Pages

Showing posts with label Tips & Tricks. Show all posts
Showing posts with label Tips & Tricks. Show all posts

Sunday, August 14, 2016

How to upgrade iOS 10 Official Beta Public Version

ကျနော်ပိုစ်မတင်ဖြစ်တာ ၂ နှစ်လောက်ရှိသွားပြီ.။ အခုတော့ အသစ်အဆန်းလေးတွေ နဲ့ ပြန်ရောက် လာပါပြီ.။ ဒီပို့ စ်မှာတော့ iOS 10 Official Beta Public Version တင်နည်းလေးကိုပြောပြမှာပါ.။ ပုံမှန်ကျနော် တို့ iPhone, iPad တွေမှာ Software Update လုပ်ချင်ရင် Settings>>Software Update ကိုသွားရပါတယ်။ ဒီ Beta Version မှာတော့ Apple ကနေ profile တခုယူပေးရပါတယ်။ အဲ့တော့မှ Settings>> Software Update ဆိုတဲ့နေရာမှာပေါ်လာတာပါ.။ ဒါကလဲ Beta Version မို့ ပါ.။ Release Version တွေကျရင် Profile ယူစရာမလိုတော့ပါဘူးဗျာ.။ နောက်တခုက လူတော်တော်များများက Profile သွင်းရတယ်ဆို ကြောက်တတ်ကြတယ်.။ တကယ်တော့ ဒီ Profile မှာ Verified ဖြစ်ပီးသားနဲ့  Unverified ဆိုပီး ၂ မျိုးရှိပါတယ် Apple Company ကနေ Verified ပီးသား ဆိုရင် သုံးလို့ အဆင်ပြေပါတယ်ဗျာ.။ တခြား Mod app တွေသုံးချင်လို့ Profile ဆိုရင်တော့ Unverified ပေါ့.. Unverified ဆိုရင်တော့ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ.။ ကဲပြောနေကြာပါတယ်. Topic လဲလွယ်မှာစိုးလို့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပေးပါတယ်။ တဆင့်ချင်းသေချာလိုက်လုပ်ကြည့်ပေးကြပါ.။

Step 1 : အရင်ဦးဆုံး မိမိ iPhone ကနေ Safari ကိုဖွင့်ပီး  ဒီလင့်လေး ကို သွားပေးပါ.။ https://beta.apple.com/sp/betaprogram/

Step 2 : Sign Up ဆိုတာလေးကိုနှိပ်ပေးပါ.။

Step 3 : မိမိရဲ့  Apple ID ကို ရိုက်ထည့်ပေးပါ..။ ပီးရင် Sign In လိုက်ပါ။ ဒီနေရာမှာ တခုပြောချင်တာက Apple ID မရှိရင် တော့အဆင်မပြေပါဘူး.။ Apple ID ဖွင့်ချင်ရင်တော့ ဒီလင့်ကနေ သွားပါ။ Apple ID ဖွင့်နည်းကိုတော့ နောက်မှ အသေးစိတ် တင်ပေးပါ့မယ်.။ https://appleid.apple.com/account#!&page=create

Step 4 : Apple ID နဲ့ ဝင်ပီးပီ ဆိုရင်တော့ အောက်ကလိုပေါ်လာမှာပါ..။ အဲ့ကျရင် iOS ဆိုတာကိုနှိပ်ပေးပါ။ 


Step 5 : iOS ကိုနှိပ်လိုက်ရင် အောက်ကလိုကျလာပါလိမ့်မယ်။ မတွေ့ ရရင် Scroll ဆွဲချကြည့်ပါ... Get Started ဆိုတာမြင်ရမှာပါ အဲ့ဒီမှာ enroll your iOS device ဆိုတာကိုနှိပ်ပေးပါ.။
 


Step 6 : ကဲ ဒီစာမျက်နှာပဲထပ်မြင်ရပြန်ပြီ..။ ကိစ္စမရှိပါဘူး အောက်ကို Scroll ဆွဲချကြည့်လိုက်ပါ.။ Step by Step လုပ်နည်းလေးတွေပြောပြထားပါတယ်။ Step 1 ကတော့ PC နဲ့ချိတ်ပြီး Backup လုပ်ရတဲ့အဆင့်ပါ ... ဒါကလဲကိုယ်လုပ်ချင်မှပါ.။ မကြာသေးခင်ကမှလုပ်ထားရင်တော့မလုပ်ချင်လဲရပါတယ်။ ကျနော်ကတော့ အဲ့အဆင့်ကိုကျော်လိုက်ပါတယ်။



 Step 7 : Step 2 မှာ တော့ Download Profile ဆိုတာကိုနှိပ်ပေးပါ.။
 

Step 8 : ပီးရင် Profile ပေါ်လာရင် အပေါ်ဘက်ညာဘက်ထောင့်မှာ Install ဆိုတာလေးနှိပ်ပေးလိုက်ပါ.။  ပြီးရင် Profile သွင်းဖို့ Accept လုပ်ဖို့ဆိုပြီးတောင်းလာရင် Accept လုပ်ပေးလိုက်ပါ.။  ဒါဆိုရင် Profile Install လုပ်ပီးပါပီ.။ လုပ်ပီးလို့ Restart လုပ်ဖို့ တောင်းရင် လုပ်ပေးလိုက်ပါ.။ 


 Step 9 : Restart လုပ်ပီးပြန်တက်လာရင် နောက်ဆုံးအဆင့်အနေနဲ့ ပုံမှန် iOS Update လုပ်သလိုပါပဲ.။ Settings >> General >> Software Update ဆိုတာကိုသွားပါ ခနစောင့်ပါ သူ checking လုပ်ပါလိမ့်မယ်။ ပီးရင်တော့ အောက်ကပုံလို iOS 10 Beta ဆိုပီးပေါ်လာပါပြီ..။ Download and Install ကိုနှိပ်ပီး ပုံမှန် update လုပ်သလိုပဲလုပ်သွားရုံပါပဲ...။ ပီးသွားရင်တော့ ဘယ်လို feature တွေပါလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲရင်ခုန်စောင့်စားကြည့်လိုက်ပါလို့ပြောလိုက်ပါရစေ.။




အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ.။ အကြာကြီးနေပြီးမှ post တင်နိုင်တာကိုလဲ တောင်းပန်ပါရစေ.။

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Thursday, August 14, 2014

Oppo R 829 .. Version 4.2.2 ကို အလွယ်ဆုံး Root ပြီးမြန်မာ ဖေါင့်ထည့်ကြမယ်

အားလုံး မင်္ဂလာပါနော်..သည်နေ့တော့ ကျွန်တော် လက်တွေ့စမ်းသတ်ထားတဲ့ နည်းလမ်းလေး နဲ့ သတင်းကောင်းလေးတစ်ခုပါးလိုက်ပါရစေ.... သည်နည်းလးမ်လေးကတော့  ခုမိုဘိုင်းလောကမှာ ၀င်ရောက်လာတဲ့ OPPO ဖုန်းအကြောင်းဆိုပါတော့  ကျွန်တော် သည်နေ့ OPPO R829-Version 4.2.2 ကို root ဖေါက်ပြီးမြန်မာစာ ထည့်ကြည့်တာ အတော်လေး လွယ်ကူပြီး အဆင်ပြေနေတာ တွေ့ရလို့ ၀မ်းသာအားရ နဲ့ ခုလို ပို့စ်တခု ဖန်တီးလိုက်ခြင်းဖြစ်ပါတယ်..  တကယ့်ကို လွယ်လွယ်လေးပါ... နည်းကတော့ ကျွန်တော် ဟိုနေ့ကတင်လိုက်တဲ့ ကျွန်တော့်ရဲ့ S4 Version 4.3 ကို Root တဲ့နည်းနဲ့ တူတူဖြစ်နေလို့ပါဘဲ..ကဲ ဒါဆို ဘာခက်မလဲနော်... တချို့ ကတော့ တခြားသော Root Tool တွေနဲ့ အဆင်ပြေကြသလို နည်းလမ်းမတူညီကြပါဘူး  ကျွန်တော် ကတော့ စမ်းသတ်ခြင်သူဆိုတော့ ကောက်ကလိတာ ရလိုက်တာ အမြတ်ဆိုပါတော့ အားလုံးအတွက်လည်း နည်းလမ်းတခု တိုးစေတာပေါ့နော်...
အသေးစိတ်ကို အောက်မှာ ရှင်းပြထားပါတယ်...
ကဲ ပထမဆုံး    ဆော့ဝဲလ်လေးကို ဒေါင်းလိုက်ကြရအောင်နော်...
ဒေါင်းပြီးတာနဲ့ ရလာတဲ့ apk လေးကို မိမိတို့ ဖုန်းမှာ ထည့် ပြီး install လုပ်ပေးလိုက်ပါနော်....
ဒါဆို စမယ်ဗျာ....အင်စတော ရလာတဲ့  apk လေး မှန်ပြင်ပေါ်မှာ တွေ့နေပါမယ်  အဲတာကို ကလစ်ဖွင့်လိုက်ပါ..... သည်နေရာမှာ ကျွန်တော် ပုံမယူလိုက်ရလို့  တရုတ်စာ နဲ့  ဇယားတခုတက်လာမယ်... ဘာဘဲ တက်လာလာပေါ့...
ဘယ်ဖက်ကစာသားက  Cancel ဆိုတာကိုပြောတာပါ...သည်တော့  ညာဘက်က တရုတ် စာကို ကလစ်ပေးလိုက်ပါ..နော်....နောက်အဆင့်တွေကို ပုံတွေနဲ့ ရှင်းပါမယ်..
အဆင့် ( ၁ )
အပေါ်က ပုံတိုင်း ဖြစ်လာမယ် ဒါဆို Root ဆိုတာလေးကို ကလစ်ပြီး လုပ်လိုက်ပါနော်... သူ့ဘာသာ အလုပ်လုပ်နေမှာ ဖြစ်ပါတယ်.. ခဏမျှ စောင့်ပေးလိုက်ပါ....
မိမိဖုန်း အတွက် Root Accept ရပြီဆိုတာနဲ့ အပေါ်ကလို အမှန်ခြစ်လေး ပြလာမှာ ဖြစ်ပါတယ်..ဒါဆို အောင်ပြီ ဗျာ...နောက်ထပ် လုပ်ဆောင်စရာတွေ ရှိပါတယ်.. ဆက်လုပ်ကြမယ်နော်....
အဆင့် ( ၂ )
ဖုန်း မှာ လိုအပ်တဲ့  apk တွေ ထည့်ပေးလိုက်ပါနော်..လိုအပ်တာတွေကတော့
( ၁ )  MMSD Smart Zawgyi ကိုဒေါင်းပြီးထည့်ထားရပါမယ်။
( ၂ ) Root Chacker  ကို Root အောင် မအေင် စစ်ဆေးဖို့ ထည့်ထားရပါမယ်။ Playstore မှာဝင်ဒေါင်းလိုက်ပါ....
 အိုကေ ဒါဆို မြန်မာစာအတွက် လုံလောက်မှာပါ... နောက် မိမိလိုအပ်တာတွေတော့ ကြိုက်သလို ထည့်နိုင်ပါတယ်...
အပေါ်ကဒေါင်းထားတဲ့ apk  တွေကို ဖုန်းမှာ install လုပ်ပေးလိုက်ပါနော်... ပြီးတာနဲ့ ဖုန်း မှန်ပြင်ပေါ်ကနေ ဖွင့်လိုက်ပါ  ဥပမာ  Root ကို စစ်ဆေးမယ် ဆိုပါတော့ Rootchacker apk ကိုဖွင့်လိုက်ပါ
အဲမှာ ပြသနာ အနည်းငယ် ပေါ်တတ်ပါတယ်... ဘာကြောင့်လည်းဆိုတော့  Root Apk ကနေ သူ့ကို အသိမှတ်မပြု ရသေးလို့ဘဲ ထင်ပါတယ်...
အောက်ကပုံကို ကြည့်လိုက်ပါ...
Root Apk ကနေ ကြက်ခြေခတ်အနီ ပြပေးထားတဲ့အတွက်  စစ်ဆေးလိုက်တဲ့အခါ Root မရှိသေးပါဘူးဆိုတာ ပြောလာမှာ ဖြစ်ပါတယ်  ဒါက Root မအောင်တာ မဟုတ်ပါဘူး အဲအတွက် ကြက်ခြေခတ်အနီကို အမှန်ခြစ် အစိမ်းလေး ဖြစ်ဖို့ လုပ်ရပါမယ်... နည်းလမ်းကတော့...အောက်မှာဆက်ကြည့်ပါ...
အဆင့် ( ၃ )  
မိမိတို့ Root စစ်တာတွေ Fontchanger တွေ အလုပ်မလုပ်ဘူး ဆိုရင် သည်လိုလေး လုပ်ပေးလိုက်ပါနော်... 
မိမိတို့ ဖုန်း Root ရပြီးတာနဲ့ မှန်ပြင်ပေါ်မှာ အဲလို apk လေး နှစ်ခု ဖြစ်နေတာ တွေ့ရမှာဖြစ်ပါတယ်..
R ဆိုတဲ့စာနဲ့ APK လေးကို ဖွင့်ပေးလိုက်ပါ... ဒါဆို အဲထဲမှာ စောစောက အင်စတော လုပ်ထားတဲ့
MMSD  နဲ့ Rootchacker တို့ကို တွေ့ရမှာ ဖြစ်ပါတယ်... တွေ့တာနဲ့ ကြက်ခြေနီလေး တွေပြနေမယ် အဲတာကို  ဘေးက အမှန်ခြစ်အစိမ်းလေး ကို ကလစ်ပြီး အသိမှတ် အတည်ပြု ပေးလိုက်ပါနော်... အောက်မှာ ပုံကြည့်လိုက်ပါ။
အပေါ်ကလိုဘဲ  ကြက်ခြေနီပြနေသော apk တိုင်းကို ဘေးက အစိမ်းရောင် အမှန်ခြစ်လေးကို ကလစ်ပေးလိုက်ပါနော်.... ဒါဆို အဆင်ပြေပါပြီ...
 အဆင့် ( ၄ ) 
 ဖုန်း apk  ကိုပြန်သွားလိုက်ပါ... Rootchecker ကို စစ်လိုက်ကြမယ်နော်.... Rootchacker ဆိုတာလေးကို ကလစ်ဖွင့်လိုက်ပါ...နော်
အပေါ်မှာ ပြထားသလို Verify  Root ဆိုတာလေးကို ကလစ်ပြီး ခဏစောင့်လိုက်ပါ  သူက စစ်ဆေးနေပါလိမ့်မယ်နော်.... အိုကေပြီးတာနဲ့ မိမိတို့ဖုန်းမှာ Root Accept ရရှိတယ်ဆိုရင် သည်လိုလေးပြပါတယ်..အောက်မှာ ပါ
အိုကေ  အဆင်ပြေပါပြီနော်.. မိမိတို့ ဖုန်းလေးမှာ ကွန်ပျူတာမလိုဘဲ  Root ဖေါက်ခြင်းမှ အောင်မြင်ခဲ့ပါပြီ... ကျွန်တော် လက်တွေ့ s4 နဲ့ oppo r829  ကိုစမ်းသတ်ထားပါတယ်  ကျန်တာတွေတော့ ဆက်လက် စမ်းသတ် ပေးပါ့မယ်  မိတ်ဆွေတို့လည်း  စမ်းသတ် ကြည့်ကြပါနော်  ရလာတဲ့ ဖုန်းတွေကို စာပို့ အသိပေးကြပါ...ဒါမှ လက်ဆင့်ကမ်း မျှဝေနိုင်မယ်လေ.... လူတိုင်း ကွန်ပျူတာ မရှိတော့ သည်နည်းလေးနဲ့ တော်တော် များများအဆင်ပြေမယ်ဆို ၀မ်းသာစရာပေါ့.....
 မြန်မာစာဖေါင့် ချိန်းဖို့ MMSD Smart Zawgyi ကိုလည်း အပေါ်ကနည်းအတိုင်း အမှန်ခြစ်လေး ဖြစ်ဖို့
ပြုပြင်ပေးပြီးမှ ဖေါင့် ချိန်းပေးလိုက်ပါနော်.... အိုကေ
အစစအရာရာ အဆင်ပြေအောင်မြင်ကြပါစေ..........
မိမိတို့ဖုန်းမှာ မြန်မာစာ သည်လောက်နဲ့ မမှန်ကန်သေးပါက  အောက်က apk ကို ဒေါင်းလိုက်ပါ မှန်တယ်ဆိုရင်တော့ မလိုအပ်ပါဘူး
သည်ကောင်လေး အသုံးပြုနည်းကတော့ အောက်မှာ ကြည့်လိုက်ပါ ဒေါင်းလို့ရတဲ့   APK လေးကို ဖုန်းမှာ အင်စတောလုပ် ဖွင့်လိုက်ပါနော်..
 အပေါ်မှာေ တွ့ရသလို GOT IT ဆိုတာကိုကလစ်ပေးလိုက်ပါနောက်
 အပေါ်ပုံတိုင်း I AGREE ဆိုတာကလစ်ပေးလိုက်ပါ နောက်
အပေါ်မှာ ပြထားသလို ကလစ်ပြီးဆက်သွားလိုက်ပါနော်

ဒါဆို အဆင်ပြေမှာပါနော်...
လိုအပ်ရင် ဆောင်ထားဖို့ လက်ဆောင်လေးတွေ
 
 

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Oppo r813 ကိုoppo r831 ကို root ဖောက် မယ် firmware ပြန်တင် မယ်



oppo r831 ကို root ဖောက် ပြီး တိုင် ပါတ် နေ တဲ့  ဘော်ဒါ တွေ အတွက်ပါ။ ကျ နော် တော့  font changer တွေ သုံး တာ များ လို့  firmware ပါ လှည့်  တင် လိုက် ရ တယ်။ဒီ ပိုစ့် လေး မှာ တော့  root ဖောက်တာ ရော မြန်မာစာ မှန်ကန် အောင် သွင်း ယူ ပုံရော firmware ပြန် တင် နည်းပါ တစ်ခါ တည်း ဖော် ပြ ပေး လိုက် ပါတယ်။အားလုံး ကို ကွန်ပျူ တာ မလို ပဲ လုပ် ဆောင် နိုင်ပါတယ်။
root ဖောက် ရန် ပြင် ဆင်ခြင်း
======================
အရင်ဆုံးလိုအပ် တဲ့  root apk ကို ဒီမှာ ဒေါင်းပါ။
ပြီးရင် ထုံးစံအတိုင်း setting ကနေ unknown source ကို အမှန်ခြစ်ပေးပြီးရင် install လုပ်ဆောင် ပါ။
root apk ကို install လုပ်ပြီးရင် update တောင်းလာပါ လိမ့် မယ်။ update ပေးလိုက်ပါ။ပြီးရင် အပေါ် က root ဆို တာလေး ကို နိုပ် လိုက်ပါ။ ဖုန်းမှာ restat မကျ ပဲ root acess ရသွားပါပြီ။
မြန်မာစာမှန်ကန် အောင် သွင်းယူ နည်း
==============================
အရင်ဆုံး mmaio font changer ကို ဒီမှာ install လုပ်ပါ။

zawgyi font ကို ဒီမှာ install လုပ်ပါ။
ကီးဘုတ် အတွက် ဒီမှာ ဒေါင်းပါ။
ပြီး ရင် အားလုံးကို install လုပ်ပါ။ zawgyi font ကိုဖွင့် ပြီး 4.2 /4.2 အတွက် သီးသန့် font

ကို ဒေါင်းယူပါ။ ပြီးရင်  mmaio font ကို ဖွင့် ပြီး font change ချ ပါ။
မြန်မာစာမမှန် ကန် သေးတဲ့ အတွက် fepz 2.1 ကို ဒီမှာ install လုပ်ပါ။ ဒါဆို ရင် မြန်မာစာ မှန်ကန် သွား

 ပါပြီ။
firmware ပြန် တင် နည်း ကို ဆက်လက် လေ့ လာ ချင် တယ်ဆို ရင် ဒီမှာ သွား လိုက်ပါ။
oppo r813 ကို firmware ပြန်တင် နည်း လေးပါ။
===============================
root ဖောက်ပြီး ကလိ လွန် သွား လို့  firmware ပြန်တင် ချင် တဲ့ မိတ် ဆွေ တွေ အတွက် ဆိုင်
သွား စရာ မလို ပဲ အလွယ် တစ်ကူ ပြု လုပ် နိုင် မဲ့  နည်းလမ်း လေးပါ။

တစ်ခြား oppo အမျိုး အစား တွေ လည်း ယခု လို ပဲ တင် နိုင်ပါတယ်။ firmware ပြန်

တင် တော့ မယ် ဆို ရင် sd card ကောင်းကောင်း လိုပါတယ် formart ချ ပြီး firmware ဖိုင် ကို

zip ဖြေ ပြီး blank ဖြစ် နေတဲ့  sd card ထဲ ကို ထည့် ပြီး video file လေးအတိုင်း လုပ်လုပ် ရင်

အဆင်ပြေ ပါ ပြီ။ မိမိ နဲ ကိုက် ညီတဲ့  firmware ကို အမျိုး အစား အလိုက် ဒီမှာ ဒေါင်း ပါ။

(1 ) recover mode ကို ဝင် ရန် အတွက် power + volume down +home button ကို

သုံးခု ပြိုင် ပြီးနိုပ် ပါ။ logo ပေါ်လာရင် volume up နဲ့  ဝင် လိုက် ပါ။

(2 ) wipe data and cache လုပ်ပါ။

(3 ) install from sd card မှာ ရွေး ပြီး မိမိ သိမ်းထား တဲ့  firmware ဖိုင်ကို ပြပေးလိုက်ပါ။


firmware လိုချင် ရင်အောက် က လင့် မှာ ဒေါင်းပါ။


http://www.oppomobile.vn/ho-tro/download.html


စိုင်းသူ ( နည်းပညာပြန်လည်မျှဝေခြင်း )


www.saithu102.blogspot.com


ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Run box အတွင်းမှ အသုံးတည့် Search key များ

 
 
            အားလုံးဘဲ အသုံးတည့်မယ်လို့ထင်လို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။ ရေးထားတာကတော့ အများကြီးဘဲ ကျွန်တော်ရေးထားတာတော့ မဟုတ်ပါဘူး။ တနေ့ကို နည်းနည်း နည်းနည်း လေ့လာသွားရင်တော့အကျိုး
ရှိနိုင်ပါတယ်ဗျာ။
 1. Run (box) ကိုဖွင့်ဖို့ရာ မခက်ပါ။ Windows logo key+ R ကီးကို နှိပ်လိုက်ပါ

2. Windows 7 မှာ Start > Search (search programs and files) (box) ကိုသုံးပါတယ်။




3. Component Services (box) ကိုဖွင့်ဖို့ရာ dcomcnfg လို့ရိုက်ထည့်ပါ


4. Add/Remove Programs ကိုဖွင့်ချင်ရင် Search မှာ appwix.cpl လို့ရိုက်ထည့်ပြီး Enter ကီးနှိပ်ရင်လည်း program > Program and Feature (box) ပွင့်ပါတယ်။

5. Administrative Toolas (box) ပွင့်ဖို့ရာ Run (box) မှာ control admintools လိုရိုက်ထည့်ပါ။ Search မှာ ရိုက်လို့မရပါ။

6. Calculator ကိုဖွင့်ဖို့ရာ clac လို့ရိုက်ထည့်ပါ

7. Character map ကိုဖွင့်ဖို့ရာ charmap သို့မဟုတ် char လို့ရိုက်ထည့်နိုင်ပါတယ်။

8. Certificate Manager (box) ကိုဖွင့်ချင်ရင် ‘certmgr.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။

9. Authorization Manager (box) ကိုဖွင့်ချင်ရင် ‘azman.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

10. Check Disk Utility အတွက် chkdsk လို့ရိုက်ထည့်ပါ။ တစ်ခါတည်း check disk လုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် Run (box) မှာ cmd လို့ရိုက်ထည့်ပြီး Command Prompt ပေါ်လာမှ၎င်းမှာ chkcsk (check disk) ကိုသုံးခြင်းဖြစ်ပါတယ်။

11. Control Panel ကိုဖွင့်ချင်ရင် control လို့ရိုက်ထည့်ပါ။ ထို့အတူ Command Prompt အတွက် cmd.exe သို့မဟုတ် cmd လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

12. Device Manager ကိုတိုက်ရိုက်ဖွင့်ဖို့ရယ devmgmt.msc လို့ရိုက်ထည့်ပါ။ ရှည်တယ်ထင်ရင် device m လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်နိုင်ပါတယ်။

13. Disk Management လုပ်ငန်းစဉ်အတွက် diskmgmt.msc လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

14. Computer Management ကိုဖွင့်ချင်ရင် compmgmt.msc လို့ရိုက်ထည့်ပါ။ Command အသစ်က Comp Mgmt Launcher ဖြစ်ပါတယ်။

15. Date and Time properties ကိုဖွင့်ချင်ရင် timedate.cpl လို့ရိုက်ထည့်ပါ။ date သို့မဟုတ် time လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

16. Disk Cleanup Utility ကိုသုံးချင်ရင် cleanmgr လို့ရိုက်ထည့်ပါ။ clean လို့ရိုက်ရင်လည်း Disk Cleanup ပေါ်ပါတယ်။

17. Direct X Troubleshooter သို့မဟုတ် DirectX Diagnostic Tool ကိုဖွင့်ချင်ရင် dxdiag လို့ရိုက်ထည့်ပါ။

18. Defragment User Interface သို့မဟုတ် Disk Defragmenter လုပ်ချင်ရင် defrag လို့ရိုက်ထည့်ပြီး Disk Defragmenter ကို ရွေးချယ်ဖွင့်နိုင်ပါတယ်။ Command အသစ်က dfrgui ဖြစ်ပါတယ်။

19. Degitizer Calibration Tool ကို သုံးဖို့ရာ tabcal လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။ tabcal.exe ဟာ Window OS ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး digital calibrate လုပ်တဲ့ tool လည်းဖြစ်ပါတယ်။

20. Display Properties (box) သို့မဟုတ် Display > Screen Resolution ကိုဖွင့်ချင်ရင် desk.cpl လို့ရိုက်ထည့်ပါ။ control desktop လို့ရိုက်ထည့်ရတယ်လို့ရေးထားပေမယ့် လက်တွေ့အားဖြင့် Systerm Properties (box) ပေါ်ပါတယ်။ Run (box) မှာ ရိုက်ထည့်ရင်လည်း Appearance and Personalization > Personalization (box) ပေါ်ပါတယ်။ File Signature Verification Tool ကိုဖွင့်ဖို့ရာ sigverif လို့ရိုက်ထည့်ပါ။ ၎င်းဟာ ဝင်းဒိုးစ်စနစ်ရဲ့ တည်တံ့ခိုင်မြဲမှုအတွက် အထောက်အကူပြုပေးပါတယ်။ အရေးကြီးတဲ့ စနစ်ဖိုင်များကို ပြင်လို့၊ ပြောင်းလို့မရအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဖိုင်ကို logging လုပ်တဲ့သဘောလည်းဖြစ်ပါတယ်။

21. Disk Part ဟာ ဟာ့ဒ်ဒစ်ရဲ့ disks, partitions, volumes ကဲ့သို့သော object များကို စီမံမှုပြုပေးနိုင်တဲ့ text-mode command တစ်ခုဖြစ်ပါတယ်။ Disk Parmelonion Manager အဖြစ်လုပ်ဆောင်ပေးပါတယ်။ ၎င်းအတွက် Search မှာ diskpart လို့ရိုက်ထည့် နိုင်ပါတယ်။

22. DPI Scaling သို့မဟုတ် Appearance and Personalization > Display (box) ကိုဖွင့်ဖို့ရာ dpiscaling လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

23. Search သို့မဟုတ် Run (box) မှာ verifier လို့ရိုက်ထည့်ရင် Driver Verifier Manager (box) ပေါ်ပါတယ်။ Reset လို့လည်း ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် Search မှာလည်း reset ရိုက်ထည့်တဲ့အခါ Forgetten Password Wizard သာပေါ်ပါတယ်။

24. DVD Player ဖွင့်ဖို့ရာ dvdplay လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ် တစ်ခုဖြစ်ပါတယ်။ DVD drive ထဲမှာ DVD ချပ်ထည့်ထားဖို့လိုပါမယ်။

25. ‘rekeywiz’ လို့ရိုက်ထည့်ရင် Encryption File System (box) ပေါ်ပါမယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

26. Event Viewer ကိုဖွင့်ချင်ရင် eventvwr.msc လို့ရိုက်ထည့်ပါ။

27. ‘fxscover’ လို့ရိုက်ထည့်ရင် Cover Page-Fax Cover Page Editor (box) ပေါ်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

28. Folder Option ကိုဖွင့်ဖို့ရာ Run (box) မှာ control folders လို့ရိုက်ထည့်ပါ။ Search မှာထည့်လို့မရပါ။ Search မှာ Folder option လို့ရိုက်ထည့်နိုင်ပါတယ်။ ‘fold’ လို့ရိုက်ထည့်တာနဲ့တင် menu မှာ Folder Options ပေါ်နေပြီး ၎င်းကိုရွေးချယ်ကာ Enter ကီးနှိပ်ပေးနိုင်ပါတယ်။

29. Windows ထဲက Font folder ကိုဖွင့်ဖို့ရာ Run (box) မှာ command fonts လို့ရိုက်ထည့်ပါ။ Search မှာ control fonts ရိုက်ထည့်လို့ မပွင်ပါ။ Search မှာ fonts လို့ရိုက်ထည့်ပြီး enter ကီးနှိပ်ရင်လည်း ရပါတယ်။

30. Free Cell Card Game ကစားချင်ရင် frell cell လို့ Search မှာရိုက်ထည့်ပါ။

31. Group Policy Editor ထဲဝင်ပြီး ပြင်ချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် Search မှာ gpedit.msc လို့ရိုက်ထည့်ပါ။ Local Group Policy Editor (box) ပေါ်လာပါမယ်။

32. အင်တာနက်အတွက် Internet Explorer ကိုဖွင့်ချင်ရင် iexplore လို့ရိုက်ထည့်နိုင်ပါတယ်။ အင်တာနက် connection ရှိတယ်ဆိုရင် Windows Internet Explorer-home page ပေါ်လာပါမယ်။ Search မှာ int လို့ရိုက်တာနဲ့တင် menu မှာ Internet Explorer ကိုတွေ့ရပါမယ်။ Enter ကီးကိုနှိပ်ပြီးဖွင့်နိုင်ပါတယ်။ IExpress Wizard အတွက် iexpress လို့ရိုက်ထည့်ပါ။

33. Keyboard Properties ကိုဖွင့်ဖို့ရာ Search မှာ k လို့စရိုက်တာနဲ့ menu မှာ Keyboard ကိုတွေ့ရပါမယ်။ ၎င်းကိုရွေးချယ်ပြီး Enter ကီးကိုနှိပ်ပါ။။ Keyboard Properties ပေါ်ပါမယ်။ Run box မှာ control keyboard လို့ရိုက်ထည့်ရင်လည်း Keyboard Properties (box) ပေါ်ပါတယ်။ Windows 7 ရဲ့ Seach မှာ control keyboard လို့ရိုက်ထည့်ရင်လည်း ‘Use the computer without a muose or keyboard’ ပေါ်လာပါမယ်။

34. Windows 7 Search မှာ keyboard လို့ရိုက်ရင် On-Screen Keyboard ပေါ်ပါတယ်။ osk လို့လည်း အတိုရိုက်ထည့်နိုင်ပါတယ်။ သို့မဟုတ် Windows key+U ကိုနှိပ်ပြီးပေါ်လာတဲ့ Ease of Access Center မှ On-Screen Keyboard (icon ) ကို click လုပ်ပြီး ဖွင့်ပါ။

35. Internet Properties (box) ဖွင့်ဖို့ရာ inetcpl.cpl လို့ရိုက်ထည့်နိုင်ပါတယ်။

36. Ip Configuration လုပ်ဖို့ရာ ipconfig.exe လို့ရိုက်ထည့်ပါ။ Configure လုပ်တာမြန်လို့ သင်မြင်လိုက်ရမယ်မဟုတ်ပါ။

37. ISCSI Initiator အတွက် iscsicpl လို့ရိုက်ထည့်နိုင်ပါတယ်။ ကွန်ပျူတာမှာ SCSI တပ်မထားလို့ iSCSI service အလုပ်လုပ်မယ်မဟုတ်ပါ။ SCSI ရှိရင် iSCSI Initiator Properties (box) ပေါ်လာပါလိမ့်မယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

38. Search မှာ explorer လို့ရိုက်ထည့်ရင် Libraries ပေါ်ပါမယ်။ Windows key+ E ကီးများကိုနှိပ်ပြီး ပေါ်လာတဲ့ box ကနေ Libraries ကို ကလစ်လုပ် ဖွင့်နိုင်ပါတယ်။

39. Local Security Setting အတွက် secpol လို့ရိုက်ထည့်ပါ။ Local Security Policy (box) ပေါ်လာပါမယ်။

40. Logs You Out Of Windows အတွက် logoff လို့ရိုက်ထည့်ရင်လည်း ကွန်ပျူတာ logoff ဖြစ်သွားပါလိမ့်မယ်။

41. Lusrmgr (Local User and Groups) box အတွက် lusrmgr.msc လို့ရိုက်ထည့်နိုင်ပါတယ်။

42. Microsoft Support Diagnostic Tool အတွက် msdt လို့ရိုက်ထည့်ပါ။ Command အသ်စတစ်ခုဖြစ်ပါတယ်။

43. Microsoft Paint ကိုဖွင့်ချင်ရင် mspaint.exe လို့ရိုက်ထည့်နိုင်ပါတယ်။ paint လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

44. Mouse Properties ကိုဖွင့်ဖို့ရာ Search မှာ mouse လို့ရိုက်ပြီး menu က Mouse ကို ကလစ်လုပ် ရွေးချယ်ပါ။ Mouse Properties (box) ပေါ်ပါမယ်။ Run box မှာ control mouse လို့ရိုက်ထည့်ရင်လည်း Mouse Properties (box) ပေါ်ပါတယ်။ Search သို့မဟုတ် Run (box) မှာလည်း main.cpl လို့ရိုက်ထည့်လည်း ရပါတယ်။ Windows 7 ရဲ့ Search မှာ Control mouse လို့ရိုက်ထည့်တော့ ‘Use the computer without a mouse or keyboard’ ပေါ်ပါလိမ့်မယ်။

45. Windows Mobility Center အတွက် mblctr လို့ရိုက်ထည့်ပါ။ သို့မဟုတ် Windows key+ X ကို နှိပ်ပါ။ Laptop ကဲ့သို့ mobile ကွန်ပျူတာများအတွက်သာဖြစ်ပါတယ်။ ပီစီကွန်ပျူတာမှာ ဘာမှပေါ်မယ် မဟုတ်ပါ။

46. Network connection အတွက် Run box မှာ control connections လို့ရိုက်ထည့်နိုင်ပါတယ်။ ncpa.cpl လို့လည်း ရိုက်ထည့်ကြည့်ပါ။ Local Area Connection ပေါ်ပါမယ်။

47. Notepad ကိုဖွင့်ချင်ရင် notepad လို့ရိုက်ထည့်ပါ။ Wordpad ကိုဖွင့်ချင်ရင် writepad လို့ရိုက်ထည့်ပါ။

48. OBDC Data Source Administration (box) ကိုဖွင့်ဖို့ရာ odbcad32 လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

49. Power Configuration ပြုလုပ်ဖို့ရာ powercfg.cpl လို့ရိုက်ထည့်ပါ။ Power Option (box) ပေါ်လာမှာပါ။

50. Phome and Modem Options အတွက် telephon.cpl လို့ရိုက်ထည့်ပါ။

51. Printers and Faxes ကိုဖွင့်ဖို့ရာ control printers လို့ရိုက်ထည့်နိုင်ပါတယ်။ အဲဒီမှာ ပရင်တာများသာမက အခြားသော device များကိုလည်း ထပ်ထည့်နိုင်ပါတယ်။

52. Printer Migration အတွက် Print BrmUi လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

53. Optional Features Manager သို့မဟုတ် Windwos Features အတွက် optional features လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

54. Performance Monitor ကိုဖွင့်ဖို့ရာ perfmon.msc လို့ ရိုက်ထည့်ပါ။

55. Regional Settings ကိုဝင်ရန် သို့မဟုတ် ပြင်ရန် intl.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

56. Private Character Editor သို့ဝင်ဖို့ရာ eudcedit လို့ရိုက်ထည့်ပါ။

57. Resultant Set of Policy အတွက် rsop.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

58. အသုံးအများဆုံး command ဖြစ်ပါတယ်။ Registery Editor ကိုဝင်ဖို့ရာ regedit.exe လို့ ရိုက်ထည့် နိုင်ပါတယ်။ regedit ဆိုရင်လုံလောက်ပါတယ်။

59. Windows Remote Assistance အတွက် msra လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။ MSRA ဟာ MS Remote Assistance ကို ဆိုလိုပါတယ်။

60. Remote Desktop အတွက် mstsc လို့ရိုက်ထည့်နိုင်ပါတယ်။ mstsc.exe ဟာ terminal services command ဖြစ်ပါတယ်။

61. Scheduled Tasks သို့မဟုတ် Task Scheduler ကိုဖွင့်ရန် Run (box) တွင် control schedtasks လို့ ရိုက်ထည့်ပါ။ Search မှာရိုက်ထည့်ပါက မပေါ်ပါ။

62. Services (box) ကိုဖွင့်ဖို့ရာ services.msc လို့ရိုက်ထည့်ပါ။

63. Security Center အတွက် wscui.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

64. Shared Folders ကိုဖွင့်ရန် fsmgmt.msc လို့ ရိုက်ထည့်ပါ။

65. Sound Recorder အတွက် soundrecorder လို့ ရိုက်ထည့်ပါ။ Audio recording device မရှိရင် မပေါ်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

66. Sound Volume အတွက် sndvol လို့ ရိုက်ထည့်ပါ။ Volume Mixer (Speaker) box ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

67. Spider Solitare Card Game ကစားဖို့ရာ spider လို့ရိုက်ထည့်ပါ။

68. System Configuration Editor အတွက် sysedit လို့ ရိုက်ထည့်နိုင်ပါတယ်။

69. Stored User Names and Passwords ကို Backup သို့မဟုတ် Restore ပြုလုပ်ဖို့ရာ credwiz လို လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်ဖြစ်ပါတယ်။

70. Sticky Note ဖော်ထုတ်ဖို့ရာ Stiky Not လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

71. System File Checker Utility အတွက် sfc လို့ရိုက်ထည့်နိုင်ပါတယ်။ လုပ်ဆောင်ချက်မြန်လို့ မြင်ရမယ် မဟုတ်ပါ။

72. System Configuration Utility အတွက် msconfig လို့ ရိုက်ထည့်နိုင်ပါတယ်။

73. သင့်ကွန်ပျူတာ System Information ကိုကြည့်ချင်ရင် msinfo32 လို့ရိုက်ထည့်ပါ။

74. System Properties ကိုဖွင့်ဖို့ရာ sysdm.cpl လို့ရိုက်ထည့်ပါ။ Windows key+Pause/Break ကီးများနှိပ်ရင်လည်း ရပါတယ်။

75. Windows Backup Utitily သို့မဟုတ် Backup and Restore အတွက် sdclt လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

76. Sound and Audio အတွက် mmsys.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။ Sound (box) ပေါ်လာပါမယ်။ Shared Folders ကိုဖွင့်ဖို့ fsmgmt.msc လို့ ရိုက်ထည့်ပါ။

77. Task Manager ကိုဖွင့်ဖို့ရာ taxkmgr လို့ ရိုက်ထည့်ပါ။

78. Windows OS ကိုပိတ်ဖို့ရာ shutdown လို့ရိုက်ထည့်ပါ။ Search မှာ shutdown လို့ ရိုက်ထည့်ရင် ‘Change what the power buttons do’ နဲ့ ‘Choose when to turn off display’ ဆိုပြီး လုပ်ဆောင်ချက် နှစ်မျိုးတွေ့ရပါမယ်။

79. ‘Change what the power buttons do’ ကိုရွေးချယ်ပါက Power > System Setting ပေါ်လာပြီး ၎င်းမှာ power button နဲ့ sleep button တို့ကို သတ်မှတ်နိုင်ပါတယ်။ ‘Choose when to turn off display’ ကိုရွေးချယ်ပါက display ကို ဘယ်နှမိနစ်ကြာမှ ခေတ္တ (turn off) ပိတ်ထားမယ်နဲ့ ကွန်ပျူတာကို ဘယ်နှမိနစ်အကြာမှာ sleep လုပ်မယ်ဆိုတာကို သတ်မှတ်နိုင်ပါတယ်။

80. Utility Manager အတွက် utilman လို့ ရိုက်ထည့်ပါ။

81. User Accounts ကိုဖွင့်ဖို့ရာ netplwiz လို့ ရိုက်ထည့်ပါ။ Run (box) တွင် controluserpasswords2 လို့ ရိုက်ထည့်လည်း ရပါတယ်။

82. Windows Fax and Scan ကိုဖွင့်ဖို့ရာ wfs လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

83. Windows Firewall with Advance Security ကိုဖွင့်ဖို့ရာ wf.msc လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

84. Windows Activation ပြုလုပ်ဖို့ရာ slui လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

85. Windows Media Player ကိုဖွင့်ဖို့ရာ wmplayer လို့ ရိုက်ထည့်ပါ။

86. Search မှာ magnify လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်တာနဲ့ display မြင်ကွင်းမှာ စာလုံးတွေ၊ ပုံတွေ အကြီးကြီး ဖြစ်သွားပါလိမ့်မယ်။ မှန်ဘီလူးနဲ့ ကြည့်လိုက်တဲ့ သဘောပါ။

87. Windows Management Infrastructure သို့မဟုတ် wmimgmt [Console Root\WMI Control(local)] ကိုဖွင့်ဖို့ရာ wmimgmt.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

88. Windows System Secutity Tool သို့မဟုတ် Securing the Windows Account Database ကိုဖွင့်ဖို့ရာ syskey လို့ ရိုက်ထည့်နိုင်ပါတယ်။

89. Windows Share Creation Wizard ကိုဖွင့်ဖို့ရာ shrpubw လို့ ရိုက်ထည့်ပါ။ Create A Shared Folder Wizard (box) ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

90. Windows Firewall အတွက် firewall.cpl လို့ ရိုက်ထည့်ပါ။

91. Trusted Plattform Module အတွက် TpmInit လို့ ရိုက်ထည့်နိုင်ပါတယ်။ Network connection ရှိမှ ဒီ Command ဟာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

92. Windows Image Acquisition အတွက် wiaacmgr လို့ရိုက်ထည့်ပါ။ ၎င်းဟာ scanner အတွက်ဖြစ်လို့ scanner ကို install လုပ်မှသာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

93. Windows Update App Manager သို့မဟုတ် Windows Update ကိုဖွင့်ဖို့ရာ wuapp လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

94. Windows Standdalong Update Manager အတွက် wusa လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

မှတ်ချက်- အထက်ပါ command များကို Start > Search မှာ ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် အချို့ကို Run (box) မှာ ရိုက်ထည့်မှသာ အလုပ်လုပ်တာကို တွေ့ရှိရပါတယ်။
 

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Friday, August 8, 2014

windows 8 64 မှာ net frame work 3.5 ကို offline တင်နည်း (၁)

မမိုးတို့ windows 8 64 bit မှာ net frame work က 4.0 နဲ့ အလုပ်လုပ်ပါတယ်။ တစ်ခါတလေ GPS software တို့လို software တချို့ တွေသုံးတော့မယ်ဆိုရင် net frame work 3.5 ရှိမှ တင်လို့ရတာပါ။ net frame work 3.5 တင်နည်းတွေ အများကြီးပါပဲ။ online ရော offline ရော ၂မျိုးလုံးပါပဲ။ ခက်တာက online မရနိုင်တဲ့သူတွေ အဆင်မပြေနိုင်တဲ့သူတွေ (ဥပမာ မမိုးတို့) အတွက်တော့ offline နဲ့ ဘယ်လိုတင်လို့ရနိုင်မလဲ ဆိုတာကို ရှာရတော့တာပေါ့။ ထုံးစံအတိုင်း မမိုးရဲ့ ဆရာက google ပါပဲ။ google ထဲဝင်ရှာရင်း cmd ကနေ command နဲ့လဲစမ်းပါတယ်။ error တက်လို့ အခြားနည်းလမ်း ၂ခုလောက်စမ်းပါသေးတယ်။ မရခဲ့ပါဘူး။ နောက်ဆုံး ဆိုဒ်တခုက ဆော့ဝဲရယ် အခြားဆိုဒ်တခုက တင်နဲ့ နည်းလမ်းကို ရောသမပြီး (၁၀)မိနစ်တောင် အချိန်မပေးလိုက်ရဘူး အဆင်ပြေသွားပါတယ်။ စက်တိုင်းကို ဒီနည်းလမ်းနဲ့ တင်လို့ ရချင်မှရမယ်၊ အားလုံးကို ရမယ်လို့ အာမမခံရဲပါဘူး။ ခုမှ ဒီတလုံးပဲ စမ်းရသေးလို့ပါ။ 
ကဲ စလိုက်ရအောင်နော်
ပထမဆုံး အောက်မှာပေးထားတဲ့ ဆော့ဝဲကို ဒေါင်းလိုက်ပါ၊ windows 8 DVD တချပ်တော့ လိုမယ်နော်။
ပြီးရင် zip file ကို ဖြည်ပြီး ပုံပါအတိုင်း right click >> Run as administrator နဲ့ run ပေးပါ။ error တက်ခဲ့ရင် စက်ကို restart တချက်ချပေးပါ။ ပြန်တက်လာရင် ပြန်ပြီး run ကြည့်ပါ။
ဆော့ဝဲတက်လာပြီဆိုရင် ပုံပါအတိုင်း ခွေထည့်ထားသော drive ကို ရွေးပေးပါ။
ပြီးရင် Start Installation ကို နှိပ်ပေးပါ။ အလုပ်လုပ်နေပါမယ်။ ခဏစောင့်ပေးပါ။ မမိုးစက်မှာတော့ (၁၀) မိနစ် နီးပါး စောင့်လိုက်ရပါတယ်။ 
ပြီးသွားရင်တော့ successful ဆိုပြီး net frame work 3.5 installation အောင်မြင်စွာ ပြီးဆုံးပါပြီ။
နည်းပညာနဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကျော်လွှားနိုင်ကြပါစေ
( www.moepcservice.blogspot.com )
Read More >>

Computer Time မှ AM & PM စာလုံးကို တခြားနှစ်သက်ရာစာလုံးများပြောင်းလဲနည်း


Myanmar Online Learning member တွေအတွက် ကျွန်တော်ပို့စ်အသစ်လေး 
တင်ပေးလိုက်ပါတယ်။ ဒီပို့စ်လေး မှာ ကျွန်တော် ပြုလုပ်ပုံပြုလုပ်နည်းတွေကို ပုံနဲ့
တကွတွဲပြီး အဆင့်ဆင့် ရှင်းပြပေးထားတဲ့ အတွက် member တွေ ကိုယ်တိုင် 
စမ်းမယ်ဆိုရင်လည်း လွယ်ကူမယ်လို့မျှော်လင့်ပါတယ်။ ပထမဦးဆုံးလုပ်ရမှာက
တော့ Run box လေးကိုဖွင့်ရပါမယ်။ Window Key + R ကိုနှိပ်လိုက်ရင် Run box
လေးပွင့်လာပါလိမ့်မယ်။ ဒါဆို Run box ထဲမှာဘာရိုက်ထည့်ရမလဲဆိုရင် regedit 
လေးကိုရိုက်ပီး Enter နှိပ်လိုက် ပါ။ ပုံလေးနဲ့တွဲပြီးပြပေးလိုက်ပါတယ်။

 

ဒါဆိုရင်တော့ Registry Editor ဆိုတဲ့ box တခုပွင့်လာပါလိမ့်မယ်။ အောက်ကပုံ
အတိုင်းတွေ့ရပါလိမ့်မယ်။
Registry Editor box ပွင့်လာပြီဆိုရင်တော့ ဘယ်ဘက်ခြမ်းမှာ Computer 
ဆိုတာကိုတွေ့ရပါလိမ့်မယ်။ Computer ရဲ့အောက်မှာ Folder Icon လေး 
၅ခုကိုတွေ့ရမှာပါ။ ကျွန်တော်တို့က HKEY_CURRENT_USER ဆိုတဲ့ Folder 
လေးထဲကို Double Click နှိပ်ပြီး ၀င်ရပါမယ်။HKEY_CURRENT_USER >> 
Control Panel >> International  အထိ Double Click နှိပ်ပြီးဖွင့်ရမှာပါ။ 
ပုံလေးနဲ့တကွရှင်းပြပေးထားပါတယ်။ Double Click နှိပ်ရမယ့်နေရာတွေကို
တော့ ပုံမှာ အနီရောင်လေးထောင့်ကွက်လေးတွေနဲ့ပြပေးထားပါတယ်။
 

ဒါဆို ကျွန်တော်တို့ International အထိရောက်အောင်သွားပြီးပြီဆိုရင်တော့ 
ညာဘက်မှာ s1159 , s2359 နာမည် string value နှစ်ခုကိုတွေ့ရပါလိမ့်မယ်။
သင်က AM နေရာမှာ Good Morning ဆိုတဲ့စာလေးပြောင်းချင်ရင်တော့ s1159 
ပေါ်မှာ Right Click ကိုနှိပ်ပြီး Modify.. လေးကိုရွေးလိုက်ပါ။
 
 
Modify.. နှိပ်ပြီးရင်တော့ Edit String ဆိုတဲ့နာမည်လေးနဲ့ box တခုပွင့်လာပါ
လိမ့်မယ်။ အောက်ကပုံအတိုင်းပေါ်လာပါ လိမ့်မယ်။
 

သင်က s1159 ကိုရွေးပြီး Modify ကိုနှိပ်ရင်တော့ value data ရဲ့အောက်က 
အကွက်မှာ AM လို့ပေါ်နေပါမယ်။ သင်က s2359 ကိုရွေးပြီး Modify ကိုနှိပ်ရင်
တော့ vale data ရဲ့အောက်ကအကွက်မှာ PM လို့ပေါ်နေပါလိမ့်မယ်။ Edit 
String box  ပွင့်လာပြီဆိုရင် value data ဆိုတဲ့နာမည်လေးရဲ့အောက်က
အကွက်ထဲမှာ AM ဆိုရင်တော့ Good Morning လို့ပြောင်းရမှာဖြစ်ပြီး၊ PM 
ဆိုရင်တော့ Good Evening ဆိုပြီးပြောင်းရေးပေးရမှာပါ။ အောက်မှာပြထားတဲ့
ပုံအတိုင်းဖြစ်ရပါ မယ်။
 


သင်က PM နေရာမှာ Good Evening ဆိုတဲ့စာလေးပြောင်းချင်ရင်တော့ s2359
ပေါ်မှာ Right Click ကိုနှိပ်ပြီး Modify.. လေးကိုရွေးလိုက်ပါ။ ပြီးရင်တော့ Edit 
String box ပွင့်လာရင် Value data နေရာမှာ Good Eveninig လို့ပြောင်းပေးရပါ မယ်။ အောက်မှာပုံလေးနဲ့ပြထားပါတယ်။
  
 

လုပ်ဆောင်ပြီးပြီဆိုရင်တော့ သင့်ရဲ့ကွန်ပျူတာကို Restart ချပေးလိုက်ပါ။ 
Window ပြန်တက်လာရင်ကြည့်လိုက်ပါ AM, PM နေရာမှာ သင်အစားထိုးထားတဲ့ စာလေးပြောင်းလဲနေတာကိုတွေ့ရပါလိမ့်မယ်။ အောက်ကပုံလေးမှာ အနီရောင်လေး
ထောင့်ကွက်လေးနဲ့ ပြပေးထားပါတယ်။
 

ပြောင်းလဲနေတာတွေ့ရင်တော့ သင့်ရဲ့ စမ်းသပ်လုပ်ဆောင်မှုဟာအောင်မြင်သွားပါပြီ။
မှတ်ချက်။        ။ AM, PM နေရာတွေမှာ Good Morning , Good Evening ဆိုတဲ့စာသားတွေမဟုတ်ပဲ    တစ်ခြားသင် နှစ်သက် တဲ့ စာသားတွေပြောင်းလဲလို့ရပါတယ်။
 Credit : http://myanmaronlinelearning.blogspot.com/
Read More >>

Thursday, July 31, 2014

မည်သည့် User Manual ကိုမဆို အွန်လိုင်းမှာရှာဖွေခြင်း


10568954_666532316771733_4204664397808578140_n
သင့်ရဲ့ပီစီ၊ တက်ဘလက်သို့မဟုတ် အခြားသော device အဟောင်းတွေ သို့မဟုတ် အသစ်တွေအတွက် သုံးစွဲသူလမ်းညွှန်ချက်စာအုပ်လိုအပ်ပါသလား ? Robert Zak က သင့်အနေဖြင့် သုံးစွဲသူလမ်းညွှန် စာအုပ် User Guide များကို အွန်လိုင်းမှာ ဘယ်နေရာတွေကနေရှာဖွေလို့ရနိုင်မလဲ ဆိုတာတင်ပြထားပါတယ်။

ခေတ်သစ် hardware ပစ္စည်းတွေဖြစ်တဲ့ ပီစီများမှသည် ရေခဲသေတ္တာတွေအထိ သူတို့နဲ့အတူ အသုံးပြုမှုလမ်းညွှန်စာအုပ်များနဲ့အတူ လာကြပါတ်ယ။ အကယ်၍ ပါမလာခဲ့ရင် သင့်အနေဖြင့် manual စာအုပ်ကို လှန်လှောဖတ်ရှုနိုင်မှာမဟုတ်ပါဘူး။

သင့်အနေဖြင့် မကြာခဏဆိုသလိုပဲ ထုတ်လုပ်သူများရဲ့ website ကနေ online manual တွေကိုရှာဖွေလေ့ရှိမှာဖြစ်ပါတယ်။ ဒါမှမဟုတ်လည်း သင့်ရဲ့ ပစ္စည်းတွေရဲ့ ထုတ်လုပ်သူ နဲ့မော်ဒယ်နံပါတ်တွေကို Google မှာရိုက်ထည့်ရှာဖွေမှာဖြစ်ပါတယ်။ အများစုသော ပီစီ၊ တက်ဘလက်၊ဖုန်းနဲ့ ဒီဂျစ်တယ်ကင်မရာတွေမှာသူတို့ထည့်သွင်းထားတဲ့ ဆော့ဖ်ဝဲတွေထဲမှာ လမ်းညွှန်ချက်များကို ထည့်သွင်းပေးထားကြပါတယ်။ သင့်အနေဖြင့် စာရွက်တွေအနေနဲ့လည်းရရှိနိုင်မှာဖြစ်ပေမဲ့ အွန်လိုင်းမှာ ရနိုင်မဲ့ digital manuals များက များစွာသော အကျိုးဖြစ်ထွန်းမှုတွေကိုရရှိနိုင်မှာပါ။ မည်သည့် device များမှမဆို download ချကာရယူနိုင်ပြီး အကယ်၍ စာရွက်အနေဖြင့်လိုအပ်တယ်ဆိုရင်လည်း print ထုတ်နိုင်မှာဖြစ်ပါတယ်။

သို့သော်လည်းသင့်အနေဖြင့် အလွန်သက်တမ်းကြာပြီဖြစ်သော စက်ပစ္စည်းအစိတ်အပိုင်းများနဲ့ပတ်သက်လို့ instructions တွေလိုအပ်တဲ့အခါ ထုတ်လုပ်သူများရဲ့ website မှာလည်းမတွေ့ဘူး၊ ဒါမှမဟုတ် ထုတ်လုပ်သူများက website မရှိဘူး ဆိုပါစို့။ ကံကောင်းစွာနဲ့ပဲ အွန်လိုင်းမှာ သက်တမ်းကြာမြင့်ပြီဖြစ်သော စက်ပစ္စည်းများအပါအဝင် hardware အမျိုးအစား အားလုံးအတွက် အသုံးပြုမှုလမ်းညွှန်များကို databases များအနေဖြင့်စုဆောင်းထားရှိထားပါတယ်။

Manual အဟောင်းများကို အွန်လိုင်းမှာရှာဖွေခြင်း
=================================

အကယ်၍ စက်ပစ္စည်းအစိတ်အပိုင်းတစ်ခုအတွက် manual ကိုရှာဖွေမတွေ့လျှင် သို့မဟုတ် သူတို့ရဲ့နေရာမှာမရှိဘူးဆိုလျှင် eSpares(www.espares.co.uk/usermanuals) ကအဲဒါတွေကိုရှာဖွေဖို့အကောင်းဆုံးနေရာတစ်ခုဖြစ်ပါတယ်။ဒီ site မှာ ရိုးရှင်းစွာရှာဖွေနိုင်မယ့် search bar တစ်ခုပါဝင်ပြီး အဲဒိမှာ ထုတ်လုပ်သူ သို့မဟုတ် မော်ဒယ် နံပါတ်ကိုရိုက်ထည့်ရှာဖွေနိုင်မှာဖြစ်ပါတယ်။ အကယ်၍ သင်က မော်ဒယ်နံပါတ်ကိုမသိဘူးဆိုလျှင် eSpares က သင့်ရဲ့ စက်ပစ္စည်းအစိတ်အပိုင်းနဲ့ပတ်သက်ပြီး ဘယ်နေရာမှာရှာဖွေနိုင်မလဲဆိုတာကိုပြောပြပါလိမ့်မယ်။


Instruction Manuals UK(www.instruction-manuals.co.uk) ကတော့ manuals တွေကိုထိန်းသိမ်းထားရှိတဲ့နေရာတစ်ခုမဟုတ်ပေမဲ့ အဆိုပါ manual တွေကို အွန်လိုင်းမှာ ဘယ်နေရာတွေမှာရှာဖွေနိုင်မလဲဆိုတာကိုပြောပြပေးနိုင်ပါလိမ့်မယ်။ Manuals များအတွက် Brand အလိုက်ရှာဖွေကာ links များကိုရယူနိုင်ပြီး အခြားသော websites များမှ အကြံပြုမှုများကိုရယူနိုင်မှာဖြစ်ပါတယ်။ အကယ်၍ ပစ္စည်းတစ်ခုအတွက် link တစ်ခုကိုရှာဖွေမတွေ့ဘူးဆိုလျှင် သင့်အနေဖြင့်အခမဲ့ ကြော်ငြာတစ်ခုကို တင်ကာအခြားသော သုံးစွဲသူများထံမှ ကော်ပီကိုတောင်းခံနိုင်မှာဖြစ်ပါတယ်။

UsersManualGuide(www.usersmanualguide.com) မှာ များစွာသော အီလက်ထရောနစ်ပစ္စည်းများဖြစ်တဲ့ LCD မော်နီတာများမှသည် လျှပ်စစ် အော်ဂင်များအတွက် AC adapters များ နဲ့ အနှိပ်ထိုင်ခုံများအထိ လက်စွဲလမ်းညွှန်စာအုပ်များစွာကိုစုစည်းထားပေးပါတယ်။ ဒီ site မှာတော့ search engine မပါရှိပေမဲ့ သင်ရှာဖွေသမျှနဲ့ပတ်သက်ပြီး brand အလိုက် စနစ်တကျစုစည်းပေးထားတဲ့ များစွာသော manuals များကို တွေ့ရှိနိုင်မှာဖြစ်ပါတယ်။

မည်သည့် device တွေကိုမဆို ဘယ်လိုပြင်ဆင်မလဲဆိုတာကို ရှာဖွေခြင်း
================================================

အကယ်၍ သင့်ရဲ့ စက်ပစ္စည်းတစ်ခုအတွက် သုံးစွဲသူလမ်းညွှန်မရှိလျှင်တောင်မှ အဆိုပါပစ္စည်းရဲ့ ပြဿနာများကို ဘယ်လိုဖြေရှင်းမရလဲဆိုတာသိနိုင်မှာပါ။ eService Info( www.eserviceinfo.com) ဆိုတဲ့ website က သင့်အနေဖြင့်ထောင်ပေါင်းများစွာသော ကုန်ပစ္စည်းတွေအတွက်ဘယ်လိုပြင်ဆင်ရမလဲဆိုတာနဲ့ပတ်သက်ပြီး အချက်အလက်တွေကိုပေးနိုင်မှာဖြစ်ပါတယ်။ ဒီ site ရဲ့ database ထဲမှာ ရှာဖွေလို့ရနိုင်မယ့် သုံးစွဲသူလက်စွဲလမ်းညွှန်များ၊ schematic diagrams များ၊ datasheets များ၊ service manuals များ နဲ့ download လုပ်နိုင်မဲ့ ဆော့ဖ်ဝဲများကို ထည့်သွင်းထားမှာဖြစ်ပါတယ်။ ၄င်းရဲ့ database စနစ်ထဲမှာ ထုတ်လုပ်သူပေါင်း ၂၀၀ နီးပါးရဲ့ ထုတ်ကုန်တွေရဲ့ ပြုပြင်ထိန်းသိမ်းနည်းပေါင်း ၂၀၀၀၀ ဝန်းကျင် ရှိနေမှာဖြစ်ပါတယ်။

PDF SB(www.pdfsb.net) ဟာ PDF manuals များ၊ guides များ၊ ebooks များ၊ exam papers များအပြင် ခုံနဲ့ကစားရတဲ့ဂိမ်းတွေရဲ့ ကစားနည်းဥပဒေသစာအုပ်လိုမျိုး တွေပါစုစည်းပေးထားပါတယ်။ အဆိုပါ site က ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ သုံးစွဲသူလက်စွဲ တစ်ခုတည်းကိုသာ ဦးတည်ထားတာမဟုတ်သလို သူ့ရဲ့ database ထဲမှာ စာအုပ်ပေါင်း ၇၂ သန်း နီးပါးရှိတဲ့အတွက် ရှာဖွေကြည့်ရှုဖို့ထိုက်တန်ပါတယ်။ ဒီ site ကိုကောင်းမွန်စွာ စုစည်းထားပြီး အသုံးပြုရတာလွယ်ကူပါတယ်။ သင်ကြည့်ရှုသော စာရွက်စာတမ်းများနဲ့ ဆက်စပ်သော စာရွက်စာတမ်းများရဲ့စာရင်းကိုလည်း တွေ့ရှိနိုင်မှာဖြစ်လို့ သင့်အတွက်အသုံးတည့်မှာဖြစ်ပါတယ်။

သင့်ရဲ့တက်ဘလက်မှာ User Guides များကို ရယူခြင်း
=====================================

Device အသစ်များအနေဖြင့် သင့်ရဲ့ device အဟောင်းများကိုအသုံးပြုဖို့နဲ့ ပြင်ဆင်နိုင်စေရန် အလွန်ကောင်းမွန်သော iFixit ကဲ့သို့ ‘how to’ apps များကိုသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ဒီ free app ကို တက်ဘလက်များနဲ့ ဖုန်းများမှာ ကောင်းမွန်စွာအသုံးပြုနိုင်ပြီး Android အတွက် (www.snipca.com/12640)၊ iOS အတွက်(www.snipca.com/12639) နှင့် Window phone အတွက်(www.snipca.com/12642) တို့မှာရယူသုံးစွဲနိုင်မှာဖြစ်ပါတယ်။ အဆိုပါ app မှာ ရာပေါင်းများစွာသော နည်းပညာဆိုင်ရာနှင့် စက်ပိုင်းဆိုင်ရာလုပ်ငန်းစဉ်များဖြစ်တဲ့ hard drives များကိုဖြုတ်ခြင်း ၊ပျက်ယွင်းနေတဲ့ မျက်နှာပြင်များလဲလှယ်ခြင်းကဲ့သို့သော နည်းစနစ်များကို သရုပ်ဖော်ပုံများနှင့်တကွ တစ်ဆင့်ချင်းစီ ရှင်းပြထားပါတယ်။ သင့်အနေဖြင့် အဆိုပါလမ်းညွှန်ချက်များကို သင့်ရဲ့ပီစီ သို့မဟုတ် လက်ပ်တော့မှာဖတ်ရှုချင်တယ်ဆိုရင်လည်း iFixit ရဲ့ website ဖြစ်တဲ့ (www.ifixit.com) မှာကြည့်ရှုနိုင်မှာဖြစ်ပေမဲ့ apps မှာသုံးစွဲတာက ပိုပြီးတော့ လွယ်လင့်တကူ အသုံးပြုနိုင်တာကိုတွေ့ရပါတယ်။

Devices အသစ်များမှာ သုံးစွဲမှုလမ်းညွှန်များပါဝင်တဲ့ apps များပါဝင်လေ့ရှိပြီး သင့် device အတွက် Google ရဲ့ Play Store, Apple App Store သို့မဟုတ် Windows Phone website များမှာ ရှာဖွေနိုင်မှာဖြစ်ကာ ဘာတွေ အသစ်ရောက်နေပြီလဲဆိုတာသိရှိနိုင်မှာဖြစ်ပါတယ်။ ဥပမာအားဖြင့် ‘Canon PIXMA printer’ ကို Canon ရဲ့free app တစ်ခုဖြစ်တဲ့ PIXMA Printing Solutions( Android ,www.snipca.com/12544; iOS,www.snipca.com/12646) မှာရှာဖွေနိုင်မှာဖြစ်ကာ အဲဒိမှာ PIXMA ပရင်တာအားလုံးအတွက် manuals များပါဝင်ပြီး သင့်ရဲ့ andorid တက်ဘလက်သို့မဟုတ် ဖုန်းကနေပြီး ကြိုးမဲ့ print ထုတ်နိုင်စေမှာလည်းဖြစ်ပါတယ်။

ကင်မရာထုတ်လုပ်သူ Nikon မှာလည်း သူ့ရဲ့ SLR ကင်မရာများအားလုံးအတွက် manual ပါဝင်တဲ့ free app တစ်ခုရှိပြီး အဲဒါကို (Android , www.snipca.com/12541 ; iOS,wwwsnipca.com/12645) တို့မှာရရှိနိုင်ပါတယ်။ အချို့သော နာမည်ကျော် device တွေဖြစ်တဲ့ Raspberry Pi လိုမျိုး device တွေအတွက် မိုဘိုင်းသုံးစွဲသူများအတွက် လမ်းညွှန်များကို RPi Hardware Guide အား Android အတွက် (www.snipca.com/12543) မှာရရှိနိုင်ပြီး iOS နဲ့ Windows ဖုန်းများအတွက်လည်းရရှိနိုင်ကာ အဲဒိမှာ များစွာသော အခမဲ့ဥပမာများစွာကိုလေ့လာနိုင်မှာဖြစ်ပါတယ်။

Nyein Chan (TSJ Tech Team)
Ref:
Computer Active
Read More >>
Related Posts Plugin for WordPress, Blogger...