရာလေဆိပ်တို့၌ အခမဲ့အင်တာ နက်စနစ် အသုံးပြုခွင့်ရရှိနိုင်ရန်
ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။ လက်ရှိအချိန်၌
ပုဂံလေဆိပ် နှင့်ပုဂံရှိဘုရားသုံးဆူ၌ အခမဲ့ အင်တာနက်စနစ်ကို
အသုံးပြုနိုင်သည့် အပြင် ရန်ကုန်မြို့၌ ရွှေတိဂုံဘုရား၊ရန်ကုန် အပြည်ပြည်
ဆိုင်ရာလေဆိပ်၊နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကန်တော်ကြီးနှင့် မန္တလေး၌ မဟာ
မုနိဘုရားကြီးတွင် အခမဲ့ အင်တာ နက်စနစ်ကို အသုံးပြုနိုင်နေသည် ဟု သိရသည်။
Saturday, August 2, 2014
Redlink မှ အခမဲ့အင်တာနက်အသုံးပြုနိုင်သည့်နေရာများတိုးချဲ့မည်
Labels:
Myanmar News,
News,
Technology News
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment