Pages

Friday, October 17, 2014

3G ချိတ်ဆက်မှုနှင့် အသံဖြင့် ထိန်းချုပ်နိုင်သည့် interface ပါဝင်သော Puls စမတ်နာရီကို Will.i.am မိတ်ဆက်

Photo: 3G ချိတ်ဆက်မှုနှင့် အသံဖြင့် ထိန်းချုပ်နိုင်သည့် interface ပါဝင်သော Puls စမတ်နာရီကို Will.i.am မိတ်ဆက်
=========

အမေရိကန် ရက်ပ်ပါ အဆိုတော် Will.i.am သည် ၎င်း၏ ပထမဦးဆုံး ဝတ်ဆင်နိုင်သည့် ထုတ်ကုန်ဖြစ်သော Puls စမတ်နာရီကို Salesforce ၏ Dreamforce 2104 ကွန်ဖရင့်စ်တွင် မိတ်ဆက်ပြသခဲ့သည်။

အဆိုပါ စမတ်နာရီတွင် Facebook နှင့် Twitter ချိတ်ဆက်မှုအပြင် Instagram နှင့် Salesforce တို့ကို ပေါင်းစပ်ထည့်သွင်းထားသည်။ ၎င်းတွင် Aneeda ဟုအမည်ပေးထားသော အသံဖြင့် ထိန်းချုပ်နိုင်သည့် စနစ်ပါဝင်ပြီး အဆိုပါ စနစ်ကို Nuance က ထောက်ပံ့ပေးထားသည်။ Aneeda သည် reminders, music control, alarms စသည့် အခြေခံ feature များကို အထောက်အပံ့ပေးနိုင်သည်။

Hardware ပိုင်းအရ Puls စမတ်နာရီတွင် Wi-Fi နှင့် Bluetooth ချိတ်ဆက်မှုများအပြင် pedometer, GPS, accelerometer နှင့် AT&T မှ ထောက်ပံ့ပေးထားသည့် 3G ချိတ်ဆက်မှုဖြင့် အသုံးပြုနိုင်သည်။ အဆိုပါ 3G ချိတ်ဆက်မှုကြောင့် စမတ်နာရီ သုံးစွဲသူများ အနေဖြင့် ဖုန်းခေါ်ဆိုခြင်းနှင့် text message ပေးပို့ခြင်းတို့ကို Puls နှင့် ဖုန်းအား ချိတ်ဆက်ရန် မလိုဘဲ ပြုလုပ်နိုင်မည် ဖြစ်သည်။ ဘက်ထရီကို လက်ပတ်ကြိုးတွင် ထည့်သွင်းထားပြီး သိုလှောင်မှုပမာဏ 16GB ထောက်ပံ့ပေးထားသည်။ RAM မှာ 1GB ဖြစ်သည်။ သီချင်းနားထောင်ခြင်းနှင့် သတိပေးချက်များအတွက် built-in speaker များ ပါဝင်သည်။

Puls စမတ်နာရီအတွက် တန်ဖိုး အတိအကျကို ပြောကြားခဲ့ခြင်း မရှိသော်လည်း ၎င်းသည် iPhone တစ်လုံး၏ တန်ဖိုးထက် နည်းပါးမည် ဖြစ်ကြောင်း Will.i.am မှ ပြောကြားခဲ့သည်။

Ref: 9to5mac

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...