Pages

Friday, August 8, 2014

ချိတ်ဆက်ထားသည့် အင်တာနက် Bandwidth နှင့် ပတ်သက်၍ Ooredoo ပြောဆိုခြင်းမရှိ

http://prwebme.com/wp-content/uploads/2013/02/OOREDOO-EVENT-9.jpg
Ooredoo အနေဖြင့် မိုဘိုင်း အင်တာနက်စနစ်ကို ၎င်းင်းတို့၏ ဆင်းမ်ကတ်များမှတစ်ဆင့် အသုံး ပြုစေခဲ့သော် လည်း မိုဘိုင်းအင်တာ နက်စနစ်အတွက် ကုမ္ပဏီမှအသုံး ပြုထားသည့် အင်တာနက်ဆက်ကြောင်း များနှင့် အင်တာနက် Bandwidth ပမာဏများအကြောင်းကိုမီဒီယာသို့ ထုတ်ဖော်ပြောကြားခဲ့ ခြင်းမရှိပေ။

မြန်မာ့ဆက်သွယ် ရေးလုပ်ငန်း ချိတ်ဆက်ထားသည့် အင်တာနက် လိုင်းများကို Ooredoo အနေဖြင့် ရယူအသုံးပြုထားခြင်းမရှိဘဲ သီးခြား အင်တာနက်လိုင်းကို ချိတ်ဆက် အသုံးပြုထားသည်ဟု သိရသော်လည်း မည့်သည့်အင်တာနက် ဆက်ကြောင်းများနှင့် ချိတ်ဆက် ထားပြီး Brandwidth ပမာဏမှာ မည်မျှရှိသည်ကို မသိရှိရပေ။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း သည် ၎င်းတို့၏ အင်တာနက် Bandwidth နှင့်ပတ်သက်၍ ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာရေးနှစ် အတွင်း 3.72 Gbps ချိတ်ဆက် အသုံးပြုခဲ့ပြီး ၂၀၁၄ ခုနှစ် မေလ၌ Bandwidth ကို 27.36 Gbps အထိချိတ်ဆက်အသုံးပြုနိုင်ခဲ့သည် ဟု တရားဝင်ပြောဆိုထားသည်။

““အင်တာနက်စနစ်အတွက် ကိုယ်ပိုင်ရပ်တည်ထားတာပါ။ Call Center လိုဟာမျိုးတွေတောင် ရှိ ပြီးသား Center တွေကိုငှားပြီး ပြန် မသုံးပါဘူး။ ကိုယ်ပိုင်အကုန်အကျခံ ပြီး ၂၄ အပြည့်ဝန်ထမ်းတွေနဲ့ ရပ် တည်နေ တာပါ။ Bandwidth ဘယ် လောက်ရှိတယ်ဆိုတာတွေကတော့ နောက်မှပြန်ပြောပါ့မယ်””ဟု Ooredoo ၏ ဈေးကွက်ဒါရိုက်တာ ဖြစ်သူ ဦးမြင့်ဇော်ကပြောသည်။

လက်ရှိအချိန်၌ Ooredoo ၏ မိုဘိုင်းအင်တာနက်စနစ်သည် 3G စနစ်ဖြစ်ပြီး အင်တာနက်အသုံးပြု ရာတွင် H+ အထိအသုံးပြု၍ ရရှိ နေသော်လည်း တစ်ခါတစ်ရံ၌ အင် တာနက်လိုင်းသည် တည်ငြိမ်မှုမရှိ ဘဲ အသုံးပြုနေစဉ် လိုင်းကျဆင်း မှုများ ဖြစ်ပွားနေသည်ဟု Ooredoo ၏  အင်တာနက်လိုင်းကို ရန်ကုန်မြို့၌ စမ်းသက်သုံးစွဲနေသူ များကပြောသည်။ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုအနေဖြင့် မိုဘိုင်းဝန်ဆောင် မှုလုပ်ငန်းအပြင် အင်တာနက်ဝန် ဆောင်မှုလုပ်ငန်းများ ၊ အိုင်တီဝန် ဆောင်မှုလုပ်ငန်းများနှင့် PSTN လုပ်ငန်းများကို အချင်းချင်းယှဉ် ပြိုင်လုပ်ကိုင်ဆောင်ရွက်ရမည်ဟု သိရသည်။ မိုဘိုင်းဆက်သွယ်ရေး ၀န်ဆောင်မှုကိုစတင်ပေးအပ်နေပြီ ဖြစ်သည့် Ooredoo သည် ISP တစ်ခုအနေဖြင့် အင်တာနက် ၀န်ဆောင်မှုများပေးအပ်ရန် လက်ရှိ အချိန်၌  မပြောလိုသေးကြောင်း သတင်းထောက်များနှင့် တွေ့ဆုံ စဉ် ပြောကြားခဲ့သည်။

““ISP လုပ်ငန်းနဲ့ပတ်သက်ပြီး ပြောဖို့စောပါသေးတယ်။ အခုမှ မို ဘိုင်းဖုန်းတွေစရောင်းတုန်းပဲရှိပါ သေး တယ်။ အစီအစဉ်နဲ့ပတ်သက် ပြီးတော့လည်းမှတ်ချက်မပေးလို သေးပါဘူး””ဟု ဦးမြင့်ဇော်က ပြော သည်။ လက်ရှိအချိန်၌ မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့သည် ISPလုပ်ငန်းများ ကိုလုပ်ကိုင်နေပြီး Fiber အင်တာနက်လိုင်းအပြင် ADSL အင်တာ နက်လိုင်းနှင့် အခြားသောအင်တာ နက်လိုင်းများကိုလည်းရောင်းချ ပေးနေသည်ဟု သိရသည်။

Internet Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...