Window ဖုန်းအသုံးပြု သူများအတွက် အသံဖြင့် မက်ဆေ့ခ်ျပို့ပေးနိုင်မည့် Hold
& Talk နည်းပညာကို Viber ဗားရှင်း အသစ်ဖြစ်သော 4.2 တွင် ထည့်
သွင်းပေးလိုက်ပြီဖြစ်ကြောင်း သတင်းရရှိသည်။
‘‘Viber ရဲ့ နောက်ဆုံးပေါ် ဗားရှင်းအသစ်နဲ့အတူ ကျွန်တော် တို့ရဲ့
လူကြိုက်များတဲ့ လုပ်ဆောင်ချက်တွေထဲကတစ်ခုဖြစ်တဲ့ Hold & Talk ကို
Window ဖုန်းအသုံးပြုသူတွေအတွက် ယူဆောင်လာပါပြီ’’ဟု အမှုဆောင်အရာရှိချုပ်
Mr.Talmon Marcoက ပြောသည်။
အသံမက်ဆေ့ခ်ျများပေးပို့ ရာတွင် ခလုတ်ကိုဖိ၍ထားကာ
မိမိဆက်သွယ်ပေးပို့လိုသည့် စကားသံကို ပြောဆို ရမည်ဖြစ်ပြီး လက်ခံသူသည်
မိမိဘက်မှ ပေးပို့ နေချိန်တွင်ပင် စကားသံကို နား ထောင်နိုင်မည်ဖြစ်သည်။
Hold & Talk အသုံးပြုခြင်းဖြင့် သုံးစွဲသူအချင်းချင်းမြန်ဆန်စွာ
ဆက်သွယ်ပြောဆိုနိုင်မည်ဖြစ် သည်။ မြန်မာနိုင်ငံ၌ Viber အသုံး
ပြုသူဦးရေမှာ ၂၀၁၃ ခုနှစ် ဒီဇင် ဘာ၌ သုံးသိန်းကျော်သာရှိခဲ့ရာမှ ၂၀၁၄
ခုနှစ် ဇူလိုင်တွင် အသုံးပြု သူ ငါးသန်းအထိတိုးတက်ခဲ့သည့် အတွက်
ယခုနှစ်တွင် အသုံးပြုသူ ၄ ဒသမ ၆ သန်းအထိ တိုးတက် လာခြင်းဖြစ်ကြောင်း Viber
မှ ထုတ်ပြန်သော စာရင်းများတွင် ဖော်ပြ ထားသည်။
ယခုအချိန်တွင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှ Viber သုံးစွဲသူသန်း
လေးရာကျော်ရှိနေပြီဖြစ်ကာ တစ်ကမ္ဘာလုံး တွင် တရားဝင်စာရင်းသွင်းထားသူဦးရေ
၆၀၈ သန်းကျော်သွားပြီဖြစ်သည်။
0 comments:
Post a Comment