Pages

Tuesday, July 29, 2014

ကျနော်ကိုယ်တိုင်ရေးတဲ့ကဗျာ (ကြယ်တံခွန်ည)

ကြယ်တံခွန်ည
အမှောင်အုပ်စိုး အလင်းပျောက်
ညတွင်းသခင် လမင်းပင်မတွေ့ 
တိမ်လွှာကင်းတဲ့ သက်မဲ့ကောင်းကင်...
အလင်းပြပြ ကြယ်စတို့ ဖြင့်
ပျံ့ လျက်မိုးယံ မီးပုံးသဏ္ဍာန်သို့ 
ပြောက်ကြား အလှဖြင့်ခြယ်စေသော်...
နွေဦးအစ တရွရွနှင့်
ရွက်သက်ကြွေကျ မြေသို့ ခ၏
ခြောက်သွေ့ ဝန်းကျင် ချမ်းအေးတိတ်လျှက်...
စိတ်၌ပေါ်ထွန်း ချစ်သူမျက်ဝန်း
နှလုံးသားကိုအရင်းပြု ကြယ်တာယာကိုသက်သေထူ
မြှုပ်နှံဝိညာဉ် သီကုံးဆင်လျှက်...
ပီတိအပြုံး အမုန်းပျောက်
သစ္စာရှေ့ထား အချစ်များနှင့်
          အသက်သွင်းသော ကြယ်တံခွန်ည...။     ။  
                                                                        ရေးသားသူ - ကျော်ဇင်ဝေ (De'Ja Vu)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...