
နော်ဝေ အခြေစိုက် တယ်လီနော ကုမ္ပဏီဟာ အောက်တိုဘာ လကုန် ဒါမှမဟုတ်
နိုဝင်ဘာလဆန်းတာနဲ့ သူ့ရဲ့ ဆင်းကတ်တွေကို ရန်ကုန်မှ စပြီး
ရောင်းချတော့မယ်လို့ တယ်လီနော မြန်မာ အမှုဆောင် အရာရှိချုပ် Mr.Petter
Furberg က ပြောပါတယ်။
မြို့နယ်ပေါင်း ၄၄ မြို့နယ်က ဆိုင်ပေါင်း ၆၀၀၀ ကျော်ကနေ တဆင့် ရောင်းပေး မှာဖြစ်ပြီး ဆင်းကတ် အရေအတွက် ၁ သန်းလောက် ပြင် ဆင်ထားတယ်လို့ ဆိုပါတယ်။
တယ်လီနော အနေနဲ့ မန္တလေးမှာ ဆင်းကတ်ရောင်းချပြီး ရန်ကုန်မှာ ရောင်းချဖို့ နောက်ကျနေရခြင်းဟာ နက်ဝေါ့ကောင်းအောင် လုပ်နေရလို့ ဖြစ်တယ်လို့ သူက ဆိုပါတယ်။
အမှန်တကယ် ရန်ကုန်မှာ တာဝါတိုင် ၈၀၀ လောက် လိုပေမယ့် လက်ရှိ ၃၀၅ တိုင်ပဲ စိုက်ထူပြီးသေးတယ်လို့ အမှုဆောင်အရာရှိချုပ်က ရှင်းပြပါတယ်။
ဒီဗွီဘီ
ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
0 comments:
Post a Comment