Pages

Showing posts with label News. Show all posts
Showing posts with label News. Show all posts

Saturday, October 18, 2014

Apple က iPad Mini 3 ကို ကြေညာ

Photo: Apple က iPad Mini 3 ကို ကြေညာ
====================

Apple က တတိယမျိုးဆက် iPad Mini ကို တရားဝင်ကြေညာလိုက်ပါသည်။ မျက်နှာပြင် Resolution နှင့် အရွယ်အစားမှာ  ယခင်မျိုးဆက်နှင့် တူညီပြီး ၇.၉ လက်မ 1536x2048 pixels Retina Display ဖြစ်ပါသည်။ အထူမှာ ၇.၉ လက်မဖြစ်သဖြင့် iPad Air 2 ထက် ပိုထူပါသည်။

လက်ဗွေရာ လုံခြုံရေးစနစ်နှင့် Apple Pay ပါရှိလာပါသည်။ ရွှေရောင် ရွေးချယ်နိုင်ပါသည်။ ကင်မရာသည် ယခင်မျိုးဆက်နှင့် တူညီပြီး 1080p Full HD Video များရိုက်ကူးပေးနိုင်သော 5MP iSight Camera နှင့် HD Face Time Camera တပ်ဆင်ထားပါသည်။ Apple A7 Chipset အဟောင်းကို အသုံးပြုထားသဖြင့် Cat. 4 LTE , WiFi 802.11ac တို့ကို အသုံးပြု၍ မရပါ။ 

16GB, 64GB, 128GB တို့ကို ဒေါ်လာ ၄၀၀ ၊ ၅၀၀ ၊ ၆၀၀ ဖြင့် အသီးသီး ရောင်းချမည် ဖြစ်သည်။ LTE အမျိုးအစားကို ရွေးချယ်လျှင် ဒေါ်လာ ၁၃၀ ထပ်မံ ပေးဆောင်ရမည် ဖြစ်သည်။ ငွေ၊ အညို အပြင် ရွှေရောင် အသစ်တစ်မျိုး ထုတ်လုပ်ပေးထားပါသည်။
Apple က တတိယမျိုးဆက် iPad Mini ကို တရားဝင်ကြေညာလိုက်ပါသည်။ မျက်နှာပြင် Resolution နှင့် အရွယ်အစားမှာ ယခင်မျိုးဆက်နှင့် တူညီပြီး ၇.၉ လက်မ 1536x2048 pixels Retina Display ဖြစ်ပါသည်။ အထူမှာ ၇.၉ လက်မဖြစ်သဖြင့် iPad Air 2 ထက် ပိုထူပါသည်။

လက်ဗွေရာ လုံခြုံရေးစနစ်နှင့် Apple Pay ပါရှိလာပါသည်။ ရွှေရောင် ရွေးချယ်နိုင်ပါသည်။ ကင်မရာသည် ယခင်မျိုးဆက်နှင့် တူညီပြီး 1080p Full HD Video များရိုက်ကူးပေးနိုင်သော 5MP iSight Camera နှင့် HD Face Time Camera တပ်ဆင်ထားပါသည်။ Apple A7 Chipset အဟောင်းကို အသုံးပြုထားသဖြင့် Cat. 4 LTE , WiFi 802.11ac တို့ကို အသုံးပြု၍ မရပါ။

16GB, 64GB, 128GB တို့ကို ဒေါ်လာ ၄၀၀ ၊ ၅၀၀ ၊ ၆၀၀ ဖြင့် အသီးသီး ရောင်းချမည် ဖြစ်သည်။ LTE အမျိုးအစားကို ရွေးချယ်လျှင် ဒေါ်လာ ၁၃၀ ထပ်မံ ပေးဆောင်ရမည် ဖြစ်သည်။ ငွေ၊ အညို အပြင် ရွှေရောင် အသစ်တစ်မျိုး ထုတ်လုပ်ပေးထားပါသည်။

Myanmar Digital Life Journal


ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

မြန်မာကော်ပိုရေးရှင်း၏ CDMA 800 MHz ဖုန်းပြောဆိုခများကို စက္ကန့် ဖြင့်ပြောင်းလဲ ကောက်ခံသွားမည်။




Read More >>

Friday, October 17, 2014

တယ်လီနော ရန်ကုန်တွင် ဆင်းကတ် (၁)သန်းဖြန့်မည်


နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီဟာ အောက်တိုဘာ လကုန် ဒါမှမဟုတ် နိုဝင်ဘာလဆန်းတာနဲ့ သူ့ရဲ့ ဆင်းကတ်တွေကို ရန်ကုန်မှ စပြီး ရောင်းချတော့မယ်လို့ တယ်လီနော မြန်မာ အမှုဆောင် အရာရှိချုပ် Mr.Petter Furberg က ပြောပါတယ်။


မြို့နယ်ပေါင်း ၄၄ မြို့နယ်က ဆိုင်ပေါင်း ၆၀၀၀ ကျော်ကနေ တဆင့် ရောင်းပေး မှာဖြစ်ပြီး ဆင်းကတ် အရေအတွက် ၁ သန်းလောက် ပြင် ဆင်ထားတယ်လို့ ဆိုပါတယ်။


တယ်လီနော အနေနဲ့ မန္တလေးမှာ ဆင်းကတ်ရောင်းချပြီး ရန်ကုန်မှာ ရောင်းချဖို့ နောက်ကျနေရခြင်းဟာ နက်ဝေါ့ကောင်းအောင် လုပ်နေရလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။


အမှန်တကယ် ရန်ကုန်မှာ တာဝါတိုင် ၈၀၀ လောက် လိုပေမယ့် လက်ရှိ ၃၀၅ တိုင်ပဲ စိုက်ထူပြီးသေးတယ်လို့ အမှုဆောင်အရာရှိချုပ်က ရှင်းပြပါတယ်။

  
ဒီဗွီဘီ


ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

3G ချိတ်ဆက်မှုနှင့် အသံဖြင့် ထိန်းချုပ်နိုင်သည့် interface ပါဝင်သော Puls စမတ်နာရီကို Will.i.am မိတ်ဆက်


Photo: 3G ချိတ်ဆက်မှုနှင့် အသံဖြင့် ထိန်းချုပ်နိုင်သည့် interface ပါဝင်သော Puls စမတ်နာရီကို Will.i.am မိတ်ဆက်
=========

အမေရိကန် ရက်ပ်ပါ အဆိုတော် Will.i.am သည် ၎င်း၏ ပထမဦးဆုံး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ဖြစ်သော Puls စမတ်နာရီကို Salesforce ၏ Dreamforce 2104 ကွန်ဖရင့်စ်တွင် မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ စမတ်နာရီတွင် Facebook နှင့် Twitter ချိတ်ဆက်မှုအပြင် Instagram နှင့် Salesforce တို့ကို ပေါင်းစပ်ထည့်သွင်းထားသည်။ ၎င်းတွင် Aneeda ဟုအမည်ပေးထားသော အသံဖြင့် ထိန်းချုပ်နိုင်သည့် စနစ်ပါဝင်ပြီး အဆိုပါ စနစ်ကို Nuance က ထောက်ပံ့ပေးထားသည်။ Aneeda သည် reminders, music control, alarms စသည့် အခြေခံ feature များကို အထောက်အပံ့ပေးနိုင်သည်။

Hardware ပိုင်းအရ Puls စမတ်နာရီတွင် Wi-Fi နှင့် Bluetooth ချိတ်ဆက်မှုများအပြင် pedometer, GPS, accelerometer နှင့် AT&T မှ ထောက်ပံ့ပေးထားသည့် 3G ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ အဆိုပါ 3G ချိတ်ဆက်မှုကြောင့် စမတ်နာရီ သုံးစွဲသူများ အနေဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် text message ပေးပို့ခြင်းတို့ကို Puls နှင့် ဖုန်းအား ချိတ်ဆက်ရန် မလိုဘဲ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဘက်ထရီကို လက်ပတ်ကြိုးတွင် ထည့်သွင်းထားပြီး သိုလှောင်မှုပမာဏ 16GB ထောက်ပံ့ပေးထားသည်။ RAM မှာ 1GB ဖြစ်သည်။ သီချင်းနားထောင်ခြင်းနှင့် သတိပေးချက်များအတွက် built-in speaker များ ပါဝင်သည်။

Puls စမတ်နာရီအတွက် တန်ဖိုး အတိအကျကို ပြောကြားခဲ့ခြင်း မရှိသော်လည်း ၎င်းသည် iPhone တစ်လုံး၏ တန်ဖိုးထက် နည်းပါးမည် ဖြစ်ကြောင်း Will.i.am မှ ပြောကြားခဲ့သည်။

Ref: 9to5mac

အမေရိကန် ရက်ပ်ပါ အဆိုတော် Will.i.am သည် ၎င်း၏ ပထမဦးဆုံး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ဖြစ်သော Puls စမတ်နာရီကို Salesforce ၏ Dreamforce 2104 ကွန်ဖရင့်စ်တွင် မိတ်ဆက်ပြသခဲ့သည်။


အဆိုပါ စမတ်နာရီတွင် Facebook နှင့် Twitter ချိတ်ဆက်မှုအပြင် Instagram နှင့် Salesforce တို့ကို ပေါင်းစပ်ထည့်သွင်းထားသည်။ ၎င်းတွင် Aneeda ဟုအမည်ပေးထားသော အသံဖြင့် ထိန်းချုပ်နိုင်သည့် စနစ်ပါဝင်ပြီး အဆိုပါ စနစ်ကို Nuance က ထောက်ပံ့ပေးထားသည်။ Aneeda သည် reminders, music control, alarms စသည့် အခြေခံ feature များကို အထောက်အပံ့ပေးနိုင်သည်။


Hardware ပိုင်းအရ Puls စမတ်နာရီတွင် Wi-Fi နှင့် Bluetooth ချိတ်ဆက်မှုများအပြင် pedometer, GPS, accelerometer နှင့် AT&T မှ ထောက်ပံ့ပေးထားသည့် 3G ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ အဆိုပါ 3G ချိတ်ဆက်မှုကြောင့် စမတ်နာရီ သုံးစွဲသူများ အနေဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် text message ပေးပို့ခြင်းတို့ကို Puls နှင့် ဖုန်းအား ချိတ်ဆက်ရန် မလိုဘဲ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဘက်ထရီကို လက်ပတ်ကြိုးတွင် ထည့်သွင်းထားပြီး သိုလှောင်မှုပမာဏ 16GB ထောက်ပံ့ပေးထားသည်။ RAM မှာ 1GB ဖြစ်သည်။ သီချင်းနားထောင်ခြင်းနှင့် သတိပေးချက်များအတွက် built-in speaker များ ပါဝင်သည်။


Puls စမတ်နာရီအတွက် တန်ဖိုး အတိအကျကို ပြောကြားခဲ့ခြင်း မရှိသော်လည်း ၎င်းသည် iPhone တစ်လုံး၏ တန်ဖိုးထက် နည်းပါးမည် ဖြစ်ကြောင်း Will.i.am မှ ပြောကြားခဲ့သည်။


Ref: 9to5mac


ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

iPad ထုတ်ကုန်သစ် နှစ်မျိုးနှင့် Retina 5K iMac ကို Apple မိတ်ဆက်


ကြာသပတေးနေ့က ကယ်လီဖိုးနီးယားပြည်နယ်၊ ကူပါတီနိုမြို့တွင် ကျင်းပခဲ့သော ပွဲတစ်ခု၌ Apple က iPad ထုတ်ကုန်သစ် နှစ်မျိုးနှင့် Retina display ပါဝင်သည့် ၂၇ လက်မ iMac တို့ကို မိတ်ဆက်ပေးခဲ့သည်။


မိနစ် ၉၀ ကြာ ကျင်းပခဲ့သည့် အဆိုပါပွဲတွင် Apple အမှုဆောင် အရာရှိချုပ် တင်မ်ကွတ်ခ်က Apple ၏ ငွေပေးချေစနစ်သစ် ဖြစ်သော Apple Pay ကို တနင်္လာနေ့မှ စတင် အသုံးပြုနိုင်မည်ဟု ဆိုခဲ့သည်။ Apple Pay ကို American Express, Visa နှင့် Walgreens တို့အပါအဝင် လုပ်ငန်းပေါင်း ၅၀၀ ကျော်နှင့် ပူးပေါင်းဆောင်ရွက်ထားကြောင်း သိရသည်။ ထို့အပြင် Apple Watch စမတ်နာရီကိုလည်း လာမည့်နှစ် အစောပိုင်းတွင် ရောင်းချမည်ဟု တင်မ်ကွတ်ခ်က ပြောကြားခဲ့သည်။


Apple မှ မိတ်ဆက်ပေးခဲ့သည့် iPad ထုတ်ကုန်သစ် နှစ်မျိုးမှာ iPad Air 2 နှင့် iPad mini 3 တို့ဖြစ်သည်။ ခဲတံတစ်ချောင်း၏ အထူသာ ရှိသော iPad Air 2 ကို ၄၉၉ ဒေါ်လာဖြင့် လည်းကောင်း၊ iPad mini 3 ကို ၃၉၉ ဒေါ်လာဖြင့် လည်းကောင်း ရောင်းချမည် ဖြစ်သည်။


အဆိုပါ iPad သစ်များတွင် Touch ID လက်ဗွေဖတ်စနစ် ပါဝင်လာသော်လည်း NFC မပါဝင်လာပေ။ ၎င်းတွင် Retina display သစ်နှင့်အတူ A8 ထက် သုံးဆပိုမို လျင်မြန်သည့် A8X ချစ်ပ်သစ်ကို အသုံးပြုထားသည်။ M8 motion coprocessor သစ် ပါဝင်လာပြီး လျင်မြန်သည့် Wi-Fi ဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။ ကင်မရာမှာ 8MP resolution ဖြစ်ပြီး 1.12 micron pixels, f2.4 aperture နှင့် 1080p ဗီဒီယိုဖြင့် ရိုက်ကူးနိုင်သည်။ ၎င်းကင်မရာကို burst shooting, time lapse နှင့် slo-mo ဖြင့် ရိုက်ကူးနိုင်သည်။ FaceTime ကင်မရာကလည်း မျက်နှာသိမှတ်မှုကို အကောင်းဆုံး ပြုလုပ်နိုင်ပြီး burst selfie ဖြင့်လည်း ရိုက်ကူးနိုင်သည်။ အဆိုပါ iPad များကို ရွှေရောင် အမျိုးအစားဖြင့်လည်း ရရှိနိုင်သည်။


iMac သစ်တွင် Apple က Retina 5K ဟုခေါ်သော 5,120 x 2,880 pixels resolution ဖြင့် ဖော်ပြပေးနိုင်သည့် Retina display ကို အသုံးပြုထားသည်။ AMD Radon R9 ကို အသုံးပြုထားပြီး ဓာတ်ပုံနှင့် ဗီဒီယို တည်းဖြတ်ခြင်းကို အကောင်းဆုံး ဆောင်ရွက်နိုင်စေမည် ဖြစ်သည်။ Thunderbolt 2 ကိုလည်း ထောက်ပံ့ပေးထားပြီး တန်ဖိုးမှာ ဒေါ်လာ ၂,၅၀၀ ဖြစ်သည်။


Ref: CNET


ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Thursday, August 14, 2014

SMW-3 ရေအောက် ကေဘလ်ကြိုးပြတ်၍ မြန်မာနိုင်ငံမှ စင်ကာပူနိုင်ငံသို့ ဆက်သွယ်သော အင်တာနက်၊ ဖုန်းဆက်ကြောင်းများ ပြတ်တောက်မှုဖြစ်ပေါ်

သြဂုတ်လ ၁၃ ရက်မှစ၍ မြန်မာနိုင်ငံမှ စင်ကာပူ (Tuas) သို့ ဆက်သွယ်သော အင်တာနက်ဆက်ကြောင်း၊ တယ်လီဖုန်း ဆက်ကြောင်းလိုင်းများ ပြတ်တောက်မှု ဖြစ်ပေါ်လျက်ရှိကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနမှ သိရသည်။

ပြည်တွင်းမှ ပြည်ပဆက်ကြောင်းများ အဓိက ချိတ်ဆက်သုံးစွဲသော SMW-3 ရေအောက်ကေဘယ် ဆက်ကြောင်းသည် မြန်မာနိုင်ငံမှ ဝင်ရောက်ချိတ်ဆက်ထားသော Brunching Unit မှ စင်ကာပူ (Tuas) သို့ သွားသော ဆက်ကြောင်းပိုင်း Brunching Unit (41) ,Segment (4.1) တွင် ရေအောက်ကေဘလ် ချို့ယွင်း မှုဖြစ်ပေါ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်သည်။ အဆိုပါ ချို့ယွင်းမှုကို ပြုပြင်မှုများ စတင်ဆောင်ရွက်နေကြောင်း၊ ဆောင်ရွက်ပြီးစီးမှုကို အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် မည်ဖြစ်ကြောင်းဆိုသည်။
Internet Journal

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Saturday, August 9, 2014

အီဘိုလာ ရောဂါပိုးကို သတ်နိုင်မည့် ဆေးတွေ့ ပြီ


အမေရိကန် နိုင်ငံကို ရောက်ရှိနေသည့် အီလိုလာပိုး ကူးဆက်ခံနေရသူဒေါက်တာ ဘရက်ဒလီ ကို
ZMapp ဟုခေါ်သည့် ဆေးရွက်ကြီး ပင်တမျိုးက ဖေါ်စပ်ထားတဲ့ဆေးနဲ့ ကုသလိုက်တဲ့အခါ. အီဘိုလာ ကူးစက်ခံလာရတဲ့ ဒေါက်တာ ဘရက်ဒလီ တယောက်ချက်ချင်းသက်သာလာတယ် ဆိုပါတယ်။ အမေရိက က အတ်လန်တာ ဆေးရုံ မှာ ကုသ နေပါတယ် ။ရောဂါရှိတဲ့မျောက်တွေကို စမ်းသတ်ကုသတဲ့အခါ သုံးပုံ. နှစ်ပုံ. အသက်. ရှင်တယ် ဆိုပါတယ်။

ယခုဆေးရွတ်ကြီးပင်မျိုးမှာ သြစတေးလျAustralia နိုင်ငံမှာပေါက်ရောက်ပြီး ဆေးပြင်းလိတ်ထုတ်လုပ်တဲ့ အပင်မျိုးမှာပါဝင်ပြီး မျောက်တွေကို အရင်စမ်းသတ်ခဲ့တာ တိုးတက်မှုတွေတွေ့ ရပြီး ပိုးတွေအား လျှော့ကုန်ကြောင်း။
ဌင်းဆေးအာနိသင်မှာ အဆိပ်တောက်များကို နိုင်သည်-ပိုးများကိုသေစေနိုင်ပါသည် ။ ဌင်းဆေး အား လွန်ခဲ့သော ၁၀နှစ်ခန့် ကပင် စမ်းသတ်မှုများပြုလုပ်နေခဲ့သည်။
ယခုအီဘိုလာ လူနာ ဒေါက်တာ ဘရက်လီ ပြန်လည်နေကောင်းအောင် ကုသပြီးပါက အာဖရိက နိုင်ငံများမှ အသေစောင့်ရေကြသည့် လူနာများအတွက် ၀မ်းမြောက်ဖွယ်ဖြစ်သည်။
ကောင်းကျိုးမပေး မူးရစ်ဆေးဆိုသော်လည်း လူသားတွေအသက်ကယ်တင်နိုင်သည့် ဆေးရွတ်ကြီး မျိုးပင်မှာ အီဘိုလာနိုင်သည့် ကယ်တင်ရှင်အပင်ဖြစ်လာနိုင်သည်..။
 



ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech တို့ ပူးပေါင်းရောင်းချမည်

https://media.licdn.com/media/p/6/000/26c/10d/1d34e76.png
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် သည်။

ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်း ရမည်ဖြစ်သည်။

ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။
 
ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Friday, August 8, 2014

iPhone အသစ်ကို စက်တင်ဘာ ၉ ရက်တွင် ပွဲထုတ်မိတ်ဆက်ရန် Apple စီစဉ်နေ

Apple သည် ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်ဖြစ်သော iPhone သစ် မိတ်ဆက်ပွဲကို စက်တင်ဘာလ ၉ ရက်တွင် မိတ်ဆက်ရန် စီစဉ်နေကြောင်း Recode မှ ဖော်ပြခဲ့သည်။ Recode သည် Apple ၏ ထုတ်ကုန် မိတ်ဆက်မည့်နေ့များ၊ အခြားသတင်းများနှင့် ပတ်သက်၍ အချက်အလက် အတိအကျ ဖော်ပြလေ့ရှိသည့် ဆိုက်ဖြစ်သည်။ သို့သော်လည်း အခြား အချက်အလက်များကို Recode မှ ဖော်ပြခဲ့ခြင်း မရှိပေ။ အခြားသော သတင်းများကမူ Apple အနေဖြင့် အောက်တိုဘာလ မတိုင်မီအထိ စမတ်ဖုန်း အသစ်များကို မိတ်ဆက်ပေးဖွယ်မရှိကြောင်း ခန့်မှန်းဖော်ပြခဲ့ကြသည်။ Apple သည် အမှုဆောင်အရာရှိချုပ်ဟောင်း စတိဗ်ဂျော့ဘ်က ၂၀၀၇ ခုနှစ်တွင် စမတ်ဖုန်းကို စတင်မိတ်ဆက်ပေးချိန်မှစ၍ နှစ်စဉ်နှစ်တိုင်း iPhone သစ်တစ်မျိုးကို မိတ်ဆက်ပေးခဲ့သည်။

ထို့အပြင် iPhone အသစ်များကို ၂၀၁၁ ခုနှစ်မှစ၍ စက်တင်ဘာလတိုင်းတွင် မိတ်ဆက်ပေးခဲ့ သည်။ ဈေးကွက်စောင့်ကြည့်သူများကမူ Apple အနေဖြင့် ၄.၇ လက်မနှင့် ၅.၅ လက်မ iPhone 6 နှစ်မျိုးကို မိတ်ဆက်ပေးရန် မျှော်လင့်နေကြသည်။ Apple သည် screen အရွယ်အစား ကြီးမားသည့် iPhone များကို ဒီဇင်ဘာလ ၃၀ ရက်တွင် သန်း ၇၀ မှ သန်း ၈၀ အထိ ထုတ်လုပ်ရန် လုပ်ဖော်ကိုင်ဖက် ထုတ်လုပ်သူ ကုမ္ပဏီများထံ တောင်းဆိုထားကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။

Ref: CNET
Internet Journal
Read More >>

ဆင်းမ်ကတ်ဈေးနှုန်း ၁,၅၀၀ ကျပ်ထက် မပိုစေရဟု Telenor ပြော

 နော်ဝေ, တယ်လီနော, စီးပွားရေး, ဆက်သွယ်ရေး
Telenor Myanmar သည် မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို သန်းနှင့်ချီ၍ ရောင်းချပေးမည် ဖြစ်သည့်အတွက် မည်သူမျှ ကျပ်ငွေ ၁,၅၀၀ ထက် ပိုမိုပေးဝယ်စရာမလိုကြောင်း ကုမ္ပဏီ CEO ဖြစ်သူ Mr. Petter Furberg က ပြောကြားလိုက်သည်။ Telenor Myanmar သည် ၎င်းတို့၏ မိုဘိုင်းဆင်းမ်ကတ်များကို မိုဘိုင်း ဟန်းဆက်များနှင့် တွဲဖက် ရောင်းချပေးနိုင်ရန် နာမည်ကျော်ဟန်းဆက်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားပြီး အဆိုပါမိုဘိုင်းဟန်းဆက်များ၌ ကောင်းမွန်သော မြန်မာစာစနစ်များ တွဲဖက်ပါဝင်လာရန် ဦးစားပေးဆောင် ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်၌ Ooredoo Myanmar သည် ဈေးကွက်အတွင်းသို့ မိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချ နေသော်လည်း ဆင်းမ်ကတ်အရေအတွက်သည် အလွန်နည်းပါးနေ သည့်အတွက် လက်တွေ့နယ်ပယ်၌ ဈေးနှုန်းကြီးမြင့်ခဲ့သည်ဟု သိရသည်။

Ooredoo အနေဖြင့် ၎င်းတို့၏ အရောင်းဆိုင်များကို ငွေကျပ် ၁,၅၀၀ ဖြင့်သာ ရောင်းချပေးရန်နှင့် ဆင်းမ် ကတ်များကို လိုသလောက် ရောင်းချပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ သော်လည်း လက်တွေ့နယ်ပယ်၌ ဆင်းမ်ကတ်များ လိုသလောက် ထွက်ရှိမလာခဲ့သည့်အတွက် ဈေးနှုန်းများ ဆက်လက်ကြီးမြင့်နေခဲ့သည်။ Ooredoo ၏ ဈေးကွက်ဒါရိုက်တာ ဦးမြင့်ဇော်က ဆင်းမ်ကတ်ဈေးနှုန်း မြှင့်တင်ရောင်းချသည့် အရောင်းဆိုင် များကို ခေါ်ယူတွေ့ဆုံဖြစ်ကြောင်း၊ ဆင်းမ်ကတ်ဈေးနှုန်း ကြီးမြင့်ရသည့်ကိစ္စသည် ရက်ပိုင်း အတွင်း ပြေ လည်သွားမည့်ကိစ္စဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Telenor Myanmar အနေဖြင့် Ooredoo Myanmar နှင့် တူညီခြင်းမရှိဘဲ မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ ၎င်းတို့လက်ဝယ်၌ မိုဘိုင်းဆင်းမ်ကတ် သန်း ၃၀ ကို အရန်သင့်အနေဖြင့် ထားရှိမည်ဖြစ်ပြီး ဈေးနှုန်းကိုလည်း ငွေကျပ် ၁,၅၀၀ ထက် ကျော်လွန်၍ ပေးဆောင်ရန်မလိုအပ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ Telenor သည် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ 2G နှင့် 3G အမျိုးအစားနှစ်ခုကို ရောင်းချမည်ဖြစ်ပြီး အဆိုပါအမျိုးအစားနှစ်ခုအတွက် တွဲဖက်အသုံးပြုကြမည့် ဟန်းဆက် များကို လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်ရန် ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ၎င်း၏ အဓိကပြိုင်ဘက် Ooredoo သည် 3G အမျိုးအစား ဆင်းမ်ကတ်တစ်ခုတည်းကိုသာ စတင်ရောင်းချ ခဲ့ခြင်း ဖြစ်သည်။
Read More >>

ချိတ်ဆက်ထားသည့် အင်တာနက် Bandwidth နှင့် ပတ်သက်၍ Ooredoo ပြောဆိုခြင်းမရှိ

http://prwebme.com/wp-content/uploads/2013/02/OOREDOO-EVENT-9.jpg
Ooredoo အနေဖြင့် မိုဘိုင်း အင်တာနက်စနစ်ကို ၎င်းင်းတို့၏ ဆင်းမ်ကတ်များမှတစ်ဆင့် အသုံး ပြုစေခဲ့သော် လည်း မိုဘိုင်းအင်တာ နက်စနစ်အတွက် ကုမ္ပဏီမှအသုံး ပြုထားသည့် အင်တာနက်ဆက်ကြောင်း များနှင့် အင်တာနက် Bandwidth ပမာဏများအကြောင်းကိုမီဒီယာသို့ ထုတ်ဖော်ပြောကြားခဲ့ ခြင်းမရှိပေ။

မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ချိတ်ဆက်ထားသည့် အင်တာနက် လိုင်းများကို Ooredoo အနေဖြင့် ရယူအသုံးပြုထားခြင်းမရှိဘဲ သီးခြား အင်တာနက်လိုင်းကို ချိတ်ဆက် အသုံးပြုထားသည်ဟု သိရသော်လည်း မည့်သည့်အင်တာနက် ဆက်ကြောင်းများနှင့် ချိတ်ဆက် ထားပြီး Brandwidth ပမာဏမှာ မည်မျှရှိသည်ကို မသိရှိရပေ။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သည် ၎င်းတို့၏ အင်တာနက် Bandwidth နှင့်ပတ်သက်၍ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း 3.72 Gbps ချိတ်ဆက် အသုံးပြုခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ၌ Bandwidth ကို 27.36 Gbps အထိချိတ်ဆက်အသုံးပြုနိုင်ခဲ့သည် ဟု တရားဝင်ပြောဆိုထားသည်။

““အင်တာနက်စနစ်အတွက် ကိုယ်ပိုင်ရပ်တည်ထားတာပါ။ Call Center လိုဟာမျိုးတွေတောင် ရှိ ပြီးသား Center တွေကိုငှားပြီး ပြန် မသုံးပါဘူး။ ကိုယ်ပိုင်အကုန်အကျခံ ပြီး ၂၄ အပြည့်ဝန်ထမ်းတွေနဲ့ ရပ် တည်နေ တာပါ။ Bandwidth ဘယ် လောက်ရှိတယ်ဆိုတာတွေကတော့ နောက်မှပြန်ပြောပါ့မယ်””ဟု Ooredoo ၏ ဈေးကွက်ဒါရိုက်တာ ဖြစ်သူ ဦးမြင့်ဇော်ကပြောသည်။

လက်ရှိအချိန်၌ Ooredoo ၏ မိုဘိုင်းအင်တာနက်စနစ်သည် 3G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြု ရာတွင် H+ အထိအသုံးပြု၍ ရရှိ နေသော်လည်း တစ်ခါတစ်ရံ၌ အင် တာနက်လိုင်းသည် တည်ငြိမ်မှုမရှိ ဘဲ အသုံးပြုနေစဉ် လိုင်းကျဆင်း မှုများ ဖြစ်ပွားနေသည်ဟု Ooredoo ၏  အင်တာနက်လိုင်းကို ရန်ကုန်မြို့၌ စမ်းသက်သုံးစွဲနေသူ များကပြောသည်။ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုအနေဖြင့် မိုဘိုင်းဝန်ဆောင် မှုလုပ်ငန်းအပြင် အင်တာနက်ဝန် ဆောင်မှုလုပ်ငန်းများ ၊ အိုင်တီဝန် ဆောင်မှုလုပ်ငန်းများနှင့် PSTN လုပ်ငန်းများကို အချင်းချင်းယှဉ် ပြိုင်လုပ်ကိုင်ဆောင်ရွက်ရမည်ဟု သိရသည်။ မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုကိုစတင်ပေးအပ်နေပြီ ဖြစ်သည့် Ooredoo သည် ISP တစ်ခုအနေဖြင့် အင်တာနက် ၀န်ဆောင်မှုများပေးအပ်ရန် လက်ရှိ အချိန်၌  မပြောလိုသေးကြောင်း သတင်းထောက်များနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

““ISP လုပ်ငန်းနဲ့ပတ်သက်ပြီး ပြောဖို့စောပါသေးတယ်။ အခုမှ မို ဘိုင်းဖုန်းတွေစရောင်းတုန်းပဲရှိပါ သေး တယ်။ အစီအစဉ်နဲ့ပတ်သက် ပြီးတော့လည်းမှတ်ချက်မပေးလို သေးပါဘူး””ဟု ဦးမြင့်ဇော်က ပြော သည်။ လက်ရှိအချိန်၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့သည် ISPလုပ်ငန်းများ ကိုလုပ်ကိုင်နေပြီး Fiber အင်တာနက်လိုင်းအပြင် ADSL အင်တာ နက်လိုင်းနှင့် အခြားသောအင်တာ နက်လိုင်းများကိုလည်းရောင်းချ ပေးနေသည်ဟု သိရသည်။

Internet Journal
Read More >>

ASUS K450LC-WX057D Notebook အကြောင်း အသေးစိတ်လေ့လာနိုင်ရန်

Photo: ASUS K450LC-WX057D Notebook
====================

စွမ်းဆောင်ရည်

Notebook တစ်လုံးတွင် လိုအပ်သည့် processor ကတော့  Intel Corei5-4200U-1.6 GHz(Turbo Boost 2.3 GHz) ဖြင့်စွမ်းဆောင်ပေးမှာဖြစ်ပြီး Memory ကတော့  4GDDR3 ပါဝင်သည်။ အချက်အလက်များကို 500GB Harddisk ဖြင့်သိမ်းဆည်းပေးမှာ ဖြစ်ပြီး 
5400rpmနှုန်းဖြင့်လုပ်ဆောင်ပေးသည့်အတွက်လည်း laptop တစ်လုံးအတွက် လုံလောက်သည့်ပမာဏ တစ်ခုဖြစ်မည်ဖြစ် သည်။Mobile Intel HM86 Express Chipset ကိုအခြေခံပြီး ထုတ်လုပ်ထား တာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းအတွက်လည်း  Nvidia GT720 ကိုအသုံးပြုထားကာ ဂရပ်ဖစ် Memory 2GB DDR3 ပါဝင်တဲ့အ တွက် ကလည်း ဂိမ်းတော်တော်များများကို ကောင်းကောင်းကစားချင်သူများ ၊ လုပ်ဆောင်ချက်ပိုင်းတွေ ၊ စွမ်းဆောင်ရည် ပိုင်းတွေ အမြင့်ကိုအသုံးပြုချင်သူတွေ အတွက် အဆင်ပြေစေမယ့် Notebook တစ်လုံးဖြစ်သည်။

အားသာချက်

၎င်း Notebook သည် Intel ၏ စတုတ္ထမြောက် မျိုးဆက် processor ဖြစ်သောကြောင့် battery life  ပုံမှန်ထက် ပိုမိုတာရှည်ခံသည်။ စွမ်းဆောင်ရည်မြင့် မားပြီး ဂရပ်ဖစ် စွမ်းဆောင်ရည်ကို မြင့်မား အောင်သုံးပေးထားသည်။ အသံပိုင်း အနေဖြင့်Sonic Master Speaker သုံးပေးထားတဲ့အတွက် ကြည်လင်ပြတ် သားသောအသံကိုပေးစွမ်းသည်။

အားနည်းချက
်
တခြားသော brand များနှင့် နှိုင်းယှဉ်ပါက graphic chipset အနည်းငယ် နှိမ့်သွားခြင်းသည် အဆိုပါ Notebook ၏ အားနည်းချက်ဖြစ်သည်။ 

ဒီဇိုင်း

Notebook တစ်လုံးတွင်လိုအပ်သော USB 3.0 ports အပြင်တခြားသောလိုအပ်မည့် ports တွေကိုလည်း အစုံအလင်ထည့်ပေးထားသည်။ မျက်နှာပြင်ကတော့ ၁၄ လက်မ ကျယ်ဝန်းပြီး LED မျက်နှာပြင်ဖြစ် သည်။ resolution ကတော့ 1366x768 ထိရရှိမှာဖြစ်ပြီး ပါးလွှာပြီး ပေါ့ပါးတဲ့ design ဖြစ်ပါတယ်။

ဘက်ထရီ

4 Cells Li-ion Battery ကိုအသုံးပြု ထားသည့်အတွက် ဘက်ထရီသက်တမ်းကို နည်းနည်းပိုကြာရှည်ခံမည်ဖြစ်သည်။

တန်ဖိုး

ကန်ဒေါ်လာ ၆၆၉ ဖြင့် Golden Power Technology ဖုန်း - ၂၃၀ ၄၈၄၈၊ ၂၃၀၄၈၄၉ မှာဝယ်ယူရရှိနိုင်သည်။ အာမခံသက်တမ်းကတော့ ၂ နှစ်ရရှိမည်ဖြစ်သည်။
စွမ်းဆောင်ရည်

Notebook တစ်လုံးတွင် လိုအပ်သည့် processor ကတော့ Intel Corei5-4200U-1.6 GHz(Turbo Boost 2.3 GHz) ဖြင့်စွမ်းဆောင်ပေးမှာဖြစ်ပြီး Memory ကတော့ 4GDDR3 ပါဝင်သည်။ အချက်အလက်များကို 500GB Harddisk ဖြင့်သိမ်းဆည်းပေးမှာ ဖြစ်ပြီး 5400rpmနှုန်းဖြင့်လုပ်ဆောင်ပေးသည့်အတွက်လည်း laptop တစ်လုံးအတွက် လုံလောက်သည့်ပမာဏ တစ်ခုဖြစ်မည်ဖြစ် သည်။Mobile Intel HM86 Express Chipset ကိုအခြေခံပြီး ထုတ်လုပ်ထား တာဖြစ်ပြီး ဂရပ်ဖစ်ပိုင်းအတွက်လည်း Nvidia GT720 ကိုအသုံးပြုထားကာ ဂရပ်ဖစ် Memory 2GB DDR3 ပါဝင်တဲ့အ တွက် ကလည်း ဂိမ်းတော်တော်များများကို ကောင်းကောင်း ကစားချင်သူများ ၊ လုပ်ဆောင်ချက်ပိုင်းတွေ ၊ စွမ်းဆောင်ရည် ပိုင်းတွေ အမြင့်ကိုအသုံးပြုချင်သူတွေ အတွက် အဆင်ပြေစေမယ့် Notebook တစ်လုံးဖြစ်သည်။

အားသာချက်

၎င်း Notebook သည် Intel ၏ စတုတ္ထမြောက် မျိုးဆက် processor ဖြစ်သောကြောင့် battery life ပုံမှန်ထက် ပိုမိုတာရှည်ခံသည်။ စွမ်းဆောင်ရည်မြင့် မားပြီး ဂရပ်ဖစ် စွမ်းဆောင်ရည်ကို မြင့်မား အောင်သုံးပေး ထားသည်။ အသံပိုင်း အနေဖြင့်Sonic Master Speaker သုံးပေးထားတဲ့အတွက် ကြည်လင်ပြတ် သားသော အသံကိုပေးစွမ်းသည်။

အားနည်းချက

တခြားသော brand များနှင့် နှိုင်းယှဉ်ပါက graphic chipset အနည်းငယ် နှိမ့်သွားခြင်းသည် အဆိုပါ Notebook ၏ အားနည်းချက်ဖြစ်သည်။

ဒီဇိုင်း

Notebook တစ်လုံးတွင်လိုအပ်သော USB 3.0 ports အပြင်တခြားသောလိုအပ်မည့် ports တွေကိုလည်း အစုံအလင်ထည့်ပေးထားသည်။ မျက်နှာပြင်ကတော့ ၁၄ လက်မ ကျယ်ဝန်းပြီး LED မျက်နှာပြင်ဖြစ် သည်။ resolution ကတော့ 1366x768 ထိရရှိမှာဖြစ်ပြီး ပါးလွှာပြီး ပေါ့ပါးတဲ့ design ဖြစ်ပါတယ်။

ဘက်ထရီ

4 Cells Li-ion Battery ကိုအသုံးပြု ထားသည့်အတွက် ဘက်ထရီသက်တမ်းကို နည်းနည်းပိုကြာ ရှည်ခံမည်ဖြစ်သည်။

တန်ဖိုး

ကန်ဒေါ်လာ ၆၆၉ ဖြင့် Golden Power Technology ဖုန်း - ၂၃၀ ၄၈၄၈၊ ၂၃၀၄၈၄၉ မှာဝယ်ယူရရှိနိုင်သည်။ အာမခံသက်တမ်းကတော့ ၂ နှစ်ရရှိမည်ဖြစ်သည်။

Internet Journal
Read More >>

Xiaomi စမတ်ဖုန်း ဈေးကွက်ရှယ်ယာ မြင့်တက်လာရခြင်း၏ အကြောင်းအရင်း (၅) ချက်


 Xiaomi
ကို အာရှနိုင်ငံများမှ လွဲ၍ လူသိများ ထင်ရှားခြင်း မရှိသေးသော်လည်း
Strategy Analytics မှ ဖော်ပြခဲ့သည့် အစီရင်ခံစာအရ အဆိုပါ ဘေကျင်း
အခြေစိုက် ကုမ္ပဏီသည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင်
Samsung, Apple, Huawei, Lenovo တို့၏နောက် ပဉ္စမနေရာ၌ ရပ်တည်လျက်ရှိသည်။


Xiaomi ၏ စမတ်ဖုန်း ဒီဇိုင်းသည် iPhone ဒီဇိုင်းနှင့် ဆင်တူသော်လည်း
ကုမ္ပဏီကမူ အဆိုပါ ပြောကြားချက်များကို ငြင်းဆိုထားပြီး ကုမ္ပဏီ၏
ထုတ်ကုန်များတွင် ကိုယ်ပိုင်ဟန်အချို့ ထည့်သွင်းထားကြောင်း ပြောကြားခဲ့သည်။
Apple ထုတ်ကုန်များနှင့် ဆင်တူသော ဒီဇိုင်းများမှာ Mi Pad tablet နှင့်
Xiaomi Mi 4 ဖုန်းတို့ဖြစ်သည်။

Xaiomi ၏ ထုတ်ကုန်အချို့သည် Apple ၏
ဒီဇိုင်းနှင့် ဆင်တူသောကြောင့် ငြင်းခုံမှုများ ဖြစ်ပွားနေသော်လည်း ကုမ္ပဏီ
တိုးတက်မှုကို အဓိက ဖြစ်ပေါ်လာစေသည့် ထုတ်ကုန်များမှာ ဈေးသက်သာသည့် Redmi
ဖုန်းနှင့် Redmi Note phablet တို့ဖြစ်သည်။

ထို့အပြင် Xiaomi
ကုမ္ပဏီသည် လာမည့်နှစ်အနည်းငယ်အတွင်း များစွာ တိုးတက်လာဖွယ်ရှိနေသည်။
ထို့ကြောင့် Xiaomi ကုမ္ပဏီ တိုးတက်လာရခြင်း၏ အဓိက အကြောင်းအရင်း (၅)
ချက်ကို ဖော်ပြလိုက်ပါသည်။

(၁) အရည်အသွေးမြင့် ထုတ်ကုန်များ


Xiaomi ၏ ထုတ်ကုန်များသည် အလွန်ကောင်းမွန်သည့် ထုတ်ကုန်များကို
ပိုင်ဆိုင်ထားသည်။ ကုမ္ပဏီ၏ နာမည်ကျော် ထုတ်ကုန်များမှာ Mi 3 နှင့် Mi 4
တို့ဖြစ်ပြီး ဈေးနှုန်းမှာလည်း သက်သာသည်။ ဥပမာအားဖြင့် Redmi Note တွင်
octa-core processor ကို အသုံးပြုထားသောကြောင့် စွမ်းဆောင်ရည်
ကောင်းမွန်သော်လည်း ဈေးနှုန်းကြီးမြင့်ခြင်း မရှိပေ။ ထို့အပြင် Xiaomi သည်
router များနှင့် UHD TV ကဲ့သို့သော ထုတ်ကုန်များကိုလည်း
ရောင်းချလျက်ရှိသည်။

(၂) ထိုက်သင့်သည့် ဈေးနှုန်းများ

Xiaomi ထုတ်ကုန်များ၏ ဈေးနှုန်းသင့်တင်ခြင်းကလည်း
အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် Redmi Note သည်
လက်လီရောင်းဈေး အမေရိကန်ဒေါ်လာ ၁၅၄ ဝန်းကျင်သာရှိသည်။ (နိုင်ငံအပေါ်မူတည်၍
ဈေးနှုန်းကွာခြားနိုင်သည်)

ထို့အပြင် ကုမ္ပဏီ၏ နာမည်ကျော်
ထုတ်ကုန်များ၏ ဈေးနှုန်းသည် အလယ်အလတ်တန်းစား ဖုန်းတစ်လုံး၏
ဈေးနှုန်းသာရှိသော်လည်း စွမ်းဆောင်ရည်အပိုင်းတွင် စွမ်းဆောင်ရည်မြင့်
ထုတ်ကုန်များနှင့် တိုက်ရိုက်ယှဉ်ပြိုင်နိုင်သ
ည်။
တရုတ်နိုင်ငံတွင် ရောင်းချခဲ့သော MiTV2 ဟုခေါ်သည် UHD TV သည် အမေရိကန်ဒေါ်လာ
၆၄၀ သာရှိသည်။ ၎င်းသည် Samsung, LG တို့ ရောင်းချသည့် ထုတ်ကုန်များနှင့်
ယှဉ်ပြိုင်နိုင်သည်။

(၃) Mi ပရိသတ်များ

Apple နှင့်
Samsung ပရိသတ်များ ကဲ့သို့ပင် Xiaomi တွင်လည်း ကုမ္ပဏီ၏ ထုတ်ကုန်များကို
နှစ်သက်သူများရှိသည်။ အဆိုပါ Mi ပရိသတ်များသည် တရုတ်နိုင်ငံတွင် ကျင်းပသည့်
ကုမ္ပဏီ၏ ထုတ်ကုန် မိတ်ဆက်ပွဲများသို့ ပုံမှန်တက်ရောက်ကြသူများ ဖြစ်သည်။
သို့သော် Mi ပရိသတ်များကို ကန့်သတ်ထားခြင်း မရှိပေ။ ထို့အပြင် Xiaomi သည်
ကုမ္ပဏီ၏ အရေးပါဆုံး ထုတ်ကုန်ဖြစ်သည့် MIUI နှင့် ပတ်သက်၍
အခြားနိုင်ငံများရှိ ပရိသတ်များထံ ပုံမှန်ဖြန့်ဝေလျက်ရှိသည်။

(၄) MIUI


Xiaomi ထုတ်ကုန်များတွင် ပါဝင်သော MIUI (my UI) ဟုခေါ်သည့် ROM skin သည်
Android ပေါ်တွင် အခြေခံထားပြီး ၎င်းကို ကုမ္ပဏီ၏ စမတ်ဖုန်းများနှင့် tablet
များတွင် အသုံးပြုလျက်ရှိသည်။ MIUI တွင် Android နှင့် iOS များ၌
မတွေ့နိုင်သည့် feature အများအပြား ပါဝင်သည်။

MIUI သည် Xiaomi ကို
အခြား စမတ်ဖုန်းများနှင့် နှိုင်းယှဉ်သည့်အခါ ထူးခြားဆန်းသစ်သည် အတွေ့အကြုံ
ပေးစွမ်းနိုင်သည်။ အကောင်းဆုံးအချက်မှာ ၎င်းကို download ပြုလုပ်ပြီး
အခြားသော Android ဖုန်းများတွင် အသုံးပြုနိုင်ခြင်း ဖြစ်သည်။ ထို့ကြောင့်
HTC One တွင် MIUI ကို အသုံးပြုလိုသည့်အခါ MIUI ဆိုက်သို့ သွားရောက်ပြီး
သက်ဆိုင်ရာ ROM ကို download ပြုလုပ်ခြင်းဖြင့် အသုံးပြုနိုင်သည်။

(၅) Hugo Barra

Google အမှုဆောင်အရာရှိဟောင်း ဟူဂိုဘရာသည် Xiaomi ၏ အပြည်ပြည်ဆိုင်ရာဌာနကို ဦးဆောင်နေသူဖြစ်သည်။


ဘာရာ၏ Google Android ဌာန ဒုဥက္ကဋ္ဌ အဖြစ် ရရှိခဲ့သည့် အောင်မြင်မှုများက
Xiaomi ကို စမတ်ဖုန်းကမ္ဘာတွင် ကြီးမားသည့် သြဇာသက်ရောက်မှုများ
ဖြစ်ပေါ်စေခဲ့သလို ပြိုင်ဆိုင်မှု ပြင်းထန်သည့် စမတ်ဖုန်းဈေးကွက်တွင်
အောင်မြင်မှုများ ရရှိစေရန် အကူအညီဖြစ်စေခဲ့သည်။

ဘာရာ၏ လမ်းညွှန်မှုအောက်တွင် Xiaomi သည် လာမည့် နှစ်နှစ်အတွင်း ကမ္ဘာတစ်ဝန်း၌ ဖုန်းများကို ရောင်းချရန် ရည်မှန်းထားသည်။ 
Read More >>

Window ဖုန်းသုံးစွဲသူများအတွက် ဗိုက်ဘာဗားရှင်းအသစ်တွင် အသံမက်ဆေ့ခ်ျဝန်ဆောင်မှုထည့်သွင်း

Window ဖုန်းအသုံးပြု သူများအတွက် အသံဖြင့် မက်ဆေ့ခ်ျပို့ပေးနိုင်မည့် Hold & Talk နည်းပညာကို Viber ဗားရှင်း အသစ်ဖြစ်သော 4.2 တွင်  ထည့် သွင်းပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘Viber ရဲ့ နောက်ဆုံးပေါ် ဗားရှင်းအသစ်နဲ့အတူ ကျွန်တော် တို့ရဲ့ လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တဲ့ Hold & Talk ကို Window ဖုန်းအသုံးပြုသူတွေအတွက် ယူဆောင်လာပါပြီ’’ဟု အမှုဆောင်အရာရှိချုပ် Mr.Talmon Marcoက ပြောသည်။     
အသံမက်ဆေ့ခ်ျများပေးပို့ ရာတွင် ခလုတ်ကိုဖိ၍ထားကာ မိမိဆက်သွယ်ပေးပို့လိုသည့် စကားသံကို ပြောဆို ရမည်ဖြစ်ပြီး လက်ခံသူသည် မိမိဘက်မှ ပေးပို့ နေချိန်တွင်ပင် စကားသံကို နား ထောင်နိုင်မည်ဖြစ်သည်။  Hold & Talk  အသုံးပြုခြင်းဖြင့် သုံးစွဲသူအချင်းချင်းမြန်ဆန်စွာ ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ် သည်။  မြန်မာနိုင်ငံ၌ Viber အသုံး ပြုသူဦးရေမှာ ၂၀၁၃ ခုနှစ် ဒီဇင် ဘာ၌ သုံးသိန်းကျော်သာရှိခဲ့ရာမှ ၂၀၁၄ ခုနှစ် ဇူလိုင်တွင် အသုံးပြု သူ ငါးသန်းအထိတိုးတက်ခဲ့သည့် အတွက် ယခုနှစ်တွင် အသုံးပြုသူ ၄ ဒသမ ၆ သန်းအထိ တိုးတက် လာခြင်းဖြစ်ကြောင်း Viber မှ ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြ ထားသည်။
ယခုအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Viber သုံးစွဲသူသန်း လေးရာကျော်ရှိနေပြီဖြစ်ကာ တစ်ကမ္ဘာလုံး တွင် တရားဝင်စာရင်းသွင်းထားသူဦးရေ ၆၀၈ သန်းကျော်သွားပြီဖြစ်သည်။
Read More >>

Saturday, August 2, 2014

မိုဘိုင်း chat အတွက် standalone Messenger app လိုအပ်မည်ဟု Facebook ပြောကြား


Facebook သည် ၎င်း၏ ပင်မ app တွင် မိုဘိုင်း messaging ကို အဆုံးသတ်မည် ဖြစ်သောကြောင့် သုံးစွဲသူများ အနေဖြင့် standalone Messenger app ကို download ပြုလုပ်ရန် လိုအပ်မည်ဟု ပြောကြား လိုက်သည်။

ကမ္ဘာ့အကြီးဆုံး လူမှုရေးကွန်ရက်ဖြစ်သည့် Facebook သည် ပင်မ Facebook app မှ မိုဘိုင်း messaging ကို ဖယ်ရှားရန် စီစဉ်နေသောကြောင့် သုံးစွဲသူများအနေဖြင့် Facebook chat ပြုလုပ်လိုသည့်အခါ standalone Messenger app မှတစ်ဆင့် ပြုလုပ်ရတော့မည် ဖြစ်သည်။

Facebook သည် Messenger သီးသန့် အသုံးပြုနိုင်သည့် app ကို ဧပြီလက သတ်မှတ်ထားသည့် ဥရောပနိုင်ငံများတွင် ပထမဦးဆုံး ဖြန့်ချိခဲ့ပြီးနောက် ယခုအခါ ကမ္ဘာတစ်ဝန်းသို့ ဖြန့်ချိရန် စီစဉ်နေခြင်း ဖြစ်သည်။ အဆိုပါ အပြောင်းအလဲသည် ကာလတို ဓာတ်ပုံနှင့် ဗီဒီယို app ဖြစ်သော Slingshot ကဲ့သို့ Facebook ၏ stadalone app များ ပိုမိုဖွံ့ဖြိုးလာစေရန်ဖြစ်ကြောင်း ဆိုသည်။

“လာမယ့်ရက်အနည်းငယ် အတွင်းမှာ Facebook message တွေကို ပေးပို့ လက်ခံလိုသူတွေအနေနဲ့ Messenger app ကို download ပြုလုပ်ဖို့ လိုအပ်မယ့် သတိပေးချက်တွေကို ကျွန်တော်တို့ ပေးပို့သွားပါမယ်" ဟု Facebook မှ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက CNET ထံ ပြောကြားခဲ့သည်။

Meseenger app မရှိသည့် Facebook သုံးစွဲသူများသည် Facebook app မှ message တစ်စောင်ကို ပေးပို့လိုသည့်အခါ Messenger app ကို download ပြုလုပ်ရန် လိုအပ်မည် ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများသည် ပင်မ Facebook app တွင် ဆိုင်းငံ့ message များကို မြင်တွေ့ရမည် ဖြစ်သည်။ Facebook app တွင်ရှိသည့် messages button ကို ဆက်လက်နှိပ်နိုင် မည် ဖြစ်သော်လည်း ပေးပို့ရာတွင် Messenger မှတစ်ဆင့် ပေးပို့ရမည် ဖြစ် သည်။

Messenger ကို လစဉ် အသုံးပြုသူသည် သန်း ၂၀၀ ကျော်ရှိပြီး Facebook သုံးစွဲသူ ၁.၁ ဘီလီယံသည် မိုဘိုင်း ထုတ်ကုန်တစ်ခုကို အသုံးပြုကာ အနည်းဆုံး တစ်လတစ်ကြိမ် အသုံးပြုကြောင်း Facebook မှ ပြောကြားခဲ့သည်။ ထို့အပြင် ကုမ္ပဏီ၏ ဒုတိယ သုံးလပတ် ဝင်ငွေ အစီရင်ခံစာတွင်လည်း အမေရိကန်နိုင်ငံရှိ Facebook ကို မိုဘိုင်းဖုန်းများမှ အသုံးပြုသူများသည် တစ်နေ့လျှင် မိနစ် ၄၀ အသုံးပြုကြကြောင်း အမှုဆောင်အရာရှိချုပ် မာ့ခ်ဇူကာဘတ်ခ်က ပြောကြား သည်။

Facebook ၏ အဆိုအရ Messenger app သည် ၂၀ ရာခိုင်နှုန်း ပိုမိုလျင်မြန်ပြီး ပင်မ Facebook app တွင် chat ပြုလုပ်ခြင်းထက် ပိုမိုကောင်းမွန်ကြောင်း Facebook က ဆိုသည်။

Messenger app ကို iPhone, Android, Windows Phone နှင့် iPad တွင် အသုံးပြုနိုင်သည်။ Desktop ပေါ်တွင် Facebook chat ပြုလုပ်သူများကမူ Messenger app လိုအပ်မည် မဟုတ်ပေ။

Ref: CNET
 
Read More >>

မြန်မာနိုင်ငံတွင် Viber သုံးစွဲသူ ၅ သန်း အထိ ရှိလာ


Viber အား မြန်မာနိုင်ငံ အတွင်း တွင်ကျယ်စွာ သုံးစွဲနေကြပြီ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

မြန်မာနိုင်ငံတွင် Viber ကို မှတ်ပုံတင်ပြီး သုံးစွဲသူ ဦးရေ ၅ သန်း အထိ ရှိလာပြီ ဖြစ်ကြောင်း ဗိုက်ဗာ (Viber) ကုမ္ပဏီက ထုတ်ဖော် ကြေညာသည်။

ဇူလိုင် ၃၀ ရက်က ပြုလုပ်သော မြန်မာနိုင်ငံနှင့် ဆိုင်သည့် ပထမဆုံး Viber ပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ viber သုံးစွဲသူ များပြားလာခြင်းနှင့် ပတ်သတ်ပြီး Viber ၏ အလုပ်အမှု ဆောင် အရာရှိချူပ် Talmon Marco က “ သုံးစွဲ သူတွေရဲ့နှုန်းက အံအားသင့်ဖွယ်ပဲ။ မြန်မာက ကျနော်တို့ အတွက် အရမ်းအရေးကြီးတဲ့ ဈေးကွက် တခုပါပဲ” ဟု ပြောသည်။

နိုင်ငံတကာ သုတေသန အဖွဲ့အစည်း တခုဖြစ်သော On Device Research က Viber သည် မြန်မာနိုင်ငံ တွင် သုံးစွဲသူ အများဆုံး မိုဘိုင်း အပလီကေးရှင်း တခုဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန် ခဲ့ကြောင်း Viber က ဆိုသည်။

မြန်မာနိုင်ငံတွင် လူမှုဆက်သွယ်ရေး ကွန်ရက်အတွက် မိုးဘိုင်း စာပို့စနစ်နှင့် အသုံးပြုမှုများကို viber ဖြင့် အသုံးပြုမှုနည်းတူ ဖေ့ဘွတ်စ်(facebook) ၊ ဂျီတော့(Gtalk) တို့ကိုလည်း ယှဉ်တွဲ အသုံးပြုကြသည်။

viber က ပေးသည့် ၀န်ဆောင်မှုမျိုးစုံကို လွယ်ကူစွာ အသုံးပြုနိုင်သည့်အတွက် အဆင်ပြေကြောင်းကို viber ကို ပုံမှန်သုံးစွဲသူ မရမ်းကုန်း မြို့နယ်တွင် နေထိုင်သည့် ကိုသီဟက “ Viber က free message service လည်းဖြစ်၊ အကောင့်ဖွင့်ရတာလည်း ဖုန်းနံပါတ်ရှိရုံနဲ့ ဖွင့်ဖို့ လွယ်တယ်။ ဖုန်းနဲ့ ရိုးရိုးမက်ဆေ့ ပို့ရင် တစောင်ကို ၂၅ ကျပ် ပေးရတယ်၊ Viber နဲ့ဆို တမိနစ်အတွင်း သုံးလေးငါးစောင် ရိုက်ပို့လို့ ရတဲ့ အပြင် ကုန်ကျစရိတ်လည်း သက်သာတယ်။ မက်ဆေ့မှာ အသံဖိုင်လည်း ပို့ရတယ်၊ ပုံလည်းပို့လို့ ရတယ်၊ သူငယ်ချင်းတွေစုပြီး အုပ်စုဖွဲ့ ချက်တင်တွေ လုပ်လို့ရတယ်။ ဒီဟာတွေကို လွယ်ကူစွာနဲ့ အလကား သုံးလို့ ရတဲ့အတွက် အများကြီး အဆင်ပြေတယ်”ဟု ပြောသည်။

Viber သုံးစွဲမှုသည် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကိုပါ လွယ်ကူစွာ ၀န်ဆောင်မှု ပေးထားသည့်အပေါ် လက်ရှိ သုံးစွဲနေသူ မအေးအေးက “ Viber ကို ပိုသဘောကျတာက နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကို အင်တာနက် အသုံးပြုတဲ့ နှုန်းထားအတိုင်း ပေးရလို့ပါ။ Viber က ဂျီတော့၊ ဖေ့စ်ဘုတ်တွေထက် လိုင်းအားပိုကောင်းပြီး တိုက်ရိုက်စကားပြောလို့ အဆင်ပြေတယ်။ ဖုန်းပြောသလိုပဲ ခံစားရတယ်။ ဒါကြောင့် ၃ ရက်ခြားလောက် နိုင်ငံခြားဖုန်း ခေါ်ဖို့ ပုံမှန်သုံးဖြစ်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရခဲ့သည့် Telenor ကုမ္ပဏီက ယခုနှစ် ဧပြီလအတွင်းက Facebook တွင် ပြုလုပ်ခဲ့သော အွန်လိုင်း သုတေသန ပြုချက်အရ သုံးပုံနှစ်ပုံခန့်သော မိုဘိုင်းဖုန်း သုံးစွဲသူတို့သည် ၎င်းတို့အနှစ်သက်ဆုံး စာပို့စနစ် အပ်ပလီကေးရှင်းအဖြစ် Viber ကို ရွေးချယ် ခဲ့ကြသည်ဟု Viber ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Viber ကို လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက အသုံးပြုနေကြပြီး သုံးစွဲသူဦးရေ စုစုပေါင်း သန်း ၃၇၀ ကျော် ရှိကြောင်း Viber က သတင်းထုတ်ပြန် ထားသည်။

Viber သည် ကမ္ဘာ့ထိပ်တန်း မိုဘိုင်း စာပို့စနစ်နှင့် VoIP ကုမ္ပဏီ ဖြစ်သော Viber Media ကုမ္ပဏီ၏ ထုတ်ကုန်တခု ဖြစ်ပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိန္ဒိယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘယ်လာရုစ် နိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။

Viber သည် လက်ရှိတွင် အခမဲ့ ဆက်သွယ်နိုင်ရန် အကောင်းဆုံး ၀န်ဆောင်မှုပေးလျက်ရှိပြီး သုံးစွဲသူများ အနေဖြင့် အခမဲ့ စာပို့စနစ်များ၊ ရုပ်ပြောင်စတစ်ကာများ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ပုံကြမ်းများနှင့် အခြားဒေတာ အချက်အလက်များ ပေးပို့နိုင်သည့် အပလီကေးရှင်း တခုဖြစ်သည်။ 
 
 ဧရာဝတီ
Read More >>

Redlink မှ အခမဲ့အင်တာနက်အသုံးပြုနိုင်သည့်နေရာများတိုးချဲ့မည်

http://2zfzag48f08z9ixyg2gzdgy4z5.wpengine.netdna-cdn.com/wp-content/uploads/2013/03/red-link.jpg

Wimax အင်တာနက်လိုင်း ရောင်းချသည့် Redlink ကုမ္ပဏီ သည် ယခုလအတွင်း ရန်ကုန်ဆေး တက္ကသိုလ် (၁) ၌ အခမဲ့အင်တာနက် စနစ်အသုံးပြုနိုင်ရန် စီစဉ်ပေးခဲ့ သည်ဟု သိရသည်။  Redlink အနေဖြင့် ရန်ကုန် တက္ကသိုလ်၊ ရန်ကုန်ဘူတာကြီး၊ ရန်ကုန်ပြည်တွင်းလေဆိပ်၊  မန္တလေး တက္ကသိုလ်၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တို့၌ အခမဲ့အင်တာ နက်စနစ် အသုံးပြုခွင့်ရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။  လက်ရှိအချိန်၌ ပုဂံလေဆိပ် နှင့်ပုဂံရှိဘုရားသုံးဆူ၌ အခမဲ့ အင်တာနက်စနစ်ကို အသုံးပြုနိုင်သည့် အပြင် ရန်ကုန်မြို့၌ ရွှေတိဂုံဘုရား၊ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၊နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကန်တော်ကြီးနှင့် မန္တလေး၌ မဟာ မုနိဘုရားကြီးတွင် အခမဲ့ အင်တာ နက်စနစ်ကို အသုံးပြုနိုင်နေသည် ဟု သိရသည်။
Read More >>

Telenor မှ 4G ဆင်းကတ် သန်း (၃၀) စတင် ရောင်းချပေးမည်


Telenor မှ 4G အထိ အသုံး ပြုနိုင်သည့် မိုဘိုင်း ဆင်းကတ်သန်း (၃၀)အား (၁၅၀၀) ကျပ်နှုန်းဖြင့် ရောင်းချ မည် ဖြစ်သည်။ အဆိုပါ ဆင်းကတ်များ တွင် Video Call, Voice Mail, Internet, SMS စသည့် ၀န်ဆောင်မှု များကိုလည်း ထည့်သွင်း ဆောင်ရွက် ထားကြောင်း Telenor Mynmar မှ သိရသည်။ Telenor အနေနဲ့တော့ စပြီးကတိ ပေးထားတဲ့ အတိုင်း လိုင်စင်ရပြီး ရှစ်လ အကြာ မှ ရောင်းချပေးမယ်။
 
 ဆင်းကတ်က 2G,3G သုံး လို့ ရပါတယ်။ ဈေးနှုန်း ချိုသာတဲ့ ဟန်းဆက်ကိုပါ ရောင်းချပေးဖို့ စီစဉ် ထားတယ် ဟု Telenor Myanmar မှ ပြန်ကြားရေ တာဝန်ခံ ကိုစိုးသူက ပြောသည်။ 4G အထိ အသုံးပြုနိုင်သည့် ဆင်းကတ် များအား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဖြန့်ဖြူး ရောင်းချပေးသွားမည် ဖြစ်ပြီး ဆင်းကတ် ၀ယ်ယူရာတွင် မှတ်ပုံတင် တစ်ခုဖြင့် လိုသလောက် ၀ယ်ယူ နိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဆင်းကတ်များ၏ ဈေးနှုန်း အားကျပ် (၁၅၀၀) သတ်မှတ်ထား သော်လည်း ငွေဖြည့်ကတ်မှာမူ တစ်မိနစ် (၂၅) ကျပ်နှုန်းဖြင့် အကြမ်းဖျင်း သတ်မှတ်ထားပြီး အင်တာနက် အသုံးပြုခမှာ လက်ရှိ MPT ဈေးနှုန်းထက် လျော့ နည်းသွား မည် ဖြစ်ကြောင်း Telenor Mynmar မှ သိရသည်။

ဘယ်သူပဲ ရောင်းရောင်း ဈေးသက်သာပြီး လိုင်းကောင်းတဲ့ ဆင်းကတ်ကိုပဲ ၀ယ်မှာပါ။ အခုသုံးနေတဲ့ MEC ဆင်းကတ်ဆိုရင် လိုင်းမမိတာနဲ့ တော် တော် စိတ်ညစ်ရတယ် ဟု ကုမ္ပဏီဝန်ထမ်း မနွယ်နီဝင်းက ဆိုသည်။ လက်ရှိ မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ကဏ္ဍ အဆင့်မြှင့်တင်ရန် မြန်မာ့ဆက်သွယ် ရေးလုပ် ငန်း၊ ရတနာပုံ တယ်လီပို့၊ Ooredoo နှင့် Telenor တို့ ယှဉ်ပြိုင် လုပ်ကိုင်နေပြီး ယင်းထဲမှ Ooredoo သည် ပြည်သူများအား စိတ်ဝင်စားဖွယ် ၀န်ဆောင်မှုများဖြင့် စတင် ရောင်းချပေးလျက် ရှိသည်။

The Messenger
Read More >>

စက်တင်ဘာလတွင် ရောင်းချမည့် Telenor ဆင်းမ်ကတ်များ 4G ကွန်ရက်အထိ အသုံးပြုနိုင်မည်

http://images.delcampe.com/img_large/auction/000/148/842/197_001.jpg
နော်ဝေဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့၏ဆင်းမ်ကတ်များနှင့် မိုဘိုင်းအင်တာနက်ဝန်ဆောင်မှုများကို လာမည့်စက်တင်ဘာလတွင်ရောင်းချသွားမည်ဖြစ်သည်။ Telenor Myanmar သည် 4G ကွန်ရက်အထိ အသုံးပြုနိုင်မည့် ဆင်းမ်ကတ်အရေအတွက် သန်း ၃၀ ကို ရောင်းချသွားမည်ဖြစ်သည်။ ထို့အပြင် Video Call, Voice Mail ကဲ့သို့သောဝန်ဆောင်မှုများလည်း ပါဝင်လာမည်ဖြစ်ပြီး Telenor ဆင်းမ်ကတ်များတွင် အင်တာနက်စနစ် တစ်ခါတည်းပါဝင်လာမည်ဖြစ်သည်။ Telenor ဆင်းမ်ကတ်များကို မှတ်ပုံတင်ကတ် တစ်ခုဖြင့် အကန့် အသတ်မရှိ ဝယ်ယူနိုင်မည်ဖြစ်ပြီး နော်ဝေဆက်သွယ်ရေးကုမ္ပဏီက ၎င်းတို့၏ ဆင်းမ်ကတ်များကို မြို့ကြီးများတွင်သာမက ကျေးလက်ဒေသတွင် နေထိုင်သူများအတွက်ပါ အဓိက ဦးစားပေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
Read More >>

Bleep chat app ကို BitTorrent မိတ်ဆက်


Metadata နှင့် message များကို မြင်တွေ့နိုင်ခြင်း မရှိသော Bleep ဟုခေါ်သည့် messaging app သစ်တစ်မျိုးကို BitTorrent မှ မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ chat application သည် encrypt ပြုလုပ်ထားသည့် instat message ကို လျှို့ဝှက်ထားလိုသူများအတွက် အသုံးတည့်စေမည်ဟု BitTorrent က ပြောကြားခဲ့သည်။ Windows 7 နှင့် Windows 8 သုံးစွဲသူများသည်အဆိုပါ Bleep pre-alpha ကို အသုံးပြုရန်အတွက် မှတ်ပုံတင်ထားနိုင်ပြီ ဖြစ်သည်။

BitTorrent ၏ အဆိုအရ Bleep သည် လူတန်းစား လေးရပ်အတွက် အလွန်အသုံးဝင်စေမည်ဟု သိရသည်။ Bleep chat app ကို အပြန်အလှန် စကားပြောကြားမှုများအား သိုသိုသိပ်သိပ် ပြုလုပ်လိုသည့် သူငယ်ချင်းများ၊ သတင်းရင်းမြစ်များနှင့် စကားပြောကြားမှုများကို ကာကွယ်ထားလိုသည့် သတင်းထောက်များ၊ သံတမန်များအကြား သိုသိုသိပ်သိပ်ပြုလုပ်လိုသည့် တရားဝင် သတင်းထုတ်ပြန် ကြေညာချက်များနှင့် သတင်းပေါက်ကြားမှုများ မဖြစ်စေလိုသည့် စီးပွားရေးလုပ်ငန်းများ၌ အလွန်အသုံးတည့်စေမည်ဟု Bleep ထုတ်ကုန်မန်နေဂျာ ဂျေဟီလီက ပြောကြားခဲ့သည်။

ထို့အပြင် BitTorrent ၏ ဆက်သွယ်ရေးဒါရိုက်တာ ခရစ္စတီယန် အေဗာအီလ်က ကုမ္ပဏီအနေဖြင့် Bleep တည်ဆောက်ရေးအတွက်သာ အာရုံစိုက်နေပြီး လတ်တလောတွင် ငွေရှာရန် အစီအစဉ်မရှိကြောင်း ဆိုခဲ့သည်။

Bleep ကို လက်ရှိတွင် Windows အတွက်သာ ဖြန့်ချိထားပြီး စိတ်ဝင်စားသူများ အနေဖြင့် invitation request ပြုလုပ်ကာ အသုံးပြုနိုင်ကြောင်း သိရသည်။ Android နှင့် Mac OS X အတွက် အထောက်အပံ့ကို လအနည်းငယ်အတွင်း ထွက်ရှိမည့် alpha ဗားရှင်းဖြန့်ချိချိန်မှသာ အသုံးပြုနိုင်မည်ဟု BitTorrent မှ ပြောကြားခဲ့သည်။

Ref: CNET
 
 Internet Journal
Read More >>
Related Posts Plugin for WordPress, Blogger...