Pages

Friday, August 8, 2014

ဆင်းမ်ကတ်ဈေးနှုန်း ၁,၅၀၀ ကျပ်ထက် မပိုစေရဟု Telenor ပြော

 နော်ဝေ, တယ်လီနော, စီးပွားရေး, ဆက်သွယ်ရေး
Telenor Myanmar သည် မိုဘိုင်းဖုန်းဆင်းမ်ကတ်များကို သန်းနှင့်ချီ၍ ရောင်းချပေးမည် ဖြစ်သည့်အတွက် မည်သူမျှ ကျပ်ငွေ ၁,၅၀၀ ထက် ပိုမိုပေးဝယ်စရာမလိုကြောင်း ကုမ္ပဏီ CEO ဖြစ်သူ Mr. Petter Furberg က ပြောကြားလိုက်သည်။ Telenor Myanmar သည် ၎င်းတို့၏ မိုဘိုင်းဆင်းမ်ကတ်များကို မိုဘိုင်း ဟန်းဆက်များနှင့် တွဲဖက် ရောင်းချပေးနိုင်ရန် နာမည်ကျော်ဟန်းဆက်ကုမ္ပဏီများနှင့် ချိတ်ဆက်ထားပြီး အဆိုပါမိုဘိုင်းဟန်းဆက်များ၌ ကောင်းမွန်သော မြန်မာစာစနစ်များ တွဲဖက်ပါဝင်လာရန် ဦးစားပေးဆောင် ရွက်နေကြောင်း သိရသည်။ လက်ရှိအချိန်၌ Ooredoo Myanmar သည် ဈေးကွက်အတွင်းသို့ မိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချ နေသော်လည်း ဆင်းမ်ကတ်အရေအတွက်သည် အလွန်နည်းပါးနေ သည့်အတွက် လက်တွေ့နယ်ပယ်၌ ဈေးနှုန်းကြီးမြင့်ခဲ့သည်ဟု သိရသည်။

Ooredoo အနေဖြင့် ၎င်းတို့၏ အရောင်းဆိုင်များကို ငွေကျပ် ၁,၅၀၀ ဖြင့်သာ ရောင်းချပေးရန်နှင့် ဆင်းမ် ကတ်များကို လိုသလောက် ရောင်းချပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ သော်လည်း လက်တွေ့နယ်ပယ်၌ ဆင်းမ်ကတ်များ လိုသလောက် ထွက်ရှိမလာခဲ့သည့်အတွက် ဈေးနှုန်းများ ဆက်လက်ကြီးမြင့်နေခဲ့သည်။ Ooredoo ၏ ဈေးကွက်ဒါရိုက်တာ ဦးမြင့်ဇော်က ဆင်းမ်ကတ်ဈေးနှုန်း မြှင့်တင်ရောင်းချသည့် အရောင်းဆိုင် များကို ခေါ်ယူတွေ့ဆုံဖြစ်ကြောင်း၊ ဆင်းမ်ကတ်ဈေးနှုန်း ကြီးမြင့်ရသည့်ကိစ္စသည် ရက်ပိုင်း အတွင်း ပြေ လည်သွားမည့်ကိစ္စဖြစ်ကြောင်း သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

Telenor Myanmar အနေဖြင့် Ooredoo Myanmar နှင့် တူညီခြင်းမရှိဘဲ မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ ၎င်းတို့လက်ဝယ်၌ မိုဘိုင်းဆင်းမ်ကတ် သန်း ၃၀ ကို အရန်သင့်အနေဖြင့် ထားရှိမည်ဖြစ်ပြီး ဈေးနှုန်းကိုလည်း ငွေကျပ် ၁,၅၀၀ ထက် ကျော်လွန်၍ ပေးဆောင်ရန်မလိုအပ်ကြောင်း ကတိပေးပြောကြားခဲ့သည်။ Telenor သည် မိုဘိုင်းဆင်းမ်ကတ်များ စတင်ရောင်းချသည့်အခါ 2G နှင့် 3G အမျိုးအစားနှစ်ခုကို ရောင်းချမည်ဖြစ်ပြီး အဆိုပါအမျိုးအစားနှစ်ခုအတွက် တွဲဖက်အသုံးပြုကြမည့် ဟန်းဆက် များကို လက်လှမ်းမီသည့် ဈေးနှုန်းဖြစ်ရန် ဆောင်ရွက်နေသည်ဟု သတင်းထုတ်ပြန်ခဲ့သည်။ ၎င်း၏ အဓိကပြိုင်ဘက် Ooredoo သည် 3G အမျိုးအစား ဆင်းမ်ကတ်တစ်ခုတည်းကိုသာ စတင်ရောင်းချ ခဲ့ခြင်း ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...