iOS 8 မှ iOS 8.1 အထိ Jailbreak လုပ်နည်းကိုတင်ဆက်ပေးလိုက်ပါတယ်။ iOS 8 မှ iOS 8.1 အထိ Jailbreak ပြုလုပ်နိုင်မယ့် Device တွေကတော့အောက်ပါအတိုင်းပါ။
iPhone 6
iPhone 6 Plus
iPhone 5s
iPhone 5c
iPhone 5
iPhone 4s
iPad (2, 3, 4, Air, Air 2, mini 1, mini 2, mini 3)
iPod touch 5
Jailbreak လုပ်လို့ရနိုင်မယ့် Firmware Version တွေကတော့ အောက်ပါအတိုင်းပါ။
8.0
8.0.1
8.0.2
8.1
iOS 8 ကို Jailbreak လုပ်လို့ရပေမယ့် Jailbreak လုပ်ပြီးကာစမှာအရင်တုန်းကလိုတော့ Cydia က Built in မပါသေးပါဘူး ။ ကိုယ့်ဘာသာ Cydia ကို Manually ထပ်သွင်းရပါတယ်။ ဒါပေမယ့် အခု Jailbreak လုပ်တဲ့ Tool ရော Jailbreak လုပ်ပြီးရင် Cydia ကို One Click နဲ့သွင်းနိုင်မယ့် ခလုတ်ပါ ပါဝင်တဲ့ Installer ကို ရုရှားဖိုရမ်တစ်ခုကနေတွေ့လို့ပြန်လည်မျှဝေလိုက်ပါတယ်။ ဒီ Installer လေးမှာ PanGu iOS 8 v1.0.1 ရော ၊ Jailbreak လုပ်ပြီးရင် Cydia ကိုဆက်လက်သွင်းနိုင်မယ့် ခလုတ်ပါထည့်ပေးထားပါတယ်။
ကဲ iOS 8-8.0.1 ကို Jailbreak လုပ်နည်း ၊ Cydia ကို One Click သွင်းနည်းကိုလေ့လာကြည့်ရအောင်။
Jailbreak ရော Cydia One Click Installer ရောပါလို့ ဆောင်ထားသင့်တဲ့ Tool လေးတစ်ခုပါပဲ...
အောက်က လင့်ကနေ ဒေါင်းလိုက်ပါ...။
https://mega.co.nz/#%21psZECZ6Z%21YCoenVnrjS6gcUSJVf75NzAlIt01128krp3mesOPauU
Jailbreak လုပ်ရန် အပေါ်မှာ Download ရယူခဲ့တဲ့ Installer ကိုဖွင့်ပါ။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjm6AQhyphenhyphen7CLtLfE93d736gphjAbjL6Lo8zjpAFixzlFwTxgzn1sXr-jLqxyY7CPfYWumKWuIOVzltLx6kx7j78Ptbho7RPOT3Fhi34nVBrCN-rDO2HTExQdppqIDDvMsKUqgIEWmQtlHOt7/s1600/1.png)
Jailbreak မလုပ်ခင် ဖုန်းမှာ Passcode ကို off ထားဖို့ လိုပါမယ်။ Setting >> iCloud ထဲက Find My iPhone ကို off ထားဖို့ လိုပါမယ်။ ပြီးရင်တော့ ဖုန်းနဲ့ ကွန်ပျူတာ နဲ့ ချိတ်ပြီး အခုပေးထားတဲ့ Installer ထဲက ပထမခလုတ်ကို နှိပ်ပြီး Pangu iOS 8 Jailbreak Tool ကိုဖွင့်ပါ.။
ပြီးရင် အပြာရောင် ခလုတ်လေးကို နှိပ်ပြီး Jailbreak လုပ်ပါ။
ဖုန်းကို Jailbreak လုပ်ပြီးတာနဲ့ ဖုန်းထဲမှာ Pangu App လေးရောက်နေပါလိမ့်မယ်။
ယင်း Pangu App ထဲကိုဝင်ပါ။ OpenSSH ဆိုတာကိုနှိပ်ပါ။
OpenSSH ကိုသွင်းပြီးရင် ခုနက Installer ထဲက ဒုတိယခလုတ် "Run Install Cydia" ကိုနှိပ်ပေးလိုက်ရုံပါပဲ။ အောက်ပုံထဲကအတိုင်း သူ့ ဘာသာသူအလုပ်လုပ်နေပါလိမ့်မယ်။
ပီးရင် မိမိတို့ ရဲ့  iPhone/iPad/iPod Touch ကို reboot ချပြီး ပြန်တက်လာရင် Cydia ကိုသွင်းပြီးဖြစ်ပါလိမ့်မယ်။ ဂုဏ်ယူပါတယ်။ သင့်ရဲ့  iOS8 တင်ထားတဲ့ iDevice ကို အောင်မြင်စွာနဲ့  Jailbreak လုပ်ပြီးပါပြီ။
Credit - Myanmar Mobile App
Ref : http://ukrainianiphone.com/forum/index.php?showtopic=39582
အားလုံးပဲအဆင်ပြေကြပါစေ..။
ကျနော်လဲ တတ်နိုင်သမျှတော့ file size အရမ်းမကြီးတာတွေကို ကိုယ်တိုင်တင်ပေးမှာပါခင်ဗျာ..။ ကွန်နက်ရှင် အခက်အခဲကြောင့် ကိုယ်တိုင်မတင်နိုင်ဘဲ သူများ ဆိုဒ်ကနေ ကူးယူဖော်ပြပေးတာကို နားလည်ပေးပါ လို့ မေတ္တာရပ်ခံအပ် ပါတယ်ခင်ဗျာ..။
S Blog :::......::: Welcome From De'Ja Vu' >>>>> Download Now
ReplyDelete>>>>> Download Full
S Blog :::......::: Welcome From De'Ja Vu' >>>>> Download LINK
>>>>> Download Now
S Blog :::......::: Welcome From De'Ja Vu' >>>>> Download Full
>>>>> Download LINK mr