Pages

Thursday, August 14, 2014

HTC Firmware အကြောင်းသိကောင်းရာ အချက်လေးများ

Photo: HTC  Firmware အကြောင်းသိကောင်းရာ အချက်လေးများ
=========================
အခုနောက်ထွက်တဲ့ HTC တွေမှာ Firmware ရေးလို့ မရတဲ့ အလုံးတွေ ကြုံတတ်ပါတယ်။
တော်ရုံတန်ရုံ အများစုက HTC ဆိုရင် လက်ရှောင်တာ များပါတယ်။ နောက်ထွက်တဲ့ အလုံး
တွေမှာဆိုရင်တော့ သူ့ဖုန်းအတွက် Firmware (Ruu) တွေ မရှိတတ်ပါဘူး။ Firmware
မရှိတဲ့အတွက် လူတိုင်းက လက်ရှောင်တတ်ပါတယ်။ အခုပြောမဲ့ နည်းလေးကတော့ လူတိုင်း
သိပြီးသားနေမှာပါ။ မသိသေးသော သူများအတွက် တင်ပြလိုက်ပါတယ်။ HTC One X တစ်
လုံး Firmware ကျနေတယ်။ သူ့အတွက် အွန်လိုင်းမှာ Firmware (Ruu) ကမရှိဘူး။မရှိတဲ့
အတွက် နောက်တစ်နည်း ထပ်စဉ်းစားပါမည်။ မိမိဖုန်းကို Bootloader unlock လုပ်ပြီးပြီ
လား မလုပ်ရသေးရင် HTC Website မှာ Bootloader Unlock သွားလုပ်ပေးပါ။ လုပ်ပြီးပြီး
ဆိုရင် သူနဲ့ သက်ဆိုင်တဲ့ (သူနဲ့အသုံးဝင်မဲ့) custom rom ကို ရှာပြီး တင်ပေးပါ။ တကယ်လို့
များ Custom rom က Error တွေပါရင် HTC One X အကောင်းတစ်လုံးထဲက Firmware
ကို ဆွဲထုတ်ပါ။ Firmware ကို ဘယ်လိုဆွဲထုတ်ရမလဲ ဆိုရင်တော့ အကောင်းဖုန်းကို Bootloader
unlock လုပ်ပါ။ လုပ်ပြီးရင် cwm recovery တင်ပါ။ တင်ပြီးပြီ ဆိုရင် အဲထဲက Backup ဖိုင်
ကိုဆွဲထုတ်ပေးပါ။ boot,recovery,system တွေက အစပါလာပါလိမ့်မည်။ အဲဒီ Backup ဖိုင်
ကို Memory Card ထဲ ထည့်ပြီးတော့ Firmware ကျနေတဲ့ အလုံးမှာ Restore ပြန်လုပ်ပေး
ပါ။ Firmware ကျနေတဲ့ အလုံးလေး ပြန်ကောင်းသွားပါလိမ့်မည်။
(အောင်မင်းဟန်)

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...