Pages

Showing posts with label Myanmar News. Show all posts
Showing posts with label Myanmar News. Show all posts

Thursday, October 16, 2014

တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည် ဟုဆို

Photo: တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည် ဟုဆို
==================================================

(ကွန်ရက်ပြည့်စုံမှုရှိစေရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျခြင်းဖြစ်)

မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးပေးခဲ့သည့် တယ်လီနောဆင်းမ်ကတ်များအား ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ကွန်ရက်ပြည့်စုံရန်လုပ်ဆောင်နေခြင်းကြောင့် နောက်ကျရခြင်းဖြစ်ပြီး မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးခဲ့စဉ်က သင်ခန်းစာများရရှိခဲ့သည့်အတွက် ရန်ကုန်၌ လည်း ကွန်ရက်ကျပ်တည်းမှု၊အဆင်မပြေမှုများဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဂရုတစိုက်ထားလုပ်ဆောင်နေခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။

‘မန္တလေးမှာစဖြန့်တော့မျှော်မှန်းထားတာထက်အောင်မြင်မှုရပါတယ်။သင်ခန်းစာ ၂ ခုတော့ ရလိုက်တယ်။ကွန်ရက် နဲ့ ဆင်းမ်ကတ်ရောင်းချမှုမှာပေါ့။စရောင်းတဲ့နေ့မှာ ဆိုင်ပေါင်း ၁၅၀၀ လောက်ရောင်းချပေးမယ်ဆိုပေမယ့်လည်း၉၀၀လောက်မှာပဲရောင်းချပေးခဲ့နိုင်တယ်။ကွန်ရက်ဖြန့်ကျက်မှုအတွက်လည်း တာဝါတိုင် ၇၀ ကနေ အခုထိ ၈၄ ခုလောက်ဆောက်ပြီးသွားပါပြီ။မန္တလေးမှာ 2G သုံးတဲ့သူတွေများတယ်။3Gကလည်းသုံးစွဲသူတွေများတဲ့အတွက်အရည်အသွေးကျနိုင်ပါတယ်။အင်တာနက်နှေးနိုင်ပါတယ်။အဲဒါတွေမဖြစ်ရအောင်တာဝါတိုင်တွေကိုဆက်လက်တိုးချဲ့တည်ဆောက်သွားမှာပါ။နေပြည်တော်မှာဆိုလည်းတာဝါတိုင်ပေါင်း၉၀နဲ့စခဲ့တယ်ဆိုပေမယ့်တစ်ချို့နေရာတွေမှာလိုင်းကျပ်တည်းမှုရှိနိုင်ပါတယ်။ဆင်းမ်ကတ်ရောင်းချမှုမှာလည်းမန္တလေးဈေးကွက်ရဲ့အတွေ့အကြုံကိုယူပြီးတော့မှောင်ခိုဈေးကွက်မဖြစ်ပေါ်ဖို့အတွက်တိကျအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။အခုရန်ကုန်မှာလည်း အဲဒီ့ အတွေ့အကြုံကို ယူပြီးတော့ ကောင်းမွန်တဲ့ ကွန်ရက်ရရှိအောင်လုပ်ဆောင်ပြီးမှ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။တာဝါတိုင်ကတော့ ရန်ကုန်မှာ ၃၀၅ တိုင်ရှိပါတယ်။2G ကတော့ ကောင်းမယ်။3G ကတော့ တစ်ချို့နေရာတွေမှာ ပြတ်တောက်မှုရှိနိုင်မှာပါ။လာမယ့် ၂ ပတ်အတွင်းမှာ စတင်ရောင်းချပေးသွားမှာပါ ’’ဟုပြောသည်။

အဆိုပါတယ်လီနောဆင်းမ်ကတ်များအားစောင့်မျှော်နေကြသည့်လက်လီအရောင်းဆိုင်များ၊လက်ကားဖြန့်ဖြူးရောင်းချမည့်ဆိုင်ကြီးများအနေဖြင့်လည်းသုံးစွဲလိုသူများ၏လာရောက်မေးမြန်းမှုများရှိနေပြီးသတ်မှတ်ရက်ကိုမူတိကျစွာမသိရှိသေးကြောင်း အဆိုပါ ကိုယ်စားလှယ်များ၊ဆိုင်များထံမှသိရသည်။တယ်လီနောအနေဖြင့် အဆိုပါ ဆင်းမ်ကတ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်ရှိ ဆိုင်ငယ်ပေါင်း ၆၀၀၀,ဆိုင်ကြီးပေါင်း ၂၂ ဆိုင်မှ တစ်ပြိုင်နက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ရာဇကိုကို
(ကွန်ရက်ပြည့်စုံမှုရှိစေရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျခြင်းဖြစ်)

မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးပေးခဲ့သည့် တယ်လီနောဆင်းမ်ကတ်များအား ရန်ကုန်၌ ရာင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည်ဖြစ်ကြောင်း၊ ကွန်ရက်ပြည့်စုံရန်လုပ်ဆောင်နေခြင်းကြောင့် နောက်ကျ ရခြင်းဖြစ်ပြီး မန္တလေး၊နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးခဲ့စဉ်က သင်ခန်းစာများရရှိခဲ့သည့်အတွက် ရန်ကုန် ၌ လည်း ကွန်ရက်ကျပ်တည်းမှု၊ အဆင်မပြေမှုများဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဂရုတစိုက်ထား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။

‘မန္တလေးမှာစဖြန့်တော့ မျှော်မှန်းထားတာထက် အောင်မြင်မှုရပါတယ်။ သင်ခန်းစာ ၂ ခုတော့ ရလိုက်တယ်။ ကွန်ရက် နဲ့ ဆင်းမ်ကတ်ရောင်းချမှုမှာပေါ့။စရောင်းတဲ့နေ့မှာ ဆိုင်ပေါင်း ၁၅၀၀ လောက်ရောင်းချပေးမယ် ဆိုပေမယ့်လည်း ၉၀၀လောက်မှာပဲရောင်းချပေး ခဲ့နိုင်တယ်။ ကွန်ရက်ဖြန့်ကျက်မှုအတွက်လည်း တာဝါတိုင် ၇၀ ကနေ အခုထိ ၈၄ ခုလောက်ဆောက်ပြီးသွားပါပြီ။မန္တလေးမှာ 2G သုံးတဲ့သူတွေများတယ်။ 3Gကလည်းသုံးစွဲသူတွေများတဲ့အတွက် အရည်အသွေးကျနိုင်ပါတယ်။ အင်တာနက်နှေးနိုင်ပါတယ်။ အဲဒါတွေမဖြစ်ရအောင် တာဝါတိုင်တွေကိုဆက်လက်တိုးချဲ့ တည်ဆောက်သွားမှာပါ။ နေပြည်တော်မှာ ဆိုလည်းတာဝါတိုင်ပေါင်း ၉၀နဲ့စခဲ့တယ်ဆိုပေမယ့် တစ်ချို့နေရာတွေမှာ လိုင်းကျပ်တည်းမှုရှိနိုင်ပါတယ်။ ဆင်းမ်ကတ်ရောင်းချမှုမှာလည်းမန္တလေးဈေးကွက်ရဲ့အတွေ့အကြုံကိုယူပြီးတော့မှောင်ခိုဈေးကွက်မဖြစ်ပေါ် ဖို့အတွက်တိကျအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ အခုရန်ကုန်မှာလည်း အဲဒီ့ အတွေ့အကြုံကို ယူပြီးတော့ ကောင်းမွန်တဲ့ ကွန်ရက်ရရှိအောင်လုပ်ဆောင်ပြီးမှ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။ တာဝါတိုင်ကတော့ ရန်ကုန်မှာ ၃၀၅ တိုင်ရှိပါတယ်။2G ကတော့ ကောင်းမယ်။3G ကတော့ တစ်ချို့နေရာတွေမှာ ပြတ်တောက်မှုရှိနိုင်မှာပါ။လာမယ့် ၂ ပတ်အတွင်းမှာ စတင်ရောင်းချပေးသွားမှာပါ ’’ဟုပြောသည်။

အဆိုပါတယ်လီနော ဆင်းမ်ကတ်များအား စောင့်မျှော်နေကြသည့် လက်လီအရောင်းဆိုင်များ၊ လက်ကားဖြန့်ဖြူးရောင်းချမည့် ဆိုင်ကြီးများအနေဖြင့်လည်း သုံးစွဲလိုသူများ၏လာရောက်မေးမြန်းမှုများ ရှိနေပြီးသတ်မှတ်ရက်ကိုမူ တိကျစွာမသိရှိသေးကြောင်း အဆိုပါ ကိုယ်စားလှယ်များ၊ ဆိုင်များထံမှ သိရသည်။ တယ်လီနောအနေဖြင့် အဆိုပါ ဆင်းမ်ကတ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်ရှိ ဆိုင်ငယ်ပေါင်း ၆၀၀၀,ဆိုင်ကြီးပေါင်း ၂၂ ဆိုင်မှ တစ်ပြိုင်နက်ရောင်းချ သွားမည်ဖြစ်ကြောင်းသိရသည်။

ရာဇကိုကို

TechSpace Journal

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Thursday, August 14, 2014

MPT ဖုန်းများ၏ အင်တာနက် စတင်အသုံး ပြုမှုဝန်ဆောင်ခ ကိုအခမဲ့ပေးနိုင်ရန် စီစဉ်နေ



အင်တာနက်စတင် အသုံးပြုမှု ၀န်ဆောင်ခကို ကျပ်တစ်သောင်း ပေးရသည့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)က ချထားပေးသည့် ဖုန်းများတွင် အခြားအော်ပရေတာများ နည်းတူဝန်ဆောင်ခ အခမဲ့ဖြစ်စေရန် အတွက် စီစဉ်နေသည်ဟု မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ မိုဘိုင်းဌာနမှ လက်ထောက်အင် ဂျင်နီယာ ဦးကိုကိုအောင်က မဇ္ဈိမကို ပြောသည်။

အဆိုပါ ၀န်ဆောင်ခ အခမဲ့ ပေးနိုင်ရန် အတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများ၊ MPT နှင့် ပူးပေါင်း လုပ်ကိုင်သည့် KDDI ကုမ္ပဏီမှ တာဝန်ရှိသူများက စီစဉ်တိုင်ပင်လျက်ရှိသည်ဟု ၎င်းင်းက ဆိုသည်။

ဦးကိုကိုအောင်က ” KDDI နဲ့ ပေါင်းပြီးနောက်မှာ ၀န်ဆောင်ခတွေအတွက် စဉ်းစားနေကြပါတယ်။ ငွေကြေးပမာဏတွေကို အတိအကျ မပြောနိုင်ပါဘူး။ သူများတွေလည်း အခမဲ့ ပေးနေတဲ့အချိန်မှာ အခမဲ့တော့
သွားသင့်တယ်။ မြန်မာ့ဆက်သွယ်ရေးက တာဝန်ရှိသူတွေနဲ့ KDDI ဘက်က တာဝန်ရှိသူတွေ ညှိနှိုင်းနေပါ တယ်” ဟုဆိုသည်။

ပြည်ပအော်ပရေတာများဖြစ်သည့် တယ်လီနော နှင့် အူရီးဒူးတို့က အင်တာနက် စတင် အသုံးပြုမှုအတွက် ၀န်ဆောင်ခ ကောက်ခံသွားမည်မဟုတ်ဟု ကြေညာထားပြီး MPT ၏ ဖုန်းများတွင် လက်ရှိအချိန်အထိ
အင်တာနက် စတင် အသုံးပြုခ ၀န်ဆောင်ခ ကျပ် တစ်သောင်း ပေးနေရဆဲ ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်း အင်တာနက် စနစ် စတင် အသုံးပြုမှုအတွက် ကနဦးဝန်ဆောင်ခ ကျပ်တစ်သောင်း ပေးသွင်းရမည်ဖြစ်ပြီး အသုံးပြုမှုအတွက် တစ်မိနစ်လျှင် WCDMA နှင့် CDMA 800 MHz
ကွန်ရက် အတွက် လေးကျပ်နှုန်း ၊ GSM ကွန်ရက် အတွက် နှစ်ကျပ်နှုန်း ကောက်ခံလျက်ရှိနေသည်။ ပြည်ပအော်ပရေတာ အူးရီးဒူးက ကနဦး ၀န်ဆောင်ခ အခမဲ့ပေးထားပြီး အင်တာနက်အသုံးပြုမှုအတွက် အသုံးပြုသည့်
ပမာနအလိုက် ကောက်ခံမည့် ပုံစံဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်သည်။ တယ်လီနောကလည်း ၎င်းတို့၏ ဖုန်းများမှ အင်တာနက်အသုံးပြုပါက Wikipedia သို့ဝင်ရောက်ကြည့်ရှုမှု အတွက် အခမဲ့ဖြစ်စေရန် ဆောင်ရွက်
ပေးထားမည်ဟု ထုတ်ပြန်ထားသည်။

mizzima 
Credit - www.myanmarlatestnews.com

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

ဆော့ဖ်ဝဲရေးသားသူ လူငယ်များကို တစ်လလျှင် ငါးသောင်းကျပ်ဖြင့် နေရာချထားပေးရန် စီစဉ်

ဆော့ဖ်ဝဲတီထွင် ဖန်တီးလိုသည့် လူငယ်များကို တစ်လလျှင် လူတစ်ဦးစာအတွက် ငါးသောင်းကျပ် သတ်မှတ်၍ မြန်မာအင်ဖိုတက်ခ် နယ်မြေအတွင်း၌ နေရာချထားပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းမှ အတွင်းရေးမှူး ဦးမျိုးမြင့်ထွန်းကပြောသည်။
“ရည်ရွယ်ချက်တော့ Incubation Center အနေနဲ့ လုပ်ဖို့ပဲ။ Develop လုပ်ချင်တဲ့လူငယ်တွေ အခန်းနေရာ အတွက် ဈေးသက်သက်သာသာနဲ့ ရစေချင်တဲ့သဘောပါ။ လူတစ်ယောက် ငါးသောင်းကျပ် ဆိုတာကလည်း အကြမ်းဖျင်း သတ်မှတ်ထားတာပါ။ သူ့ထက်လည်းလျော့နိုင်ပါတယ်”ဟု ဦးမျိုးမြင့်ထွန်းက ဆိုသည်။

မြန်မာအင်ဖိုတက်ခ်သည် Incubation Center အတွက် ၎င်းတို့ တည်ဆောက်ထားသည့် အဆောက်အဦးသစ်များ၌ အလွှာတစ်လွှာကို မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်းထံသို့ ပေးအပ် ထားကြောင်း၊ အဆိုပါ တည်နေရာ၌ လူငယ်များကို နေရာ ချထားပေးနိုင်ရန် မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းနှင့် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် လက်အောက်ရှိ Software Industry Development Committee (SIDC) တို့က စီစဉ်နေကြောင်း သိရသည်။ အဆိုပါ Center ၌ အခန်းငယ် များနှင့် နေရာချထားခြင်း၊ အကန့်ငယ်များနှင့် နေရာချထားခြင်း၊ စားပွဲဝိုင်းနှင့် နေရာချထားခြင်း ဟူ၍ သုံးမျိုး ရှိပြီး Center အတွက် ရေ၊ မီး၊ အင်တာနက် အပြင် အစည်းအဝေးအခန်းငယ်များ၊ Conference အခန်းငယ်များ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် Reception နှင့် အခြားသော ဝန်ဆောင်မှုများလည်း ပါဝင်မည်ဟု သိရသည်။

“လူတွေကတော့ အမြဲပြောင်းနေမှာပါ။ နေရာလိုအပ်နေတဲ့ လူငယ်တွေကို သူတို့လုပ်ကိုင်ချင်တဲ့ ပရော ဂျက်တွေ တင်ခိုင်းမယ်။ ဘယ်နှစ်လအတွင်း ပြီးစီးမယ်ဆိုတာမျိုးပေါ့။ ပရောဂျက်ပြီးသွားရင် နောက်လူတွေက ဝင်လာမယ်။ ပရောဂျက် အောင်မြင်တယ်ဆိုရင် နေရာအတွက် တောင်းထားတဲ့ ပိုက်ဆံတွေကို ပြန်ပြီး ချီးမြှင့်တာတွေလည်း လုပ်ပေးဦးမှာပါ။ အစီအစဉ်တွေကတော့ အများကြီးပဲ။ နိုင်ငံခြားက ဆက်သွယ် လာတာတွေ ရှိရင်လည်း ဈေးကွက်ထဲအထိ အဲဒီပရောဂျက်တွေ ရောက်အောင် ချိတ်ပေးဖို့အထိရှိ တယ်”ဟု ဦးမျိုးမြင့်ထွန်းက ဆိုသည်။

လူငယ်များအနေဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင် အသင်း၏ အစီအစဉ်ကို လက်ခံကြိုဆိုသော်လည်း တစ်လလျှင် ငါးသောင်းကျပ် သတ်မှတ်ထားသည်မှာ အနည်းငယ် များပြားကြောင်း၊ လုပ်ငန်းသဘော သဘာဝအရ ညအိပ် လုပ်ကိုင်ဆောင်ရွက်ခြင်းခွင့် ပြု၊ မပြုဆိုသည့် အချက်အလက်များလည်း သိရှိလိုကြောင်း SIDC အဖွဲ့နှင့် တွေ့ဆုံစဉ် Developer များက ပြောဆိုခဲ့သည်။ Center စတင်ဖွင့်လှစ်နိုင်ရန် အတွက် အချိန် ကာလအနေဖြင့် နောက်ထပ် ၆ လခန့် ကြာမြင့်နိုင်ကြောင်း၊ အစီအစဉ်အတွက် အကြမ်းဖျင်း သတ်မှတ်ထား သည့် လူတစ်ဦးလျှင် တစ်လ ငါးသောင်းကျပ် ဆိုသည်မှာလည်း ဝန်ဆောင်ခ အတွက် ကောက်ခံခြင်း သာဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင်အသင်းက ပြန်လည် ပြောဆိုထားသည်။


ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Saturday, August 9, 2014

WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech တို့ ပူးပေါင်းရောင်းချမည်

https://media.licdn.com/media/p/6/000/26c/10d/1d34e76.png
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် E-Lite Tech ကုမ္ပဏီတို့ပူးပေါင်း၍ WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁, ၅၀၀ ကျပ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်းသိရသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ၁,၅၀၀ ကျပ်ဖြင့် WCDMA ဆင်းမ်ကတ် သုံး ကတ်ဝယ်ယူနိုင်သည်ဆိုသည့် SMS တစ်စောင်ကို မိမိမိုဘိုင်းဖုန်းအတွင်း လက်ခံရရှိသူတိုင်းသည် ဖုန်းနံပါတ် ၀၁- ၆၅၆၆၂၂ သို့ ဆက်သွယ်ပြီး မှတ်ပုံတင်စာရင်းသွင်းကာ နီးစပ်ရာ E-Lite Tech မိုဘိုင်းဆိုင်များတွင် ဝယ်ယူနိုင်မည်ဖြစ် သည်။

ဖုန်းနံပါတ် ၀၉ ၂၅၉ xxxxx ဖြင့်စသည့် WCDMA ဆင်းမ်ကတ် သုံးကတ်ကို ၁,၅၀၀ ကျပ်ဖြင့် ၀ယ်ယူရရှိနိုင်မည့် ယခုအစီအစဉ်တွင် ပထမဦးစွာ အထက်ပါဖုန်းနံပါတ်သို့ Message ဝင်သည့် ဖုန်းနံပါတ်၊ အမည်၊ နေရပ်လိပ်စာနှင့် ဆင်းမ်ကတ်ထုတ်ယူလိုသည့် E-Lite Tech ဆိုင်ခွဲတို့ကို စာရင်းပေးသွင်း ရမည်ဖြစ်သည်။

ထို့နောက် နှစ်ရက်အတွင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ Confirm Message တစ်စောင်ဝင်လာမည်ဖြစ်ပြီး ၁၀ ရက်အတွင်း ဆင်းမ်ကတ် သုံးကတ်ကို ငွေကျပ် ၁,၅၀၀ ဖြင့်ဝယ်ယူနိုင်မည်ဖြစ်သည်။
 
ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Saturday, August 2, 2014

မြန်မာနိုင်ငံတွင် Viber သုံးစွဲသူ ၅ သန်း အထိ ရှိလာ


Viber အား မြန်မာနိုင်ငံ အတွင်း တွင်ကျယ်စွာ သုံးစွဲနေကြပြီ (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

မြန်မာနိုင်ငံတွင် Viber ကို မှတ်ပုံတင်ပြီး သုံးစွဲသူ ဦးရေ ၅ သန်း အထိ ရှိလာပြီ ဖြစ်ကြောင်း ဗိုက်ဗာ (Viber) ကုမ္ပဏီက ထုတ်ဖော် ကြေညာသည်။

ဇူလိုင် ၃၀ ရက်က ပြုလုပ်သော မြန်မာနိုင်ငံနှင့် ဆိုင်သည့် ပထမဆုံး Viber ပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ထုတ်ပြန် ကြေညာခြင်း ဖြစ်သည်။

မြန်မာနိုင်ငံတွင် ယခုကဲ့သို့ viber သုံးစွဲသူ များပြားလာခြင်းနှင့် ပတ်သတ်ပြီး Viber ၏ အလုပ်အမှု ဆောင် အရာရှိချူပ် Talmon Marco က “ သုံးစွဲ သူတွေရဲ့နှုန်းက အံအားသင့်ဖွယ်ပဲ။ မြန်မာက ကျနော်တို့ အတွက် အရမ်းအရေးကြီးတဲ့ ဈေးကွက် တခုပါပဲ” ဟု ပြောသည်။

နိုင်ငံတကာ သုတေသန အဖွဲ့အစည်း တခုဖြစ်သော On Device Research က Viber သည် မြန်မာနိုင်ငံ တွင် သုံးစွဲသူ အများဆုံး မိုဘိုင်း အပလီကေးရှင်း တခုဖြစ်သည်ဟု ပြီးခဲ့သည့် ဇွန်လအတွင်းက ထုတ်ပြန် ခဲ့ကြောင်း Viber က ဆိုသည်။

မြန်မာနိုင်ငံတွင် လူမှုဆက်သွယ်ရေး ကွန်ရက်အတွက် မိုးဘိုင်း စာပို့စနစ်နှင့် အသုံးပြုမှုများကို viber ဖြင့် အသုံးပြုမှုနည်းတူ ဖေ့ဘွတ်စ်(facebook) ၊ ဂျီတော့(Gtalk) တို့ကိုလည်း ယှဉ်တွဲ အသုံးပြုကြသည်။

viber က ပေးသည့် ၀န်ဆောင်မှုမျိုးစုံကို လွယ်ကူစွာ အသုံးပြုနိုင်သည့်အတွက် အဆင်ပြေကြောင်းကို viber ကို ပုံမှန်သုံးစွဲသူ မရမ်းကုန်း မြို့နယ်တွင် နေထိုင်သည့် ကိုသီဟက “ Viber က free message service လည်းဖြစ်၊ အကောင့်ဖွင့်ရတာလည်း ဖုန်းနံပါတ်ရှိရုံနဲ့ ဖွင့်ဖို့ လွယ်တယ်။ ဖုန်းနဲ့ ရိုးရိုးမက်ဆေ့ ပို့ရင် တစောင်ကို ၂၅ ကျပ် ပေးရတယ်၊ Viber နဲ့ဆို တမိနစ်အတွင်း သုံးလေးငါးစောင် ရိုက်ပို့လို့ ရတဲ့ အပြင် ကုန်ကျစရိတ်လည်း သက်သာတယ်။ မက်ဆေ့မှာ အသံဖိုင်လည်း ပို့ရတယ်၊ ပုံလည်းပို့လို့ ရတယ်၊ သူငယ်ချင်းတွေစုပြီး အုပ်စုဖွဲ့ ချက်တင်တွေ လုပ်လို့ရတယ်။ ဒီဟာတွေကို လွယ်ကူစွာနဲ့ အလကား သုံးလို့ ရတဲ့အတွက် အများကြီး အဆင်ပြေတယ်”ဟု ပြောသည်။

Viber သုံးစွဲမှုသည် နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကိုပါ လွယ်ကူစွာ ၀န်ဆောင်မှု ပေးထားသည့်အပေါ် လက်ရှိ သုံးစွဲနေသူ မအေးအေးက “ Viber ကို ပိုသဘောကျတာက နိုင်ငံတကာ ဖုန်းခေါ်ဆိုမှုကို အင်တာနက် အသုံးပြုတဲ့ နှုန်းထားအတိုင်း ပေးရလို့ပါ။ Viber က ဂျီတော့၊ ဖေ့စ်ဘုတ်တွေထက် လိုင်းအားပိုကောင်းပြီး တိုက်ရိုက်စကားပြောလို့ အဆင်ပြေတယ်။ ဖုန်းပြောသလိုပဲ ခံစားရတယ်။ ဒါကြောင့် ၃ ရက်ခြားလောက် နိုင်ငံခြားဖုန်း ခေါ်ဖို့ ပုံမှန်သုံးဖြစ်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် လိုင်စင်ရခဲ့သည့် Telenor ကုမ္ပဏီက ယခုနှစ် ဧပြီလအတွင်းက Facebook တွင် ပြုလုပ်ခဲ့သော အွန်လိုင်း သုတေသန ပြုချက်အရ သုံးပုံနှစ်ပုံခန့်သော မိုဘိုင်းဖုန်း သုံးစွဲသူတို့သည် ၎င်းတို့အနှစ်သက်ဆုံး စာပို့စနစ် အပ်ပလီကေးရှင်းအဖြစ် Viber ကို ရွေးချယ် ခဲ့ကြသည်ဟု Viber ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Viber ကို လက်ရှိအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံက အသုံးပြုနေကြပြီး သုံးစွဲသူဦးရေ စုစုပေါင်း သန်း ၃၇၀ ကျော် ရှိကြောင်း Viber က သတင်းထုတ်ပြန် ထားသည်။

Viber သည် ကမ္ဘာ့ထိပ်တန်း မိုဘိုင်း စာပို့စနစ်နှင့် VoIP ကုမ္ပဏီ ဖြစ်သော Viber Media ကုမ္ပဏီ၏ ထုတ်ကုန်တခု ဖြစ်ပြီး ယူကေ၊ ဗီယက်နမ်၊ ရုရှား၊ ဖိလစ်ပိုင်၊ ဂျပန်၊ အစ္စရေး၊ အိန္ဒိယ၊ ဆိုက်ပရပ်စ်၊ ဘရာဇီးနှင့် ဘယ်လာရုစ် နိုင်ငံတို့တွင် ရုံးခွဲများ ဖွင့်လှစ်ထားသည်။

Viber သည် လက်ရှိတွင် အခမဲ့ ဆက်သွယ်နိုင်ရန် အကောင်းဆုံး ၀န်ဆောင်မှုပေးလျက်ရှိပြီး သုံးစွဲသူများ အနေဖြင့် အခမဲ့ စာပို့စနစ်များ၊ ရုပ်ပြောင်စတစ်ကာများ၊ ဓာတ်ပုံ၊ ဗီဒီယိုနှင့် ပုံကြမ်းများနှင့် အခြားဒေတာ အချက်အလက်များ ပေးပို့နိုင်သည့် အပလီကေးရှင်း တခုဖြစ်သည်။ 
 
 ဧရာဝတီ
Read More >>

Redlink မှ အခမဲ့အင်တာနက်အသုံးပြုနိုင်သည့်နေရာများတိုးချဲ့မည်

http://2zfzag48f08z9ixyg2gzdgy4z5.wpengine.netdna-cdn.com/wp-content/uploads/2013/03/red-link.jpg

Wimax အင်တာနက်လိုင်း ရောင်းချသည့် Redlink ကုမ္ပဏီ သည် ယခုလအတွင်း ရန်ကုန်ဆေး တက္ကသိုလ် (၁) ၌ အခမဲ့အင်တာနက် စနစ်အသုံးပြုနိုင်ရန် စီစဉ်ပေးခဲ့ သည်ဟု သိရသည်။  Redlink အနေဖြင့် ရန်ကုန် တက္ကသိုလ်၊ ရန်ကုန်ဘူတာကြီး၊ ရန်ကုန်ပြည်တွင်းလေဆိပ်၊  မန္တလေး တက္ကသိုလ်၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်တို့၌ အခမဲ့အင်တာ နက်စနစ် အသုံးပြုခွင့်ရရှိနိုင်ရန် ဆက်လက်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။  လက်ရှိအချိန်၌ ပုဂံလေဆိပ် နှင့်ပုဂံရှိဘုရားသုံးဆူ၌ အခမဲ့ အင်တာနက်စနစ်ကို အသုံးပြုနိုင်သည့် အပြင် ရန်ကုန်မြို့၌ ရွှေတိဂုံဘုရား၊ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၊နိုင်ငံခြားဘာသာတက္ကသိုလ်၊ ကန်တော်ကြီးနှင့် မန္တလေး၌ မဟာ မုနိဘုရားကြီးတွင် အခမဲ့ အင်တာ နက်စနစ်ကို အသုံးပြုနိုင်နေသည် ဟု သိရသည်။
Read More >>

MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန်


MPT ၏ လှည့်ကွက်တွင် အငိုက်မမိစေရန်
******************************
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်၏ ရက်၃၀ ဖုန်းခေါ်ဆိုခ လျှော့ချမည့်အစီအစဉ်မှာ လှည့်ကွက်များရှိနေပါသည်။


အကြောင်းစုံကို ရှင်းပြပါမည်။

ဖုန်းနံပတ် သုံးခုကို MPTက မှတ်တမ်းတင်ထားမည်။ ထို ဖုန်းနံပတ်သုံးခုကို သင်က တစ်လအတွင်း မိနစ်၁၀၀ မသုံးနိုင်လျှင် သင့်ဘက်က အရှုံးပေါ်နေပါပြီ။
အလျှင်ဆုံး သင့်ဖုန်းထဲမှာ ငွေ၅၀၀၀ ရှိတယ်ဆိုပါတော့။

1331ကို ADD 09..........
1331ကိုADD 09........
1331ကို ADD 09.........
သုံးကြိမ် မက်ဆေ့ ပို့ရမည်။

ပို့ပြီးလျှင် သင့်ဖုန်းထဲမှ ၂၅၀၀ ကျပ် ချက်ချင်း ဖြတ်ယူသွားပါပြီ။ထို့ကြောင့် လက်ကျန်ငွေ၂၅၀၀ သာရှိပါတော့သည်။

ပြီးနောက် မှတ်တမ်းတင်ထားသော ဖုန်းနံပတ် တစ်ခုကို ခေါ်ကြည့်ပါ။ ၄မိနစ်ပြောကြည့်ပါ။ ငွေပြန်စစ်လျှင် ၂၄၀၀ ပဲကျန်ပါတော့မည်။

အလျှင်ဖြတ်ထားသော ၂၅၀၀ မှာဝန်ဆောင်ခ သက်သက်သာဖြစ်ပါသည်။
သင့်ဘက်က ၂၅၀၀ အရှုံးပေါ်နေပြီ။

မိနစ် ၁၀၀ ပြောမှသာ ထို၂၅၀၀ အတွက် အရင်းပြန်ရပါသည်။မပြောနိုင်လျှင် နာပြီသာမှတ်။
မသိလို့ ၂၅၀၀ အဖြတ်ခံရတော့ သာမန်ထက်ပိုပြီး ဖုန်းခေါ်မယ်။ အဲဒီတော့ ငွေဖြည့်ကဒ် ပိုရောင်းရတာပေါ့ဗျာ။

အင်တာနက်ပါသုံးရင်တော့ ပိုတောင် ကုန်အုံးမယ်။
မြန်မာပြည်မှာ ဖုန်းသုံးတိုင်း ချမ်းသာလို့၊ငွေပေါလို့မဟုတ်ပါဘူး။ လူဆယ်ဦးမှာ ရှစ်ဦးက မိနစ်၁၀၀ ကို ဖုန်းနံပတ် သုံးခုတည်းကုန်အောင်မသုံးနိုင်ပါဘူး။

ဒါ့ကြောင့် အရှုံးပေါ်တဲ့လူက ပိုများပါတယ်။
ဒါဟာ MPTရဲ့ လှည့်ကွက် တစ်ခုသာ ဖြစ်ပါတယ်။ မသိလို့ အငိုက်မိသွားမှာ စိုးလို့သတိပေးခြင်း ဖြစ်ပါတယ်။

စေတနာဖြင့်~~~
ပြည်ငြိမ်း
Ref: http://www.winkabarkyaw.net/
Read More >>

Thursday, July 31, 2014

Ooredoo SIM Card အကြောင်း သိကောင်းစရာ


 
သြဂုတ်လ (၂) ရက်နေ့တွင် ရန်ကုန်၊ နေပြည် တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရွှေဘို၊ မိတ္ထီလာ၊ ရမည်းသင်း၊ စသည် မြို့များတွင် Ooredoo လိုင်း စတင် အသုံးပြုနိုင် ပါမည်။

သြဂုတ်လ (၁၅) ရက်နေ့တွင် မကွေး၊ ရန်ကုန်၊ နေပြည်တော်၊ မန္တလေး နှင့် မုံရွာမြို့တို့တွင် Ooredoo လိုင်း စတင် အသုံးပြုနိုင် ပါမည်။

အောက်တိုဘာလ (၁၅) ရက်နေ့တွင် မြန်မာနိုင်ငံ အလယ်ပိုင်း အားလုံးသို့ Ooredoo ကဒ် ယူဆောင်၍ ပြောဆိုနိုင် ပါမည်။ တစ်နိုင်ငံလုံး အနေဖြင့် လပိုင်း၊ နှစ်ပိုင်း အတွင်း ပြောဆို အသုံးပြုနိုင်မည်။

Ooredoo Call Centre - 234 Register ပြုလုပ်ရန်အတွက် - မှတ်ပုံတင်မိတ္တူ - နေရပ်လိပ်စာ - ဓာတ်ပုံ နှင့် လက်မှတ် စသည်တို့ လိုအပ်ပါသည်။

မှတ်ပုံတင် မပေးရသေးသော Card များနှင့် Register မတင် ရသေးသော ကဒ်များ 14 ရက်အတွင်း ရုံးမှ Auto ပိတ်ပါမည်။

Ooredoo Service ခ ကောက်ယူမည့် နှုန်းထားများမှာ - Ooredoo အချင်းချင်း ခေါ်ဆိုပါက (၁)မိနစ်လျှင် - 25 ကျပ် အခြား Operator (MPT, Telenor, Mectel) အား ခေါ်ဆိုပါက (၁)မိနစ်လျှင် - 35 ကျပ် SMS ပေးပို့ပါက တစ်စောင်လျှင် - 25 ကျပ် Network Data 1MB လျှင် - 25 ကျပ် Ooredoo ငွေဖြည့်ကဒ်များ ကို - 1000ks, 3000ks, 5000ks, 10000ks စသည်ဖြင့် ရရှိနိုင်ပါမည်။ Sim Card (1) ကဒ်ကို (၃)လ အထိ ငွေမဖြည့်ဘဲ သုံးစွဲနိုင်ပါသည်။ (၄)လ ပြည့်ပြီး (၅)လထဲတွင် ငွေမဖြည့်ဘဲ နေပါက Sim Card ပိတ်သွားပါမည်။ (2.8.2014) မှ (15.8.2014) အတွင်း Ooredoo အချင်းအချင်း ဖုန်းခေါ်ဆိုပါက မိနစ် - (900) minutes Free Ooredoo အချင်းချင်း SMS ပေးပို့ပါက အစောင်ရေ - (900) စောင် Free
အခြား Network သို့ ဖုန်းခေါ်ဆို ပါက မိနစ် - (90) minutes Free အခြား Network သို့SMS ပေးပို့ ပါက အစောင်ရေ - (90) စောင် Free (1)ရက်လျှင် Internet 20MB (Free) ရရှိမည် ဖြစ်ပါသည်။

Mobile Mother မှ Ooredoo Card များကို August (2) ရက်နေ့မှ စတင်ရောင်းချ ပေးသွားမည်။


Post By : MMIT
ref;TechSpace Journal
Read More >>

Samsung Galaxy Alpha ကို သြဂုတ်လ လေးရက်နေ့တွင် ကြေညာမည်



Samsung Galaxy Alpha ကို သြဂုတ်လ လေးရက်နေ့တွင် ကြေညာမည်ဟု သတင်းထွက်ပေါ်နေပါသည်။ Samsung က အဆိုပါ Android ဖုန်းတွင် ပထမဆုံးအနေဖြင့် သတ္တုကိုယ်ထည်ကို အသုံးပြုမည် ဖြစ်သည်။

Samsung မှ ထွက်ပေါ်လာသော သတင်းများအရ Galaxy Alpha တွင် 720p Display တပ်ဆင်ထားသည်ဟု အတည်ပြုထားပါသည်။ အခြားထွက်ပေါ်နေသော သတင်းများအရ ၄.၇ သို့မဟုတ် ၄.၈ အရွယ် ထိတွေ့မျက်နှာပြင်ပါရှိပါသည်။ Galaxy Alpha သည် အရွယ်တူ
iPhone 6 ကို ယှဉ်ပြိုင်ရန် ဒီဇိုင်းထုတ်လုပ်ထားပါသည်။
Galaxy Alpha တွင် Galaxy S5 ကဲ့သို့ Fingerprint Scanner နှင့် နှလုံးခုန်နှုန်းကို တိုင်းတာပေးသည့် Sensor ပါရှိမည် ဖြစ်သည်။ 32GB Internal Storage ပါရှိသော်လည်း MicroSD Card အသုံးပြုနိုင်မည်မဟုတ်ဟု သိရပါသည်။ LTE ကို အသုံးပြုနိုင်သော Samsung ၏ Exynos Chipset ပါရှိမည် ဖြစ်သည်။

ယခင်ထွက်ပေါ်ခဲ့သော သတင်းများအရ Galaxy S5 Alpha ဟု ခေါ်ဆိုမည် ဖြစ်သော်လည်း Samsung ၏ စာရွက်စာတမ်းများအရ Galaxy Alpha ဟု အတည်ပြုထားပါသည်။

Galaxy Alpha ကို Galaxy Note 4 မတိုင်ခင် ကြေညာမည် ဖြစ်သည်။

Ref:  Digital Life Journal
Read More >>

Wednesday, July 30, 2014

Ooredoo ၏ ကာတာအခြေစိုက် Mobile Internet Pack ဈေးနှုန်းများ

ထို့အတွက်ကြောင့် မြန်မာနိုင်ငံတွင်လည်း အဆိုပါဈေးနှုန်းအတိုင်းဖြစ်စေ ၊ အဆိုပါဈေးနှုန်းထက်လျော့ နည်းသော ဈေးနှုန်းများဖြင့် ဖြစ်စေ ရရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။ ယခု အင်တာနက်တွင် ပြန့်နှံ့နေသော သတင်းများအရ အင်တာနက်ဈေးနှုန်းများမှာ အရမ်းကြီးမြင့်နေသည့်အတွက် အခြေခံတွက်ချက်မှုပြုလုပ် နိုင်စေရန်အတွက် ကာတာနိုင်ငံတွင် ၀န်ဆောင်မှုပေးနေသော ဈေးနှုန်းများကို မြန်မာငွေဖြင့် ခန့်မှန်းတွက် ချက်ပြပေးခြင်း ဖြစ်ပါသည်။

လာမည့် ၈ လပိုင်း ၂ ရက်နေ့တွင်လည်း Ooredoo Myanmar မှ ကျင်းပမည့် စာနယ်ဇင်းရှင်းလင်းပွဲ ရှိကြောင်း သိရသည်။ သို့အတွက် အဆိုပါနေ့တွင် Ooredoo Myanmar မှ မိုဘိုင်းဖုန်းနှင့် ပတ်သက်သော သတင်းအချက်အလက် များ ၊ အင်တာနက်သုံးစွဲမှုနှင့် ပတ်သက်သော အချက်အလက်များကို တိကျစွာ အသေးစိတ် ထုတ်ပြန်လိမ့် မည်ဟု ယူဆရပါသည်။

Ooredoo ၏ ကာတာအခြေစိုက် Mobile Internet Pack ဈေးနှုန်းများ
-----------------------------------------------------------------------------

1GB Plan (QR 60) -> 16000 kyats ( ၀န်းကျင်)

3GB Plan (QR 80) -> 22000 kyats (၀န်းကျင်)

6GB Plan (QR 100) -> 27000 kyats (၀န်းကျင်)

15GB Plan (QR 200) -> 55000 kyats (၀န်းကျင်)

Unlimited Plan (QR400) -> 110000 kyats (၀န်းကျင်)
---------------------------------------------------------------------------------
Ref: http://www.ooredoo.qa/en/MOBILE_INTERNET_PACKS_TEXT
=========================================

Yangon Media Group
Read More >>

မန္တလေးတွင် အော်ရီးဒူးဆင်းမ်ကတ် ရောင်းပြီ

ဇူလိုင် ၂၉ ယနေ့နေ့လည် ၁၂ နာရီနောက်ပိုင်းမှ စတင်၍ အော်ရီးဒူး၏ မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို ငွေကျပ် ၁၅၀၀ ဖြင့် မန္တလေးမြို့ရှိ ဟန်းဆက် အရောင်းဆိုင်များတွင် ၀ယ်ယူအသုံးပြု နိုင်ခဲ့သည်။

ရွှေအဆင့်ကိုယ်စားလှယ်အရောင်းဆိုင်တစ်ခုလျှင် ဆင်းမ်ကတ်ပေါင်း ၈၀၀ ခန့်ရောင်းချပေးခဲ့သည်ဟုသိရသည်။အဆိုပါဆင်းမ်ကတ်များသည် မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းဖုန်းဆီသို့ ခေါ်ဆိုမည်ဆိုပါ တစ်မိနစ်လျှင် ၃၅ ကျပ်ကျ သင့်ပြီး အချင်းအချင်းပြန်လည်ခေါ်ဆိုပါ ၂၅ ကျပ်ကျသင့်သည်ဟု သိရသည်။

အော်ရီဒူးအနေဖြင့် သြဂုတ်လ ၂ ရက်နေ့မှသာ ဆင်းမ်ကတ်များရောင်းချရန် ကိုယ်စားလှယ်များကို ပြောကြားထား ခဲ့သော်လည်း နာမည်ရရှိရန်အတွက် အရောင်းဆိုင်များ ကြိုတင်ရောင်းချခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယနေ့ညနေပိုင်း၌ အော်ရီဒူး၏ငွေအဆင့်အရောင်းကိုယ်စားလှယ်များထံမှ ဆင်းမ်ကတ်များ ထပ်မံထွက်ရှိလာမည် ဟုလည်း မန္တလေးမြို့၌ သတင်းထွက်ပေါ်နေသည်။ လက်ရှိအချိန်၌ ဆင်းမ်ကတ်များသည် မိနစ် ၉၀၀ ကို အခမဲ့ပြော ဆိုနိုင်မည်ဖြစ်ပြီး အင်တာနက်အနေဖြင့်လည်း တစ်ရက်လျှင် 20M အခမဲ့အသုံးပြုနိုင်မည်ဟု သိရသည်။

ငွေဖြည့်ကတ်များအနေဖြင့် ၁ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ သက်မှတ်ရောင်းချပေးမည်ဖြစ်သော်လည်း လက်ရှိ အချိန်၌ ၅ ထောင်ကျပ်တန် ငွေဖြည့်ကတ်များသာ အရောင်းဆိုင်များဆီသို့ ရောက်ရှိနေခဲ့သည်ဟု သိရသည်။ ၀ယ်ယူရန် အတွက် မှတ်ပုံတင်မိတ္တူနှင့် ဓာက်ပုံတစ်ပုံသာလိုအပ်ကြောင်းသိရသည်။
Read More >>

စမတ်ဖုန်းဈေးကွက်ကို တုန်လှုပ်စေခဲ့သည့် Xiaomi Mi 4

Photo: စမတ်ဖုန်းဈေးကွက်ကို တုန်လှုပ်စေခဲ့သည့် Xiaomi Mi 4
====================================================
တရုတ်စမတ်ဖုန်းလောက၏နေရာတစ်ခုကို အပြည့်အ၀ရယူထားသည့် Xiaomi က “The Journey of a Piece of Steel “  ခေါင်းစဉ်ဖြင့် ကျင်းပသောပွဲတွင် ၎င်းတို့၏ နောက်ဆုံးထုတ်စမတ်ဖုန်းတစ်လုံးဖြစ်သည့် Xiaomi Mi 4 အမည်ရှိ ဖုန်းတစ်လုံးကို ထုတ်ဖော်မိတ်ဆက်လိုက်သည်။ 

အဆိုပါထွက်ရှိလာသည့် Mi 4 ကို 16GB နှင့် 64GB ဆိုပြီး ဗာရှင်းနှစ်မျိုး ထုတ်လုပ်ထား ကာ16GB ဗာရှင်းအတွက် တရုတ်ယွမ်ငွေ ၁၉၉၉ (ကန်ဒေါ်လာ ၃၂၂၀န်းကျင်) ၊ 64GB ဗာရှင်းအတွက် တရုတ်ယွမ်ငွေ ၂၄၉၉ (ကန်ဒေါ်လာ ၄၀၃ ၀န်းကျင်) ကျသင့်မည်ဖြစ်ပြီး လက်ရှိတွင် တရုတ်ပြည်တွင်းမှာသာ ရောင်း ချပေးသွားမည်ဖြစ်သည်။ ဒါ့အပြင် လာမည့်စက်တင်ဘာလ (၄)ရက်နေကနေစ ပြီး Mi 4 ကို 4G Network ပါဝင်သည့် ဗာရှင်းထုတ်လုပ်ပေးသွားမည် ဖြစ်ပြီး ယင်းဖုန်းကိုတော့ အခြားနိုင်ငံများတွင်ပါ ဖြန့်ချိပေးသွားမည်ဖြစ်သည်ဟု ကုမ္ပဏီကပြောဆိုထားသည်။ 

အဆိုပါမိတ်ဆက်ပွဲတွင် Xiaomi ၏ CEO ဖြစ်သူ Lei Jun က လက်ရှိတွင် ကုမ္ပဏီကထုတ်လုပ်သည့် စမတ်ဖုန်းအရေအတွက်ပေါင်း ၂၆.၁၁ မီလီယံ အထိ ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်ထက်စာရင် (၂၇၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာ ဖြစ် ကြောင်းစသည့် အကြောင်းအရာများ ကို ပြောကြားသွားခဲ့သည်။

Xiaomi  Mi 4 သည် Quad-core Qualcomm Snapdragon 801 Processor ကိုသုံးထားပြီး အမြန်နှုန်း 2.5GHz ရှိကာ RAM ပမာဏကို 3GB သုံးထားသည်။ 

16GB နှင့် 64GB စသည့် Storage ဗာရှင်းနှစ်မျိုးဖြင့်ထုတ်လုပ်ထားပြီး (1080×1920) Resolution ထုတ်ပေးနိုင်သော ၅ လက်မရှိသည့် မျက်နှာပြင်ဖြင့် တည်ဆောက်ထားသည်။ 

13MP ရှိသည့်နောက်ကင်မရာနှင့် 8MP ရှိသည့် ရှေ့ကင်မရာ အသီးသီးပါရှိပြီး Sony ၏ CMOS Sensors ကိုထည့်သွင်းအသုံးပြုထားသည်။ ဘက်ထရီကို 3080mAh ပမာဏရှိသည့် လီအိုင်ယွန်ဘက်ထရီကို အသုံးပြုထားသည်။

Xiaomi Mi 4 ရဲ့ကိုယ်ထည်ကို Stainless Steel Metal အမျိုးအစားဖြင့် ပြုလုပ် ထားပြီး ယင်းသတ္တုကို ရရှိဖို့အတွက်လုပ် ဆောင်ချက်ပေါင်း (၄၀) ကျော်နှင့် အဆင့်ပေါင်း (၁၉၃) ဆင့်ကို ကျော်ဖြတ်ခဲ့ရသည်ဟု ကုမ္ပဏီကဆိုသည်။

ဆက်လက်ပြီး ကုမ္ပ ဏီ ၎င်းတို့၏ MIUI ဗာရှင်းအသစ်ဖြစ်သည့် MIUI 6 ကို လာမည့် သြဂုတ်လ (၁၆)ရက်တွင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းဗာရှင်းကို လက်ရှိထွက်ရှိလာသည့် Mi 4 တွင် ထည့်သွင်းအသုံးပြုထား မည်ဖြစ်သည်ဟု မျှော်မှန်းထားသည်။

Ref : NDTV
Wai Phyo Aung (TSJ Team)

တရုတ်စမတ်ဖုန်းလောက၏နေရာတစ်ခုကို အပြည့်အ၀ရယူထားသည့် Xiaomi က “The Journey of a Piece of Steel “ ခေါင်းစဉ်ဖြင့် ကျင်းပသောပွဲတွင် ၎င်းတို့၏ နောက်ဆုံးထုတ်စမတ်ဖုန်းတစ်လုံးဖြစ်သည့် Xiaomi Mi 4 အမည်ရှိ ဖုန်းတစ်လုံးကို ထုတ်ဖော်မိတ်ဆက်လိုက်သည်။



အဆိုပါထွက်ရှိလာသည့် Mi 4 ကို 16GB နှင့် 64GB ဆိုပြီး ဗာရှင်းနှစ်မျိုး ထုတ်လုပ်ထား ကာ16GB ဗာရှင်းအတွက် တရုတ်ယွမ်ငွေ ၁၉၉၉ (ကန်ဒေါ်လာ ၃၂၂၀န်းကျင်) ၊ 64GB ဗာရှင်းအတွက် တရုတ်ယွမ်ငွေ ၂၄၉၉ (ကန်ဒေါ်လာ ၄၀၃ ၀န်းကျင်) ကျသင့်မည်ဖြစ်ပြီး လက်ရှိတွင် တရုတ်ပြည်တွင်းမှာသာ ရောင်း ချပေးသွားမည်ဖြစ်သည်။ ဒါ့အပြင် လာမည့်စက်တင်ဘာလ (၄)ရက်နေကနေစ ပြီး Mi 4 ကို 4G Network ပါဝင်သည့် ဗာရှင်းထုတ်လုပ်ပေးသွားမည် ဖြစ်ပြီး ယင်းဖုန်းကိုတော့ အခြားနိုင်ငံများတွင်ပါ ဖြန့်ချိပေး သွားမည်ဖြစ်သည်ဟု ကုမ္ပဏီကပြောဆိုထားသည်။


အဆိုပါမိတ်ဆက်ပွဲတွင် Xiaomi ၏ CEO ဖြစ်သူ Lei Jun က လက်ရှိတွင် ကုမ္ပဏီကထုတ်လုပ်သည့် စမတ်ဖုန်းအရေအတွက်ပေါင်း ၂၆.၁၁ မီလီယံ အထိ ရောင်းချနိုင်ခဲ့ပြီဖြစ်ကြောင်း ၊ ယင်းပမာဏသည် ပြီးခဲ့သည့်နှစ်ထက်စာရင် (၂၇၁) ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တာ ဖြစ် ကြောင်းစသည့် အကြောင်းအရာများ ကို ပြောကြားသွားခဲ့သည်။


Xiaomi Mi 4 သည် Quad-core Qualcomm Snapdragon 801 Processor ကိုသုံးထားပြီး အမြန်နှုန်း 2.5GHz ရှိကာ RAM ပမာဏကို 3GB သုံးထားသည်။


16GB နှင့် 64GB စသည့် Storage ဗာရှင်းနှစ်မျိုးဖြင့်ထုတ်လုပ်ထားပြီး (1080×1920) Resolution ထုတ်ပေးနိုင်သော ၅ လက်မရှိသည့် မျက်နှာပြင်ဖြင့် တည်ဆောက်ထားသည်။


13MP ရှိသည့်နောက်ကင်မရာနှင့် 8MP ရှိသည့် ရှေ့ကင်မရာ အသီးသီးပါရှိပြီး Sony ၏ CMOS Sensors ကိုထည့်သွင်းအသုံးပြုထားသည်။ ဘက်ထရီကို 3080mAh ပမာဏရှိသည့် လီအိုင်ယွန်ဘက်ထရီကို အသုံးပြုထားသည်။


Xiaomi Mi 4 ရဲ့ကိုယ်ထည်ကို Stainless Steel Metal အမျိုးအစားဖြင့် ပြုလုပ် ထားပြီး ယင်းသတ္တုကို ရရှိဖို့အတွက်လုပ် ဆောင်ချက်ပေါင်း (၄၀) ကျော်နှင့် အဆင့်ပေါင်း (၁၉၃) ဆင့်ကို ကျော်ဖြတ်ခဲ့ရသည်ဟု ကုမ္ပဏီကဆိုသည်။


ဆက်လက်ပြီး ကုမ္ပ ဏီ ၎င်းတို့၏ MIUI ဗာရှင်းအသစ်ဖြစ်သည့် MIUI 6 ကို လာမည့် သြဂုတ်လ (၁၆)ရက်တွင် မိတ်ဆက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့ပြီး ယင်းဗာရှင်းကို လက်ရှိထွက်ရှိလာသည့် Mi 4 တွင် ထည့်သွင်းအသုံးပြုထား မည်ဖြစ်သည်ဟု မျှော်မှန်းထားသည်။

Ref : NDTV

Wai Phyo Aung (TSJ Team)
Read More >>

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ ရက် 30 ဖုန်းခေါ်ဆိုခလျှော့ချပေးမည့် အစီအစဉ်

ယနေ့မှစ၍ သြဂုတ်လ ၃၁ ရက်နေ့အထိ Friends and Family Service ၀န်ဆောင်မှု အစီအစဉ်ကို ဆောင်ရွက်မည်ဖြစ်ပါသဖြင့် ကြိုတင်ငွေဖြည့်ကဒ်သုံး GSM/WCDMA ဖုန်းသုံးစွဲသူများမှ ပါဝင်ဆင်နွဲနိုင်ရန် ဖိတ်ခေါ်ပါသည်။ အစီအစဉ်တွင် ပါဝင်လိုသူများသည် 1331 သို့ Massage ပေးပို့ရန်သာ လိုအပ်ပါသည်။
(က) ဦးစွာ မိမိမှ ရွေးချယ်ထားသည့် သူငယ်ချင်း/မိသားစုဝင် တို့၏ မိုဘိုင်းဖုန်းနံပါတ်များကို 1331 သို့ စာရင်းပေးသွင်းနိုင်ရန်အတွက် ADD နှင့် (ပေးပို့လိုသော ဖုန်းနံပါတ်) ကို ရိုက်၍ Message ပေးပို့ရပါမည်။ နမူနာ ( ADD 095888999 )  
(ခ) ဖုန်းနံပါတ်များကို ပေးပို့ပြီးသည့်အခါတိုင်း အောက်ပါ Massage ကို လက်ခံရရှိမည်ဖြစ်ပါသည်။ " Success! you can call 095888999 for 25 kyats/min until 2014-8-31"  
(ဂ) အကယ်၍ မိုဘိုင်းဖုန်းနံပါတ် ၃ ခုထက် ပို၍ ပေးပို့မိပါက အောက်ပါ Massage ကို လက်ခံရရှိပါမည်။ " Sorry you have exceded friend list, you can add only 3 friends, for more info please call 1876"  
 (ဃ) စာရင်းပါ ဖုန်းနံပါတ်များကို ပြန်လည်ကြည့်ရှုလိုပါက မိမိ၏ ဖုန်းတွင် VIEW ဟုရိုက်၍ 1331 သို့ Massage ပေးပို့၍ ကြည့်ရှုနိုင်ပါသည်။  
(င) စာရင်းသွင်းထားပြီးသော ဖုန်းနံပါတ် ၃ ခုကို အခြား မိုဘိုင်းဖုန်းနံပါတ်ဖြင့် အစားထိုး ပြောင်းလဲလိုပါက မိမိ၏ ဖုန်းတွင် MODIFY(ပေးပို့ပြီးဖုန်းနံပါတ်) (အစားထိုးပြောင်းလဲလိုသော ဖုန်းနံပါတ်အသစ်) တို့ကို ရိုက်ပြီး 1331 သို့ Message ပေးပို့နိုင်ပါသည်။ (နမူနာ - MODIFY 094111222 094777888)  
(စ) ဖုန်းနံပါတ်ပြောင်းလဲပြီးပါက အောက်ပါ Message ကိုလက်ခံရရှိပါမည်။ " Number 094777888 is now your new friend list"  
သတိပြုရန် အချက်များ ============= 
(၁) ၀န်ဆောင်မှု အစီအစဉ်အတွက် မှတ်ပုံတင်ကြေးအဖြစ် ၂၅၀၀ ကျပ်ကို ၀န်ဆောင်မှုအသုံးပြုမည့်သူ၏ GSM/WCDMA မိုဘိုင်းဖုန်း လက်ကျန်ငွေမှ နုတ်ယူမည်ဖြစ်ပြီး မိမိ ADD ပြုလုပ်ပေးပို့သော မိုဘိုင်းဖုန်း နံပါတ်များသို့ (တစ်မိနစ်လျှင် ၂၅ ကျပ်နှုန်းဖြင့်) စတင် အသုံးပြုသည့်နေမှစ၍ ရက်ပေါင်း ၃၀ အတွင်း ခေါ်ဆို အသုံးပြုနိုင်မည်ဖြစ်သည်။  
(၂) လောလောဆယ် အနေဖြင့် GSM/WCDMA မိဘိုင်းဖုန်းများသာ အသုံးပြုနိုင်ပြီး မိမိ၏ နံပါတ်တစ်ခုလျှင် မိုဘိုင်းဖုန်း နံပါတ် အများဆုံး ၃ ခုသာ ၀န်ဆောင်မှုကို ခွင့်ပြုထားပါသည်။ CDMA ဖုန်းကိုင်ဆောင်သူများအတွက်လည်း မကြာခင် အချိန်အတွင်း အသုံးပြုနိုင်အောင် စီစဉ်လျှက်ရှိပါသည်။  
(၃) 1331 သို့ Message ပေးပို့ခြင်းအတွက် အခမဲ့ ဖြစ်ပါသည်။ သို့သော်လည်း လက်ကျန်ငွေ ၂၅၀၀ ကျပ်အနည်းဆုံး ရှိရန် လိုအပ်ပါသည်။  
(၄) ADD (သို့မဟုတ်) MODIFY ပြုလုပ်ရာတွင် တစ်ကြိမ်လျှင် မိုဘိုင်းဖုန်းနံပါတ် ၁ ခုသာ ဆောင်ရွက်ရပါမည်။ 
(၅) စာရင်းပေးသွင်းထားသော ဖုန်းနံပါတ် ၃ ခုအနက် နှစ်သက်ရာ ၁ ခုကို ၁ ကြိမ်သာ လျှင် အစားထိုး ပြောင်းလဲ အသုံးပြုခွင့် ရရှိပါမည်။  
(၆) အသေးစိတ် သိရှိလိုပါက www.mcit.gov.mm သို့ ၀င်ရောက်ကြည့်ရှုနိုင်ပြီး 1876 သို့ လည်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။ 
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း
Read More >>
Related Posts Plugin for WordPress, Blogger...