Pages

Saturday, August 9, 2014

မြန်မာပြည်အတွင်း ပထမဦးဆုံး Mobile App ဖြင့် အိမ်၊ ခြံ၊ မြေ၊ တိုက်ခန်း ရှာနိုင်ပြီ

  အဟောင်းလေးပါပဲ ကျနော့်ဆိုဒ်မှာမရှိသေးလို့ တခြားဆိုဒ်ကနေ ရှာပြီးတင်ပေးလိုက်တာပါ...
ကမ္ဘာ့အိမ်ခြံ တိုက်ခန်းရှာ ရောင်း ၀ယ် လုပ်ငန်းဖြစ် သည့် Lamudi  မြန်မာ အတွင်း အခေါ် House မှ ဤအပတ်အတွင်း Android App ကို ရွှေမြန်မာပြည်သူများ အိမ်ခြံ တိုက်ခန်း ကွန်ဒို ရှာဖွေ မှု အဆင်ပြေရန် တီထွင်လိုက်ပါပြီ။     
                                             
App ရဲ့ လုပ်ငန်း အရ Lamudi က သူ့ရဲ့ Mobile App ထဲမှာ အိမ်ခြံမြေ တိုက်ခန်း ကွန်ဒို ပေါင်းစုံ ၄၀၀၀၀၀ နီးပါးကို ထည့်သွင်းထားပါတယ်။ အများအားဖြင့် အာရှ၊ အရှေ့ အလယ်ပိုင်း ဒေသ၊ တောင်အမေရိကနဲ့ အာဖရိ ကတိုက်တွေမှာ ရှိတဲ့ အိပ်ခြံမြေ များဖြစ်ပါတယ်။ App ကတော့် ၂၈ နိုင်ငံဖြစ်တဲ့ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားကိုလန်ဘီယာ နဲ့ မြန်မာလို မျိုး တိုးတက်ဆဲနိုင်ငံတွေမှာ ချဲ့ထွင်တာဖြစ်ပါတယ်။ ဤ App ရဲ့ လုပ်ဆောင်ချက်ကတော့် အိမ် ရောင်း ၀ယ်လုပ်ငန်း ရှာဖွေမှုကို လွယ်ကူစွာ လုပ်ဆောင်ပေးတဲ့ ၀န်ဆောင်မှု စနစ်ဖြစ်ပါတယ်။
Lamudi App ဟာ ဈေးကွက် ကြီးမားတဲ့ အာရှတိုက် မှာ စွမ်းစွမ်းတမံ အင်တာနက် ၀န်ဆောင်မှု ပေးနေပါတယ်။ လွန်ခဲ့ သော အပတ်အတွင်း State of the Internet ၏ သုံးသပ်ချက်အရ အာရှအတွင်း  မိုဘိုင်း ဈေးကွက် နဲ့ သုံးသူများမှာ အိမ်သုံး ကွန်ပြူတာ အင်တာနက် ၏ တ၀က်နီးပါးခန့် ရှိသည်ဖြစ်ကြောင်းပြော ကြားခဲ့ပါတယ်။
မြန်မာအတွင်း Android Mobile ဟာလူ ကြိုက်များ နံပါတ် ၁ ဖြစ်ပါတယ်။ Google ရဲ့ Operating system နှင့် ကိုက်ညီတဲ့ Android ဟာ လောလောဆယ်မှာတော့် ဈေးကွက်အရ ၆၀ % ရှိပါတယ်။ ဒုတိယ Operating System ကတော့် Apple iOS ဖြစ်ပြီး ဈေးကွက်မှာ ၂၂% ရာခိုင်နှုန်းရှိပါတယ်။
Lamudi ရဲ့ ကုမ္ပဏီလုပ်ငန်းရှင်ဖြစ်တဲ့ Antonius Salis ကအခုလိုပြောပါတယ်။ ‘Android ဟာ Smartphone ရဲ့ အနာဂတ်ဖြစ် တဲ့အတွက်ကြောင့် ကျွန်တော်တို့အနေနဲ့ ယခုလို ၀န်ဆောင်မှုလုပ်ငန်း ကို ၂၈ နိုင်ငံမှာ ချဲ့ထွင်လိုက်တာဖြစ်ပါတယ်။ ‘
မြန်မာပြည် ရဲ့ Managing Director ဖြစ်တဲ့ Michiel Bakker ကတော့် ‘ မြန်မာပြည်အတွင်း အိမ်ခြံ မြေဈေးကွက်ကြီးလာတာနဲ့ Customers တွေတော်တော်များ များ ဟာလည်း သူတို့ ရဲ့ အိမ်ခြံ မြေ တိုက်ခန်း တွေမှာ ပိုပြီး ရင်းနှီး ရောင်း ၀ယ် လာတာကို တွေ့ရပါတယ်။ ယခု App ထွက်လာပြီဆိုတော့် ပြည်သူတွေအတွက်လည်း အလွယ်တကူ ဤ လုပ်ငန်း များကို ကောင်းမွန်စွာ လုပ် နိုင်ပါပြီ။
Android နဲ့ iOS ဟာ အသုံးပြုသူများအတွက် လွယ်ကူစွာ Customized လုပ်နိုင်အောင်ထွင်ထားတာဖြစ်ပြီး ကိုကြိုက်နှစ်သက်ရာ အိမ်ခြံမြေတိုက်ခန်း ကွန်ဒိုများကိုလည်း  Alert Function ဖြစ်တဲ့ သတင်းပေး အခြေအနေနဲ့ ချက်ခြင်း အကြောင်းကြားပေးပါတယ်။ မိမိကြိုက်နှစ်သက်ရာ တိုက်ခန်းများကိုလည်း ရွေးချယ် သိမ်းဆည်းထားနိုင်ပါတယ်။
Lamudi သို့မဟုတ် House မှ သီးသန့် မူလ အရည်အသွေးကောင်းတဲ့ အိမ် တိုက်ခန်း များ ရဲ့ ဓာတ်ပုံနဲ့ သတင်းများ ကို အသေးစိတ် သိလိုပါက  https://www.facebook.com/house.com.mm မှ လည်း စုံစမ်းတွေ့ရှိုနိုင်ပါတယ်။

နေရာ အတွင်း House Android App ကို စုံစမ်းထည့်သွင်းနိုင်ပါသည်.

ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။

2 comments:

  1. Aside from Lamudi, you can also visit this site real estate philippines. There so many apartments available, especially in the Philippines. These apartments are affordable and budget friendly.

    ReplyDelete
  2. If you are having a hard time looking for a property, check out Cebu realty services

    ReplyDelete

Related Posts Plugin for WordPress, Blogger...