Pages

Showing posts with label Science. Show all posts
Showing posts with label Science. Show all posts

Thursday, July 31, 2014

နေရောင်ခြည် စွမ်းအင်သုံး ပလပ်ပေါက်


 
သယ်ဆောင် အသုံးပြုနိုင်သည့် ပလပ်ပေါက်ကို ပြတင်းပေါက် များတွင် ကပ်ခြင်းဖြင့် လျှပ်စစ် ပစ္စည်း များကို အားသွင်းနိုင်မည် ဖြစ်သည်။ ပလပ်ပေါက်သည် နေရောင်ခြည် စွမ်းအင်ကို ရယူပြီး လျှပ်စစ် စွမ်းအင်သို့ ပြောင်းလဲပေးမည် ဖြစ်သည်။ နေရောင်ခြည် စွမ်းအင်မှ လျှပ်စစ် စွမ်းအင်သို့ ကူးပြောင်း ပေးနိုင်သော ကိရိယာ များစွာ ထွက်ပေါ်ဖူး သော်လည်း ယခု ကိရိယာမှာ ပလပ်ပေါက် အနေဖြင့် တိုက်ရိုက် အသုံးပြုနိုင် ခြင်းမှာ ထူးခြားပါသည်။
ဒီဇိုင်နာ များဖြစ်သည့် Kyuho Song နှင့် Boa Oh တို့၏ အဆိုအရ လွယ်ကူရိုးရှင်းစွာ အသုံးပြုနိုင်မည့် Portable Socket ကို ဒီဇိုင်းပြုလုပ် ခဲ့ခြင်းဖြစ် ပါသည်။

Portable Socket သည် နေရောင်ခြည်စွမ်းအင်ကို ရယူပြီး လျှပ်စစ် စွမ်းအင် အနေဖြင့် ပြောင်းလဲ၍ သိုလှောင် သိမ်းဆည်း ထားမည် ဖြစ်သည်။ ထို့နောက်တွင် လျှပ်စစ် ပစ္စည်းများကို ပလက်ပေါက်နှင့် ချိတ်ဆက်၍ အားသွင်းနိုင်မည် ဖြစ်သည်။

Socket တွင် ဘက်ထရီပါရှိပြီး စွမ်းအင်များကို သိမ်းဆည်းပေးနိုင်သည့်အတွက် အလင်းရောင် မရရှိသည့် ညအချိန်များ သို့မဟုတ် နေရောင်ခြည် မရရှိသည့် နေရာများတွင်လည်း ပလပ်ပေါက်မှ အားသွင်းနိုင်မည် ဖြစ်သည်။ 

Portable Charger သို့မဟုတ် Portable Socket တွင် စုပ်ခွက်ပါရှိပြီး ပြတင်းပေါက်များတွင် ကပ်နိုင်ရန် ဖြစ်ပါသည်။ အတွင်းဘက်တွင် Solar Panel များကို တပ်ဆင်ထားပါသည်။ ဒီဇိုင်နာများက အဆိုပါ ကိရိယာသည် Charger/ Converter နှစ်မျိုးအနေဖြင့် အသုံးပြုနိုင်မည်ဟု ပြောပါသည်။

ယခုအချိန်တွင် Windows Socket သည် နမူနာပုံစံ အဆင့်သာ ရှိသေးသော်လည်း ဒီဇိုင်နာများက အနာဂတ်တွင် စွမ်းဆောင်ရည်၊ စွမ်းအင်သိုလှောင်မှုနှင့် အားသွင်းချိန်များကို ပိုမိုကောင်းမွန်စေရန် ပြုလုပ်ပေးရန် မျှော်လင့်နေပါသည်။ Windows Socket တွင် သေးငယ်သော 1000mAh Battery တပ်ဆင်ထားသော်လည်း မိုဘိုင်းဖုန်းတစ်လုံးကို အားသွင်းရန် လုံလောက်သည်ဟု သိရပါသည်။ သို့သော် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို အားသွင်းရန် မလုံလောက်သေးဟု သိရပါသည်။ ကိရိယာကို နေရောင်ခြည်စွမ်းအင်မှ အားသွင်းရန် ငါးနာရီမှ ရှစ်နာရီ ကြာမြင့်မည်ဖြစ်ပြီး လျှပ်စစ်ပစ္စည်းများကို ဆယ်နာရီကြာ ပြန်လည်အားသွင်းပေးနိုင်ပါသည်။


ref;Myanmar Digital Life Journal
Read More >>
Related Posts Plugin for WordPress, Blogger...