Pages

Saturday, August 2, 2014

Bleep chat app ကို BitTorrent မိတ်ဆက်


Metadata နှင့် message များကို မြင်တွေ့နိုင်ခြင်း မရှိသော Bleep ဟုခေါ်သည့် messaging app သစ်တစ်မျိုးကို BitTorrent မှ မိတ်ဆက်ပေးခဲ့သည်။

အဆိုပါ chat application သည် encrypt ပြုလုပ်ထားသည့် instat message ကို လျှို့ဝှက်ထားလိုသူများအတွက် အသုံးတည့်စေမည်ဟု BitTorrent က ပြောကြားခဲ့သည်။ Windows 7 နှင့် Windows 8 သုံးစွဲသူများသည်အဆိုပါ Bleep pre-alpha ကို အသုံးပြုရန်အတွက် မှတ်ပုံတင်ထားနိုင်ပြီ ဖြစ်သည်။

BitTorrent ၏ အဆိုအရ Bleep သည် လူတန်းစား လေးရပ်အတွက် အလွန်အသုံးဝင်စေမည်ဟု သိရသည်။ Bleep chat app ကို အပြန်အလှန် စကားပြောကြားမှုများအား သိုသိုသိပ်သိပ် ပြုလုပ်လိုသည့် သူငယ်ချင်းများ၊ သတင်းရင်းမြစ်များနှင့် စကားပြောကြားမှုများကို ကာကွယ်ထားလိုသည့် သတင်းထောက်များ၊ သံတမန်များအကြား သိုသိုသိပ်သိပ်ပြုလုပ်လိုသည့် တရားဝင် သတင်းထုတ်ပြန် ကြေညာချက်များနှင့် သတင်းပေါက်ကြားမှုများ မဖြစ်စေလိုသည့် စီးပွားရေးလုပ်ငန်းများ၌ အလွန်အသုံးတည့်စေမည်ဟု Bleep ထုတ်ကုန်မန်နေဂျာ ဂျေဟီလီက ပြောကြားခဲ့သည်။

ထို့အပြင် BitTorrent ၏ ဆက်သွယ်ရေးဒါရိုက်တာ ခရစ္စတီယန် အေဗာအီလ်က ကုမ္ပဏီအနေဖြင့် Bleep တည်ဆောက်ရေးအတွက်သာ အာရုံစိုက်နေပြီး လတ်တလောတွင် ငွေရှာရန် အစီအစဉ်မရှိကြောင်း ဆိုခဲ့သည်။

Bleep ကို လက်ရှိတွင် Windows အတွက်သာ ဖြန့်ချိထားပြီး စိတ်ဝင်စားသူများ အနေဖြင့် invitation request ပြုလုပ်ကာ အသုံးပြုနိုင်ကြောင်း သိရသည်။ Android နှင့် Mac OS X အတွက် အထောက်အပံ့ကို လအနည်းငယ်အတွင်း ထွက်ရှိမည့် alpha ဗားရှင်းဖြန့်ချိချိန်မှသာ အသုံးပြုနိုင်မည်ဟု BitTorrent မှ ပြောကြားခဲ့သည်။

Ref: CNET
 
 Internet Journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...