Pages

Showing posts with label iOS Tutorial. Show all posts
Showing posts with label iOS Tutorial. Show all posts

Sunday, August 14, 2016

How to upgrade iOS 10 Official Beta Public Version

ကျနော်ပိုစ်မတင်ဖြစ်တာ ၂ နှစ်လောက်ရှိသွားပြီ.။ အခုတော့ အသစ်အဆန်းလေးတွေ နဲ့ ပြန်ရောက် လာပါပြီ.။ ဒီပို့ စ်မှာတော့ iOS 10 Official Beta Public Version တင်နည်းလေးကိုပြောပြမှာပါ.။ ပုံမှန်ကျနော် တို့ iPhone, iPad တွေမှာ Software Update လုပ်ချင်ရင် Settings>>Software Update ကိုသွားရပါတယ်။ ဒီ Beta Version မှာတော့ Apple ကနေ profile တခုယူပေးရပါတယ်။ အဲ့တော့မှ Settings>> Software Update ဆိုတဲ့နေရာမှာပေါ်လာတာပါ.။ ဒါကလဲ Beta Version မို့ ပါ.။ Release Version တွေကျရင် Profile ယူစရာမလိုတော့ပါဘူးဗျာ.။ နောက်တခုက လူတော်တော်များများက Profile သွင်းရတယ်ဆို ကြောက်တတ်ကြတယ်.။ တကယ်တော့ ဒီ Profile မှာ Verified ဖြစ်ပီးသားနဲ့  Unverified ဆိုပီး ၂ မျိုးရှိပါတယ် Apple Company ကနေ Verified ပီးသား ဆိုရင် သုံးလို့ အဆင်ပြေပါတယ်ဗျာ.။ တခြား Mod app တွေသုံးချင်လို့ Profile ဆိုရင်တော့ Unverified ပေါ့.. Unverified ဆိုရင်တော့ကိုယ်ဖြစ်ကိုယ်ခံပေါ့ဗျာ.။ ကဲပြောနေကြာပါတယ်. Topic လဲလွယ်မှာစိုးလို့ အောက်မှာ ပုံလေးတွေနဲ့ ရှင်းပြထားပေးပါတယ်။ တဆင့်ချင်းသေချာလိုက်လုပ်ကြည့်ပေးကြပါ.။

Step 1 : အရင်ဦးဆုံး မိမိ iPhone ကနေ Safari ကိုဖွင့်ပီး  ဒီလင့်လေး ကို သွားပေးပါ.။ https://beta.apple.com/sp/betaprogram/

Step 2 : Sign Up ဆိုတာလေးကိုနှိပ်ပေးပါ.။

Step 3 : မိမိရဲ့  Apple ID ကို ရိုက်ထည့်ပေးပါ..။ ပီးရင် Sign In လိုက်ပါ။ ဒီနေရာမှာ တခုပြောချင်တာက Apple ID မရှိရင် တော့အဆင်မပြေပါဘူး.။ Apple ID ဖွင့်ချင်ရင်တော့ ဒီလင့်ကနေ သွားပါ။ Apple ID ဖွင့်နည်းကိုတော့ နောက်မှ အသေးစိတ် တင်ပေးပါ့မယ်.။ https://appleid.apple.com/account#!&page=create

Step 4 : Apple ID နဲ့ ဝင်ပီးပီ ဆိုရင်တော့ အောက်ကလိုပေါ်လာမှာပါ..။ အဲ့ကျရင် iOS ဆိုတာကိုနှိပ်ပေးပါ။ 


Step 5 : iOS ကိုနှိပ်လိုက်ရင် အောက်ကလိုကျလာပါလိမ့်မယ်။ မတွေ့ ရရင် Scroll ဆွဲချကြည့်ပါ... Get Started ဆိုတာမြင်ရမှာပါ အဲ့ဒီမှာ enroll your iOS device ဆိုတာကိုနှိပ်ပေးပါ.။
 


Step 6 : ကဲ ဒီစာမျက်နှာပဲထပ်မြင်ရပြန်ပြီ..။ ကိစ္စမရှိပါဘူး အောက်ကို Scroll ဆွဲချကြည့်လိုက်ပါ.။ Step by Step လုပ်နည်းလေးတွေပြောပြထားပါတယ်။ Step 1 ကတော့ PC နဲ့ချိတ်ပြီး Backup လုပ်ရတဲ့အဆင့်ပါ ... ဒါကလဲကိုယ်လုပ်ချင်မှပါ.။ မကြာသေးခင်ကမှလုပ်ထားရင်တော့မလုပ်ချင်လဲရပါတယ်။ ကျနော်ကတော့ အဲ့အဆင့်ကိုကျော်လိုက်ပါတယ်။



 Step 7 : Step 2 မှာ တော့ Download Profile ဆိုတာကိုနှိပ်ပေးပါ.။
 

Step 8 : ပီးရင် Profile ပေါ်လာရင် အပေါ်ဘက်ညာဘက်ထောင့်မှာ Install ဆိုတာလေးနှိပ်ပေးလိုက်ပါ.။  ပြီးရင် Profile သွင်းဖို့ Accept လုပ်ဖို့ဆိုပြီးတောင်းလာရင် Accept လုပ်ပေးလိုက်ပါ.။  ဒါဆိုရင် Profile Install လုပ်ပီးပါပီ.။ လုပ်ပီးလို့ Restart လုပ်ဖို့ တောင်းရင် လုပ်ပေးလိုက်ပါ.။ 


 Step 9 : Restart လုပ်ပီးပြန်တက်လာရင် နောက်ဆုံးအဆင့်အနေနဲ့ ပုံမှန် iOS Update လုပ်သလိုပါပဲ.။ Settings >> General >> Software Update ဆိုတာကိုသွားပါ ခနစောင့်ပါ သူ checking လုပ်ပါလိမ့်မယ်။ ပီးရင်တော့ အောက်ကပုံလို iOS 10 Beta ဆိုပီးပေါ်လာပါပြီ..။ Download and Install ကိုနှိပ်ပီး ပုံမှန် update လုပ်သလိုပဲလုပ်သွားရုံပါပဲ...။ ပီးသွားရင်တော့ ဘယ်လို feature တွေပါလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲရင်ခုန်စောင့်စားကြည့်လိုက်ပါလို့ပြောလိုက်ပါရစေ.။




အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ဗျာ.။ အကြာကြီးနေပြီးမှ post တင်နိုင်တာကိုလဲ တောင်းပန်ပါရစေ.။

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>

Sunday, October 26, 2014

iOS 8 - 8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်း



iOS 8 မှ iOS 8.1 အထိ Jailbreak လုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ iOS 8 မှ iOS 8.1 အထိ Jailbreak ပြုလုပ်နိုင်မယ့် Device တွေကတော့အောက်ပါအတိုင်းပါ။

iPhone 6
iPhone 6 Plus
iPhone 5s
iPhone 5c
iPhone 5
iPhone 4s
iPad (2, 3, 4, Air, Air 2, mini 1, mini 2, mini 3)
iPod touch 5

Jailbreak လုပ်လို့ရနိုင်မယ့် Firmware Version တွေကတော့ အောက်ပါအတိုင်းပါ။

8.0
8.0.1
8.0.2
8.1

iOS 8 ကို Jailbreak လုပ်လို့ရပေမယ့် Jailbreak လုပ်ပြီးကာစမှာအရင်တုန်းကလိုတော့ Cydia က Built in မပါသေးပါဘူး ။ ကိုယ့်ဘာသာ Cydia ကို Manually ထပ်သွင်းရပါတယ်။ ဒါပေမယ့် အခု Jailbreak လုပ်တဲ့ Tool ရော Jailbreak လုပ်ပြီးရင် Cydia ကို One Click နဲ့သွင်းနိုင်မယ့် ခလုတ်ပါ ပါဝင်တဲ့ Installer ကို ရုရှားဖိုရမ်တစ်ခုကနေတွေ့လို့ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ Installer လေးမှာ PanGu iOS 8 v1.0.1 ရော ၊ Jailbreak လုပ်ပြီးရင် Cydia ကိုဆက်လက်သွင်းနိုင်မယ့် ခလုတ်ပါထည့်ပေးထားပါတယ်။

ကဲ iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်းကိုလေ့လာကြည့်ရအောင်။


Jailbreak ရော Cydia One Click Installer ရောပါလို့ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ...
အောက်က လင့်ကနေ ဒေါင်းလိုက်ပါ...။

https://mega.co.nz/#%21psZECZ6Z%21YCoenVnrjS6gcUSJVf75NzAlIt01128krp3mesOPauU

Jailbreak လုပ်ရန် အပေါ်မှာ Download ရယူခဲ့တဲ့ Installer ကိုဖွင့်ပါ။



Jailbreak မလုပ်ခင် ဖုန်းမှာ Passcode ကို off ထားဖို့ လိုပါမယ်။ Setting >> iCloud ထဲက Find My iPhone ကို off ထားဖို့ လိုပါမယ်။ ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ နဲ့ ချိတ်ပြီး အခုပေးထားတဲ့ Installer ထဲက ပထမခလုတ်ကို နှိပ်ပြီး Pangu iOS 8 Jailbreak Tool ကိုဖွင့်ပါ.။


PP အမှန်ခြစ်လေးကိုဖြုတ်ပါ။




ပြီးရင် အပြာရောင် ခလုတ်လေးကို နှိပ်ပြီး Jailbreak လုပ်ပါ။







ဖုန်းကို Jailbreak လုပ်ပြီးတာနဲ့ ဖုန်းထဲမှာ Pangu App လေးရောက်နေပါလိမ့်မယ်။



ယင်း Pangu App ထဲကိုဝင်ပါ။ OpenSSH ဆိုတာကိုနှိပ်ပါ။



OpenSSH ကိုသွင်းပြီးရင် ခုနက Installer ထဲက ဒုတိယခလုတ် "Run Install Cydia" ကိုနှိပ်ပေးလိုက်ရုံပါပဲ။ အောက်ပုံထဲကအတိုင်း သူ့ ဘာသာသူအလုပ်လုပ်နေပါလိမ့်မယ်။



ပီးရင် မိမိတို့ ရဲ့  iPhone/iPad/iPod Touch ကို reboot ချပြီး ပြန်တက်လာရင် Cydia ကိုသွင်းပြီးဖြစ်ပါလိမ့်မယ်။ ဂုဏ်ယူပါတယ်။ သင့်ရဲ့  iOS8 တင်ထားတဲ့ iDevice ကို အောင်မြင်စွာနဲ့  Jailbreak လုပ်ပြီးပါပြီ။

Credit - Myanmar Mobile App
Ref : http://ukrainianiphone.com/forum/index.php?showtopic=39582

အားလုံးပဲအဆင်ပြေကြပါစေ..။

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
Read More >>
Related Posts Plugin for WordPress, Blogger...